582 Shares 334 Views


Jul 28, 2018
582 334




Ref : redmondpie

unicode

iPhone X ကို ကြော်ညာ ဗီဒီယိုသုံးခုဖြင့် ထပ်နှိပ်ကွပ်လိုက်ပြန်တဲ့ Samsung

Samsung က မကြာသေးခင်ကပဲ Apple အား ကြော်ညာ ဗီဒီယို သုံးခုနဲ့ နှိပ်ကွပ်လိုက်ပါတယ်။ အခုလည်း နောက်ထပ် ကြော်ညာ ဗီဒီယို သုံးခုဖြင့် iPhone X ရဲ့ Notch ၊ SD Card Slot မပါခြင်းနဲ့ Split-Screen Multitasking မပြုလုပ်နိုင်ခြင်းများကို လှောင်ပြောင်လိုက်ပါတယ်။

ဗီဒီယိုတစ်ခုမှာ ဈေးဝယ်သူတစ်ဦးက Samsung Phone မှာ ပါတဲ့ Split-Screen Multitasking လုပ်ဆောင်ချက်ဟာ အိုင်ဖုန်းမှာ မပါတာကို Apple ဝန်ထမ်းအား ပြောပြနေပါတယ်။ နောက်ဗီဒီယိုတစ်ခုမှာ iPhone X ရဲ့ microSD Card Slot မပါခြင်းကို နှိပ်ကွပ်ထားပါတယ်။ ဗီဒီယိုမှာ ဈေးဝယ်သူတစ်ဦးက iPhone မှာ microSD Card Slot မတွေ့ဘူးလို့ Apple ဝန်ထမ်းအား ပြောနေပါတယ်။ ဝန်ထမ်းက အိုင်ဖုန်းမှာ အဲဒါ မပါဘူးလို့ ပြောပါတယ်။ ဈေးဝယ်သူက Galaxy S9 မှာ ပါတယ်လို့ ပြောပြနေတာကို ပြသထားပါတယ်။

Apple က iPhone X မှာ စတင် ထည့်သွင်းပေးလိုက်တဲ့ Notch ကို Android Phone ထုတ်လုပ်သူများက တုပလုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် Samsung ကတော့ Notch ကို မကြိုက်ပါဘူး။ ဗီဒီယိုမှာ Samsung က Notch ရဲ့ အားနည်းချက်ကို လှောင်ပြောင်ထားပါတယ်။ ဗီဒီယိုမှာ ဈေးဝယ်သူတစ်ဦးက Apple ဝန်ထမ်းအား Notch ဟာ ရုပ်ရှင်ကြည့်တဲ့အခါမှာ စကရင်ကို ဖုံးကွယ်ထားတယ်လို့ ပြောပြနေတာကို ပြသထားပါတယ်။

Ref : redmondpie

You may be interested

Honor Magic 2 ရဲ့ Teaser Video ထွက်ပေါ်လာ
Android, Huawei, HUBS
0 shares0 views

Honor Magic 2 ရဲ့ Teaser Video ထွက်ပေါ်လာ

Ko Thuya - Oct 21, 2018

Honor Magic 2 ရဲ့ သတင်းအချက်အလက် အသေးစိတ်များ ပေါက်ကြားထွက်ပေါ်ခြင်း မရှိသေးသလို တရုတ်ဆက်သွယ်ရေး ကော်မရှင် (TENAA) ကိုလည်း သူ့ရဲ့ ဒေတာများ မရောက်ရှိသေးပါဘူး။ ဒါပေမယ့် Honor က ဖုန်းရဲ့ အကောင်းဆုံး စွမ်းရည်များကို အွန်လိုင်းမှာ မကြာခဏ…

Vivo V11 ရဲ့ 25MP AI Camera မှာပါတဲ့ အလန်းစား Feature များ
Android, FEATURES, Mobiles & Tablets
0 shares0 views

Vivo V11 ရဲ့ 25MP AI Camera မှာပါတဲ့ အလန်းစား Feature များ

Creepy Tyler - Oct 21, 2018

(Zawgyi) Vivo V11 က In-display Fingerprint နည်းပညာ ပါဝင်တဲ့ စမတ်ဖုန်းအဖြစ် ပြည်တွင်းကို တရားဝင် ဝင်ရောက်ခဲ့တဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ V11 မှာ In-display Fingerprint နည်းပညာအပြင် Dual-Engine Fast Charging,…

Asus ROG Phone ကို Pre Order ပြုလုပ်နိုင်ပြီ
Android, ASUS, HUBS
0 shares0 views

Asus ROG Phone ကို Pre Order ပြုလုပ်နိုင်ပြီ

Ko Thuya - Oct 21, 2018

Gaming Phone နယ်ပယ်မှာတော့ ပြိုင်ဆိုင်မှု ပြင်းထန်လာနေပါပြီ။ Razer က ပထမဆုံး Gaming Phone ကို မိတ်ဆက်ပြီးနောက်မှာ အခြား ကုမ္ပဏီများကလည်း အားကျမခံ သူတို့ ကိုယ်ပိုင် Gaming Phone များကို ပွဲထုတ်လာကြပါတယ်။ အဲဒီအထဲမှာ Asus…

Leave a Comment

Most from this category