531 Shares 242 Views

Samsung က လုံးဝ မကွဲအက်တဲ့ OLED Display ကို ပြသ

Jul 27, 2018
531 242





Ref : techradar

unicode

Samsung က လုံးဝ မကှဲအကျတဲ့ OLED Display ကို ပွသ

စမတ်ဖုန်းများ မတော်တဆ လွတ်ကျလို့ စကရင် ကွဲအက်မှုများဟာ အဖြစ်များးကြပါတယ်။ အခုတော့ ဆမ်ဆောင်းက လုံး၀ မကွဲအက်တဲ့ OLED Smartphone Screen ကို ကြေညာလိုက်ပါတယ်။ သူဟာ ကွေးညွှတ်ပျော့ပြောင်းတဲ့ စွမ်းရည် ရှိပါတယ်။ အဲဒီ စကရင်များရဲ့ မာကျောမှုကို စစ်တပ်စံနှုန်း အဆင့်ဖြင့် စမ်းသပ်ပြီး ဖြစ်ပါတယ်။

စကရင်ကို သမားရိုးကျ ဖန်အစား မကွဲအက်နိုင်တဲ့ ဒြပ်ထု အသစ်တစ်ခုကို အသုံးပြု၍ ဖန်တီးထားတာဖြစ်ပါတယ်။ စကရင်ကို မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း ဖြစ်တဲ့ UL (Underwriters Laboratories) က ၁.၂ မီတာ ( ၄ ပေ ) အမြင့်ကနေ စကရင်ကို ၂၆ ကြိမ် လွှတ်ချတာတောင် မကွဲအပ်ဘူးလို့ ပြောပါတယ်။ ခြစ်ရာတောင် မထင်ဘူးလို့ သိရပါတယ်။ ၁.၈ မီတာ ( ၆ ပေ) အမြင့်ကနေ လွှတ်ချရာမှာလည်း စကရင်ဟာ ခံနိုင်ရည်ရှိပါတယ်။

“ စကရင်ကို ပြုလုပ်ထားတဲ့ ဒြပ်ထုဟာ Portable Electronics Devices များအတွက် အထူး သင့်တော်ပါတယ်။ သူဟာ မာကျောသလို ပေါ့ပါးပါတယ်။ “ လို့ Samsung Display Company ရဲ့ Communication Team က ရှင်းပြပါတယ်။

စကရင်ဟာ အပူချိန်ကိုလည်း အလွန် ခံနိုင်ရည်ရှိပါတယ်။ -32C ကနေ 71C အတွင်းမှာ သူက ခံနိုင်ရည်ရှိပါတယ်။ ဒီစကရင်များ ပါတဲ့ စမတ်ဖုန်းများကို ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ လာမယ့်နှစ်မှာ ကြေညာမယ့် Galaxy S10 Series များမှာ ဒီစကရင်များ ပါလာနိုင်ပါတယ်။

Ref : techradar

You may be interested

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Gadgets, NEWS
0 shares0 views

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်

Ko Thuya - Sep 26, 2018

အမေရိကန် လူမျိုး ၁၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင် ဒီ အားနည်းနေပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း နည်းပညာ တက္ကသိုလ်၊ အသုံးချ ဓါတုဗေဒနဲ့ ပတ်ဝန်းကျင် သိပ္ပံပညာ ဌာနမှ ပါမောက္ခ ဖြစ်သူ Bansal က ဒီ…

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
HUBS, Vivo
0 shares0 views

ပြီးပြည့်စုံသော ဓာတ်ပုံရိုက်ချက်များနှင့် ဆန်းသစ်သော ဒီဇိုင်းကို အာမခံထားသည့် Vivo V11 AI စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Creepy Tyler - Sep 26, 2018

ရန်ကုန်၊ မြန်မာ၊ စက်တင်ဘာ ၂၅၊ ၂၀၁၈ - Vivo မှ ၎င်း၏ထုတ်ကုန်သစ်ဖြစ်သည့် ဆန်းသစ်သော Vivo V11 စမတ်ဖုန်း ကို ယနေ့တွင် မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ နာမည်ကျော် လူကြိုက်များသော V အမျိုးအစား စမတ်ဖုန်းများ စာရင်းဝင် ဤ ဥာဏ်ရည်တု AI…

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
67 shares25 views

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ DisplayMate က သူ့ကို စမ်းသပ်ခဲ့ပြီး ထွက်ရှိပြီး သမျှ စမတ်ဖုန်းများထဲမှာ သူဟာ အကောင်းဆုံး မျက်နှာပြင်ကို ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အခုတော့ Note 9 ရဲ့ သရဖူကို…

Leave a Comment

Most from this category