588 Shares 167 Views

၂၀၁၈ ထုတ္ iPhone မ်ားဟာ Android Phone မ်ားထက္ အင္တာနက္ အျမန္ႏႈန္း ေႏွးမည္

Jul 27, 2018
588 167

စမတ္ဖုန္းမ်ားအတြက္ 4G Chips မ်ားကို အဓိက ထုတ္လုပ္ေပးေနတဲ့ Qualcomm က ေနာက္ထုတ္မယ့္ အိုင္ဖုန္းမ်ားအတြက္ Chips မ်ားကို ေရာင္းမွာ မဟုတ္ဘူးလို႔ ဗုဒၶဟူးေန႔က ေၾကညာခဲ့ပါတယ္။ Apple နဲ႔ Qualcomm တို႔ဟာ ၂၀၁၇ ခုႏွစ္ကစၿပီး မူပိုင္ခြင့္ နဲ႔ ပတ္သက္ၿပီး တရားရင္ဆိုင္မႈမ်ား ရွိခဲ့ပါတယ္။ အရင္ကေတာ့ Qualcomm ဟာ အိုင္ဖုန္းအားလံုးအတြက္ Chips မ်ားကို ေထာက္ပံ့ေပးခဲ့ပါတယ္။ အခုေတာ့ Apple ဟာ သူ႔ရဲ႕ အိုင္ဖုန္းမ်ားရဲ႕ ထက္၀က္ခန္႔မွာ Intel ရဲ႕ 4G Chips မ်ားကို သံုးခဲ့ပါတယ္။ အထူးသျဖင့္ အေမရိကန္မွ AT&T နဲ႔ T-Mobile တို႔ကေန ေရာင္းတဲ့ အိုင္ဖုန္းမ်ားမွာပါ။

စမ္းသပ္ခ်က္မ်ားအရ Qualcomm Chip ထည့္ထားတဲ့ စမတ္ဖုန္းမ်ားဟာ Intel Chip ထည့္ထားတဲ့ ဖုန္းမ်ားထက္ အင္တာနက္ ပိုျမန္ပါတယ္။ Shrout Research မွ ကြ်မ္းက်င္သူ Ryan Shrout က ႏွစ္မ်ားစြာၾကာ Qualcomm ဟာ အေကာင္းဆံုး 4G, 5G Modem မ်ားကို ထုတ္လုပ္ေနတာပါလို႔ ေျပာပါတယ္။

Speedtest App ကို ဖန္တီးထားသူ Ookla က Qualcomm Modems ထည့္ထားတဲ့ Android Phone မ်ားဟာ Intel Modems ပါတဲ့ iPhone မ်ားထက္ တူညီတဲ့ ကြန္ယက္တစ္ခုထဲမွာ အင္တာနက္ ပိုျမန္တယ္လို႔ ယခုတစ္ပတ္အေစာပိုင္းက ေျပာပါတယ္။ ဥပမာအားျဖင့္ T-Mobile ကြန္ယက္မွာ Snapdragon 845 ပါတဲ့ Android Phone ဟာ Intel XMM 7480 Chip ပါတဲ့ ဖုန္းထက္ ၅၃ ရာခုိင္ႏႈန္း ပိုျမန္ပါတယ္။ Intel XMM 7360 Modem ပါတဲ့ ဖုန္းထက္ ၆၈ ရာခုိင္ႏႈန္းေတာင္ ပိုျမန္ပါတယ္။

Ref : cnet

unicode

၂၀၁၈ ထုတ် iPhone များဟာ Android Phone များထက် အင်တာနက် အမြန်နှုန်း နှေးမည်

စမတ်ဖုန်းများအတွက် 4G Chips များကို အဓိက ထုတ်လုပ်ပေးနေတဲ့ Qualcomm က နောက်ထုတ်မယ့် အိုင်ဖုန်းများအတွက် Chips များကို ရောင်းမှာ မဟုတ်ဘူးလို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ Apple နဲ့ Qualcomm တို့ဟာ ၂၀၁၇ ခုနှစ်ကစပြီး မူပိုင်ခွင့် နဲ့ ပတ်သက်ပြီး တရားရင်ဆိုင်မှုများ ရှိခဲ့ပါတယ်။ အရင်ကတော့ Qualcomm ဟာ အိုင်ဖုန်းအားလုံးအတွက် Chips များကို ထောက်ပံ့ပေးခဲ့ပါတယ်။ အခုတော့ Apple ဟာ သူ့ရဲ့ အိုင်ဖုန်းများရဲ့ ထက်ဝက်ခန့်မှာ Intel ရဲ့ 4G Chips များကို သုံးခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်မှ AT&T နဲ့ T-Mobile တို့ကနေ ရောင်းတဲ့ အိုင်ဖုန်းများမှာပါ။

စမ်းသပ်ချက်များအရ Qualcomm Chip ထည့်ထားတဲ့ စမတ်ဖုန်းများဟာ Intel Chip ထည့်ထားတဲ့ ဖုန်းများထက် အင်တာနက် ပိုမြန်ပါတယ်။ Shrout Research မှ ကျွမ်းကျင်သူ Ryan Shrout က နှစ်များစွာကြာ Qualcomm ဟာ အကောင်းဆုံး 4G, 5G Modem များကို ထုတ်လုပ်နေတာပါလို့ ပြောပါတယ်။

Speedtest App ကို ဖန်တီးထားသူ Ookla က Qualcomm Modems ထည့်ထားတဲ့ Android Phone များဟာ Intel Modems ပါတဲ့ iPhone များထက် တူညီတဲ့ ကွန်ယက်တစ်ခုထဲမှာ အင်တာနက် ပိုမြန်တယ်လို့ ယခုတစ်ပတ်အစောပိုင်းက ပြောပါတယ်။ ဥပမာအားဖြင့် T-Mobile ကွန်ယက်မှာ Snapdragon 845 ပါတဲ့ Android Phone ဟာ Intel XMM 7480 Chip ပါတဲ့ ဖုန်းထက် ၅၃ ရာခိုင်နှုန်း ပိုမြန်ပါတယ်။ Intel XMM 7360 Modem ပါတဲ့ ဖုန်းထက် ၆၈ ရာခိုင်နှုန်းတောင် ပိုမြန်ပါတယ်။

Ref : cnet

You may be interested

Facebook ရဲ႕ ရံုးခ်ဳပ္မွာ ဗံုးလန္႔မႈ ျဖစ္ပြား
Facebook, HUBS, NEWS
0 shares0 views

Facebook ရဲ႕ ရံုးခ်ဳပ္မွာ ဗံုးလန္႔မႈ ျဖစ္ပြား

Ko Thuya - Dec 12, 2018

ကယ္လီဖိုးနီးယားမွ Menlo Park မွ Facebook ရဲ႕ ရံုးခ်ဳပ္မွ အေဆာက္အဦး အနည္းငယ္မွာ ၿပီးခဲ့တဲ့ နာရီပိုင္းအတြင္းက ဗံုးလန္႔မႈ ျဖစ္ပြားခဲ့ပါတယ္။ Menlo Park မွ အာဏာပိုင္မ်ားက ေဒသစံေတာ္ခ်ိန္ ၅ နာရီမွာ သတိေပးခ်က္ ထုတ္ျပန္ခဲ့ၿပီး အဲဒီ…

မ်က္ႏွာျပင္ ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ေၾကညာၿပီ
Android, HUBS, Mobiles & Tablets
184 shares33 views

မ်က္ႏွာျပင္ ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ေၾကညာၿပီ

Ko Thuya - Dec 12, 2018

Vivo က NEX Dual Display Edition ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ ထူးျခားခ်က္က အေရွ႕နဲ႕ အေနာက္မွာ မ်က္ႏွာျပင္တစ္ခုစီ ထည့္သြင္းထားပါတယ္။ အေရွ႕ဘက္မွ မ်က္ႏွာျပင္ဟာ ေဘာင္ေပ်ာက္ ဒီဇိုင္းျဖစ္ၿပီး ၆.၃၉ လက္မ ျဖစ္ပါတယ္။ သူဟာ Super…

Vivo V11 ရဲ႕ Supernova Red ကို ေၾကညာၿပီ
Android, HUBS, Mobiles & Tablets
154 shares36 views

Vivo V11 ရဲ႕ Supernova Red ကို ေၾကညာၿပီ

Ko Thuya - Dec 11, 2018

လြန္ခဲ့တဲ့ ၂ ပတ္ေလာက္က Vivo V11 ရဲ႕ အနီေရာင္ေမာ္ဒယ္ကို ေရာင္းခ်မယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ အခုေတာ့ Supernova Red ကို Amazon India မွာ ေရာင္းခ်ေပးလိုက္ပါတယ္။ တရုတ္မွာေတာ့ Vivo V11 Pro အမည္ျဖင့္ ေရာင္းခ်တာ…

Leave a Comment

Most from this category