110 Shares 74 Views

Meizu 16 နဲ႔ 16 Plus ကို ဇူလိုင္လ ၃၀ ရက္ေန႔မွာ မိတ္ဆက္ဖို႔ ဖိတ္စာမ်ား ေ၀ငွ

Jul 27, 2018
110 74

မီဇူးက သူ႔ရဲ႕ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းမ်ားကို ၾသဂုတ္လ ၈ ရက္ေန႔မွာ ေၾကညာမယ္လို႔ သတင္းမ်ား ထြက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ မီဇူးက ဇူလိုင္လ ၃၀ ရက္ေန႔မွာ အဲဒီ ဖုန္းမ်ားကို မိတ္ဆက္မွာပါ။ မီဇူးက တရုတ္ မီဒီယာမ်ားထံ ဖိတ္စာမ်ားကို ေ၀ငွလိုက္ပါတယ္။ အဲဒီပြဲမွာ Meizu 16 နဲ႔ Meizu 16 Plus တို႔ကို ေၾကညာမွာ ျဖစ္ပါတယ္။

သူတို႔ရဲ႕ သတင္းအခ်က္အလက္မ်ားဟာလည္း ေပါက္ၾကားထြက္ေပၚေနပါတယ္။ Meizu 16 မွာ Notch-Less Full-Screen Display နဲ႔ျဖစ္ၿပီး ေဘးေဘာင္ေတြက မပါေတာ့သေလာက္ က်ဥ္းေျမာင္းသြားမွာပါ။ Samsung ရဲ႕ Galaxy S9 နဲ႔ဆင္တူၿပီး သူ႕မွာပါဝါစြမ္းအားအတြက္ Snapdragon 845 chipset ကိုသုံးလာမွာျဖစ္ပါတယ္။ 6GB RAM နဲ႔ထြက္လာဖုိ႔ မ်ားပါတယ္။ In-Display Fingerprint Scanner နဲ႔ Wireless Charging အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ေပးထားမွာပါ။

စမတ္ဖုန္းသစ္နဲ႔ပတ္သတ္ၿပီး အေစာပိုင္းထြက္ထားတဲ့ အခ်က္အလက္မွာေတာ့ Meizu 16 မွာလုပ္ေဆာင္ခ်က္ ၃ ခုပါဝင္လာႏုိင္ၿပီး Mback ၊ Android Navigation Bar နဲ႔ Gesture Navigation တို႔ပဲျဖစ္ပါတယ္။ ဖုန္းအသစ္ကို သုံးစြဲသူေတြအေနနဲ႔ Homepage ကိုျပန္သြားဖို႔အတြက္ နည္းလမ္း၃ခုထဲက ႀကိဳက္ရာကို ေရြးခ်ယ္ထားႏုိင္မွာ ျဖစ္ပါတယ္။

စမတ္ဖုန္း ၂ မ်ိဳးလုံးမွာ Snapdragon 845 Octa core နဲ႔ RAM 8GB(သို႔)6GBRAM ကိုသာ သုံးထားမွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြဖတ္စနစ္လည္း ပါဝင္လာပါလိမ့္မယ္။ Snapdragon 845, Under display fingerprint scanner နဲ႔ RAM 8GB ဆိုတာ Meizu ဖုန္းေတြထဲမွာ ပထမဆုံးအေနနဲ႔ သုံးလာတာပဲ ျဖစ္ပါတယ္။ Meizu အေနနဲ႔ Mid-Range စမတ္ဖုန္း Meizu X8 ကိုမိတ္ဆက္သြားဖို႔ရွိေနၿပီး Snapdragon 710 ပရိုဆက္ဆာသုံးထားမွာ ျဖစ္ပါတယ္။ MI8 SE ဖုန္းထက္ အခ်က္အလက္ပိုင္းပိုျမင့္ႏုိင္ၿပီး ေစ်းႏႈန္းကေတာ့ ယြမ္ 2,000 (ေဒၚလာ 333) ဝန္းက်င္ေလာက္နဲ႔ ထြက္လာႏုိင္ပါတယ္။

Ref : gsmarena

unicode

Meizu 16 နဲ့ 16 Plus မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ

မီဇူးက သူ့ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို သြဂုတ်လ ၈ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းများ ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မီဇူးက ဇူလိုင်လ ၃၀ ရက်နေ့မှာ အဲဒီ ဖုန်းများကို မိတ်ဆက်မှာပါ။ မီဇူးက တရုတ် မီဒီယာများထံ ဖိတ်စာများကို ဝေငှလိုက်ပါတယ်။ အဲဒီပွဲမှာ Meizu 16 နဲ့ Meizu 16 Plus တို့ကို ကြေညာမှာ ဖြစ်ပါတယ်။

သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ Meizu 16 မှာ Notch-Less Full-Screen Display နဲ့ဖြစ်ပြီး ဘေးဘောင်တွေက မပါတော့သလောက် ကျဉ်းမြောင်းသွားမှာပါ။ Samsung ရဲ့ Galaxy S9 နဲ့ဆင်တူပြီး သူ့မှာပါဝါစွမ်းအားအတွက် Snapdragon 845 chipset ကိုသုံးလာမှာဖြစ်ပါတယ်။ 6GB RAM နဲ့ထွက်လာဖို့ များပါတယ်။ In-Display Fingerprint Scanner နဲ့ Wireless Charging အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားမှာပါ။

စမတ်ဖုန်းသစ်နဲ့ပတ်သတ်ပြီး အစောပိုင်းထွက်ထားတဲ့ အချက်အလက်မှာတော့ Meizu 16 မှာလုပ်ဆောင်ချက် ၃ ခုပါဝင်လာနိုင်ပြီး Mback ၊ Android Navigation Bar နဲ့ Gesture Navigation တို့ပဲဖြစ်ပါတယ်။ ဖုန်းအသစ်ကို သုံးစွဲသူတွေအနေနဲ့ Homepage ကိုပြန်သွားဖို့အတွက် နည်းလမ်း၃ခုထဲက ကြိုက်ရာကို ရွေးချယ်ထားနိုင်မှာ ဖြစ်ပါတယ်။

စမတ်ဖုန်း ၂ မျိုးလုံးမှာ Snapdragon 845 Octa core နဲ့ RAM 8GB(သို့)6GBRAM ကိုသာ သုံးထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေဖတ်စနစ်လည်း ပါဝင်လာပါလိမ့်မယ်။ Snapdragon 845, Under display fingerprint scanner နဲ့ RAM 8GB ဆိုတာ Meizu ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ သုံးလာတာပဲ ဖြစ်ပါတယ်။ Meizu အနေနဲ့ Mid-Range စမတ်ဖုန်း Meizu X8 ကိုမိတ်ဆက်သွားဖို့ရှိနေပြီး Snapdragon 710 ပရိုဆက်ဆာသုံးထားမှာ ဖြစ်ပါတယ်။ MI8 SE ဖုန်းထက် အချက်အလက်ပိုင်းပိုမြင့်နိုင်ပြီး ဈေးနှုန်းကတော့ ယွမ် 2,000 (ဒေါ်လာ 333) ဝန်းကျင်လောက်နဲ့ ထွက်လာနိုင်ပါတယ်။

Ref : gsmarena

You may be interested

ျမန္မာႏိုင္ငံကို သြားလည္ၾကည့္ဖို႕ တိုက္တြန္းတဲ့ Twitter CEO ေဝဖန္ခံရ
NEWS
770 shares256 views

ျမန္မာႏိုင္ငံကို သြားလည္ၾကည့္ဖို႕ တိုက္တြန္းတဲ့ Twitter CEO ေဝဖန္ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ ျမန္မာႏိုင္ငံအေၾကာင္း ခ်ီးက်ဴးေျပာဆိုမွဳေၾကာင့္ ေဝဖန္ခံေနရပါတယ္။ လူ႕အခြင့္အေရးခ်ိဳးေဖာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ ထြက္ေနတဲ့ ျမန္မာႏိုင္ငံကို လည္ပတ္ဖို႕ အေကာင္းဆုံးေနရာတခု ျဖစ္ေၾကာင္း Jack Dorsey က တနဂၤေႏြေန႕မွာ ေရးသားခဲ့အျပီးမွာ ေဝဖန္ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထြက္ရွိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထြက္ရွိ

Ko Thuya - Dec 10, 2018

ZTE က မၾကာခင္ကပဲ မ်က္ႏွာျပင္ ႏွစ္ခု ပါတဲ့ Nubia X ကို ေၾကညာခဲ့ပါတယ္။ သူ႕အတြက္ 64 or 256GB မ်ား ထုတ္လုပ္ေပးထားပါတယ္။ အခုေတာ့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင္းေရာင္ကို သဘာ၀က်က် အလွပဆံုး ဖမ္းယူႏုိင္တဲ့ ၈၉၉,၉၀၀ က်ပ္တန္ OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင္းေရာင္ကို သဘာ၀က်က် အလွပဆံုး ဖမ္းယူႏုိင္တဲ့ ၈၉၉,၉၀၀ က်ပ္တန္ OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ေခါင္းစဥ္နဲ႔အတူ မိတ္ဆက္ေပးလာတဲ့ high-end R series အသစ္ OPPO R17 Pro ကိုေတာ့ (၈၉၉,၉၀၀) က်ပ္ျဖင့္ ဒီဇင္ဘာ (၁၀) ရက္ေန႕ ကစၿပီး…

Leave a Comment

Most from this category