iPhone “2G” (2007) ကနေ နောက်ဆုံးထုတ် iPhone X အထိ ကင်မရာတွေ ဘယ်လို အဆင့်ဆင့် တိုးတက်လာသလဲ ?

လွန်ခဲ့တဲ့ ၁၀ စုနှစ်က Apple CEO စတိဗ်ဂျော့ဘ်က “Jesus phone” ဆိုပြီး ပထမဆုံး iPhone ကို ထုတ်ဖော်ပြသလိုက်တဲ့ အချိန်ကစပြီး ကမ္ဘာကြီးက ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာ ခဲ့ပါပြီ။ iPhone မျိုးဆက်တွေရဲ့ အနည်းငယ်သော ကင်မရာ တိုးမြင့်လာမှုတွေ မြင်တွေ့ခဲ့ရပါပြီ။ သိုပေမယ့်အခုတော့ iPhone X ရဲ့ထုတ်ခဲ့သမျှဖုန်းတွေထက်သာတဲ့ ကင်မရာမြင်တင့်မှုနဲ့အတူ နှစ်ပေါင်းများစွာ အတွင်းပြောင်းလဲ လာတဲ့ ကင်မရာတပ်ဆင်မှုပုံစံဟာ အားလုံးအတွက်တော့ အံ့အားသင့်စရာပါ။ iPhone (2007) ကနေစလို့ iPhone 5C (2013) အထိ နောက်ကျောဘက်မှာ တပ်ဆင်ထားတဲ့ “iSight” ကင်မရာဟာ အမြဲတမ်း ဖုန်းကိုယ်ထည်နဲ့ တသားတည်းကျနေခဲ့ပါတယ်။ နောက်ပိုင်းဖုန်းတွေမှာတော့ ကင်မရာဟာ အပြင်ကိုထိုးထွက်လာခဲ့ပါတယ်။ iPhone 2G ကစလို့ ကင်မရာဆင့်ကဲတိုးတက်လာ မှုတွေကို DT ပရိတ်သတ်တွေ လေ့လာနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

iPhone “2G” (2007)

2007 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ iPhone မှာ 2-megapixel အရည်အသွေးရှိတဲ့ နောက်ကျောဘက်ကင်မရာရှိခဲ့ပါတယ်။ သို့ပေမယ့် 1600 x 1200 resolution နဲ့ဓါတ်ပုံက အဲ့ဒီအချိန်မှာတော့ အထင်ကြီးစရာကောင်းခဲ့ပါတယ်။

2-megapixel အရည်အသွေးရှိတဲ့ နောက်ကျောဘက်ကင်မရာသာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။

iPhone 4 (2010)

နောက်ကျောဘက်ကင်မရာဟာ 5-megapixels အထိတိုးမြင့်လာတဲ့ အပြင် LED flash ကိုလည်းထပ်ပေါင်းထည့်ပေးလိုက်ပါတယ်။ ဗီဒီယိုရုပ်သံ ဖမ်းယူမှုမှာလည်း HD (720p) အရည်အသွေးအထိ တိုးတက်လာခဲ့ပါတယ်။ သိသာတဲ့ ပြောင်းလဲမှုတွေနဲ့အတူ selfies ကင်မရာနဲ့ FaceTime video ခေါ်ဆိုမှုတွေ ပြုလုပ်လာနိုင်ပါပြီ။ အရှေ့ဘက်ကင်မရာဟာ 0.3-megapixels အရည်အသွေးသာ ပါဝင်သေးပေမယ့် VGA အရည်အသွေးကို 30 fps နှုန်းနဲ့ ဖမ်းယူနို်င်နေပါပြီ။

4S ဟာကင်မရာ resolution ပိုင်းမှာလည်း 8-megapixels တိုးတက်လာခဲ့ပါတယ်။ ဖုန်းရဲ့နောက်ကျောဘက် ကင်မရာဟာ အဲ့ဒီအချိန်မှာတော့ point-and-shoots ကင်မရာတွေကို အစားထိုးနိုင်လောက်အောင်အထိ ကောင်းမွန်ခဲ့ပါတယ်။ Apple ရဲ့ပထမဆုံး image signal ထည့်သွင်းထားတဲ့ A5 chip နဲ့သုံးနိုင်ပါပြီ။ အရောင်တိကျမှန်ကန်မှု နဲ့ ဓာတ်ပုံှရှင်းလင်းပြတ်သားမှု အပိုင်းမှာ iPhone 4 ရဲ့ကင်မရာထက် ၃၀ ရာခိုင်နှုန်း ပိုအဆင့်မြင့်လာပါတယ်။

5 ရဲ့နောက်ကျောဘက်ကင်မရာပိုင်းမှာ ယခင်မျိုးဆက်အတိုင်း မပြောင်းလဲဘူးလို့ ထင်ရပေမယ့် ကင်မရာဆင်ဆာ အပိုင်းနဲ့ အလင်းရောင်အားနည်းတဲ့အချိန် ပုံရိုက်ကူးမှုတွေမှာ ပိုမိုတိုးတက်လာခဲ့ပါတယ်။ ဒုတိယမျိုးဆက် VGA အရည်အသွေး selfie ကင်မရာတပ်ဆင်ပေးထားပြီး iPhone 5 မှာသုံးစွဲသူတွေ Selfie ကိုအကောင်းဆုံး ရိုက်ကူးနိုင်ဖို့ 1.2 megapixels အထိတိုးမြင့်ပေးလိုက်ပါတယ်ရှေ့ကင်မရာအတွက် မှတ်တမ်းတင်နိုင်စွမ်းကို HD 720p အထိရရှိအောင် ပြုလုပ်ပေးလိုက်ပါတယ်။

iPhone 5S (2013)

iPhone 5S မှာ 8 megapixels ကင်မရာသာ ထပ်မံပါဝင်လာခဲ့ပါတယ်။ သို့ပေမယ့် အလင်းဝင်ပေါက်ကိုတော့ f/2.2 ကနေ f/2.4 အထိတိုးမြင့်လိုက်ပါတယ်။ flash ကိုအဆင့်တိုးမြင့်မှု ပြုလုပ်လိုက်ပြီး single LED ကနေ dual LED ဖြစ်လာပြီး စစ်မှန်တဲ့ “True Tone” ဖြစ်လာခဲ့ပါတယ်။ iPhone 5S ဟာအခြား ဖုန်းတွေထက်စာရင် slow-motion video တွေကို 120 fps နဲ့ 10 fps အဆင့်အဆင့်ရိုက်ကူးနိုင်တဲ့ ပထမဆုံး ဖုန်းကင်မရာ ဖြစ်လာပါတယ်။

iPhone 5 နဲ့တူညီတဲ့ ကင်မရာမှန်ဘီလူး တပ်ဆင်လာခဲ့ပါတယ်။ သို့ပေမယ့် နောက်ကျောဘက်မှာ ဖုထစ်မနေပါဘူး။

ယခင်မျိုးဆက်အတိုင်း 8 megapixels ကင်မရာနဲ့ five-element lens အားသာချက်တွေ ရှိနေပါတယ်။ Video မှတ်တမ်းတင်မှု အပိုင်းမှာရှိနေတဲ့ 30 fps နဲ့တွဲပြီး 60 fps ကိုပါထပ် ထည့်ပေးလိုက်ပါတယ်။ slow-motion video တွေကိုတော့ 120 fps ကနေ240 fps သို့ ၂ ဆတိုးပေးလိုက်ပါတယ်။

iPhone 6 Plus (2014)

iPhone 6 နဲ့တူညီတဲ့ ကင်မရာမျိုးဖြစ်ပေမယ့် သူ့မှာ ပြောင်းလဲမှုအဖြစ် optical image stabilization (OIS) ကိုထည့်သွင်း ပေးထားပါတယ်။ OIS ဟာဓာတ်ပုံနဲ့ Video တွေရိုက်တဲ့အချိန် လက်မငြိမ်မှုကြောင့် ဖြစ်လာတဲ့ မှုန်ဝါးမှုတွေကို လျော့ချပေး ပါတယ်။

နောက်ဆုံံးမှာတော့ Apple ဟာ12 megapixels ကင်မရာအထိ တိုးမြင့်ပေးလိုက်ပါတယ်။ iPhone 6S ကင်မရာဟာ 4K video ဖမ်းယူမှုကို ထပ်ပေါင်းထည့်ပေးတဲ့အပြင်၊ panorama ဓာတ်ပုံတွေအတွက် resolutions ကို 43-megapixels ကနေ 63 megapixels ထိရရှိခဲ့ပါတယ်။ Live Photos တွေတိုက်ရိုက်ရရှိနိုင်ပါတယ်။ Selfies ကင်မရာကိုတော့ ယခင် 1.2 megapixels ကနေ 5 megapixels အထိရောက်ရှိလာပါတယ်။ Retina flash ကိုစတင် သုံးလာပါတယ်။

6S Plus(2015)

iPhone 6S နဲ့တူညီတဲ့ ကင်မရာလုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။ သူ့မှာပိုသာသွားတာဆိုလို့ optical image stabilization လေးပဲထည့်ထားတာပါ။

နောက်ကျောဘက်ကင်မရာဟာ iPhone 6S လို 12-megapixels နဲ့ဖြစ်ပြီး၊ အရှေ့ကင်မရာကတော့ 5S လို 1.2 megapixel နဲ့ဖြစ်ပါတယ်။

Apple ဟာ low-light စွမ်းဆောင်ရည်အတွက် aperture ကို f/1.8 အထိမြင့်တင်လိုက်ပါတယ်။ 4.7-inch မော်ဒယ်မှာ ပထမဆုံးအနေနဲ့ optical image stabilization ပါဝင်လာတယ်။ selfie ကင်မရာရဲ့ resolutionကလည်း 7 megapixels တိုးမြင့်လာပါတယ်။

ဒုတိယကင်မရာမှာ 2x telephoto” lens ပါဝင်လာပြီး ပုံရိပ်တွေပိုမိုအသေးစိတ်လာပါတယ်။ ပရောဖက်ရှင်နယ် အရည်အသွေး Portrait mode ကိုသုံးပြီး နောက်ခံဝါးတဲ့ ပုံတွေရိုက်ယူလာနိုင်ပါတယ်။

12-megapixel sensor နဲ့အတူ f/1.8 aperture ထည့်သွင်းလာပါတယ်။ အလင်းရောင်တွေကို ပိုမိုထိန်းညှိလာနိုင်တဲ့ Flash တပ်ဆင်ပေးထားပါတယ်။ Video မှတ်တမ်းရိုက်ကူးမှုတွေ ပိုပြည့်စုံလာပါတယ်။ HDR ရိုက်ကူးမှုအတွက် သီးသန့်ပြင်ဆင်သတ်မှတ်နိုင်ပါတယ်။ Plus ဗားရှင်းမှာတော့ ကင်မရာပိုင်းသိပ်ပြောင်းလဲခြင်း မရှိပါဘူး။ 2x lens ထည့်သွင်းပေးထားပါတယ်။

iPhone X (2017)

Telephoto နဲ့ Wide Lens ၂ ခုစလုံးမှာ Optical Image Stabilization ထည့်သွင်းပေးထားပါတယ်။ iPhone X ရဲ့ Sensors များဟာ ပိုမိုကြီးမားပြီး မြန်ဆန်လာပြီး Deep Pixels များကို ဖမ်းယူပေးနိုင်ပါတယ်။ Selfie Camera ကလည်း True Depth camera system ထောက်ပံ့တဲ့ FaceID စနစ်ရဲ့အသေးစိတ် သတင်းအချက်အလက်များကြောင့် Portrait Lighting အပါအဝင် Portrait Mode ကို ထောက်ပံ့လာပါတယ်။

Source: mashable

unicode

iPhone “2G” (2007) ကနေ နောက်ဆုံးထုတ် iPhone X အထိ ကင်မရာတွေ ဘယ်လို အဆင့်ဆင့် တိုးတက်လာသလဲ

%d bloggers like this: