1170 Shares 1504 Views
Jul 28, 2018
1170 1504
[Zawgyi]
Huawei Nova 3
Display
Processor
Huawei Nova 3i
Camera
Battery & USB & Weight
[Unicode]
ပူပူနွေးနွေး မိတ်ဆက်ထားတဲ့ Nova 3, Nova 3i နဲ့ မတ်လတုန်းက ထွက်ရှိခဲ့တဲ့ Nova 3e တို့က ဘာတွေကွာခြားသွားလဲ
ပထဦးဆုံး စျေးနှုန်းတွေကို အရင်ဆုံး ပြောရပါလိမ့်မယ်။ RAM 6GB/ROM 128GB ပါဝင်တဲ့ Nova 3 က ၅၅၉,၀၀၀ ကျပ် ကျသင့်ပြီး RAM 4GB/ROM 128GB ပါဝင်တဲ့ Nova 3i ကတော့ ၃၅၉,၀၀၀ ကျပ် ကျသင့်မှာပါ။ သူတို့ထက် အရင် မြန်မာနိုင်ငံ စျေးကွက်ထဲကို ဝင်ရောက်ခဲ့တဲ့ RAM 4GB/ROM 64GB မော်ဒယ် Nova 3e ကိုတော့ ၃၃၉,၀၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။
Huawei Nova 3
Display
Nova 3 ရဲ့ Display အပိုင်းအတွက် ၆.၃ လက်မ မျက်နှာပြင် အကျယ်ရှိ IPS LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ပါဝင်မှာပါ။ အလားတူ Nova 3i ကလည်း Nova 3 မှာ အသုံးပြုထားတဲ့ Display ကို အသုံးပြုထားပါတယ်။ Nova 3e ကတော့ ၅.၈၄ လက်မ မျက်နှာပြင် အကျယ်ရှိ IPS LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2280 pixels ဘဲ ရှိပါတယ်။ ဒီတော့ Nova 3e က Nova 3 နဲ့ Nova 3i တို့ထက် Display Size ပိုသေးသွားမယ်၊ Display resolution နည်းနည်းလေး ပိုနည်းသွားမယ်ပေ့ါဗျာ။
Processor
Nova 3 မှာက P20 Pro မှာ သုံးထားတဲ့ Kirin 970 Chipset (Mali-G72 MP12 GPU) ကိုထည့်သွင်းပေးထားပြီး Nova 3i မှာတော့ Huawei ရဲ့ ပူပူနွေးနွေး Processor ဖြစ်တဲ့ Kirin 710 Chipset (Mali-G51 MP4 GPU) ကို ထည့်သွင်းပေးထားပါတယ်။ Nova 3e ကတော့ Kirin 659 Chipset (Mali-T830 MP2) ကို အသုံးပြုထားပါတယ်။ ဒီတော့ Nova 3e နဲ့ Nova 3i က စျေးသိပ်မကွာတဲ့အတွက် Kirin 710 Chipset ကို အသုံးပြုထားတဲ့ Nova 3i က ရွေးချယ်စရာ ဖြစ်လာပါတယ်။
Huawei Nova 3i
Camera
ကင်မရာ အပိုင်းကို ပြောရမယ်ဆိုရင် Nova 3 မှာ 24MP+16MP Camera တွေကို ကျောဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 24MP+2MP Camera တွေကို တပ်ဆင်ထားပါတယ်။ Nova 3 မှာ စုစုပေါင်း ကင်မရာ ၄လုံး ပါဝင်ပြီး Megapixel ပမာဏတွေကလည်း အားရစရာပါဘဲ။ Nova 3i မှာတော့ 16MP+2MP Camera တွေကို ကျောဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 24MP+2MP Camera တွေကို တပ်ဆင်ထားပါတယ်။ ဒီတော့ Nova 3 နဲ့ Nova 3i က Selfie Camera တွေတူညီပြီး နောက်ကျောဘက် ကင်မရာ အပိုင်းမှာတော့ စျေးပိုများတဲ့ Nova 3 ကဘဲ ပိုမိုကောင်းမွန်ပါလိမ့်မယ်။ Nova 3e မှာတော့ နောက်ကျောဘက်အတွက် 16MP+2MP Camera နဲ့ ရှေ့မျက်နှာပြင်အတွက် 16MP Camera တွေကို တပ်ဆင်ထားပါတယ်။ ဒီတော့ Nova 3i နဲ့ Nova 3e ရဲ့ နောက်ကျောဘက် ကင်မရာ တပ်ဆင်ထားပုံက တူညီပြီး Selfie Camera အပိုင်းမှာတော့ Nova 3i က အပြတ်အသတ် အနိုင်ရပါလိမ့်မယ်။ (Megapixel ပမာဏ အရပေါ့).
Battery & USB & Weight
Nova 3 မှာ 3750mAh ဘက်ထရီ ထည့်သွင်းပေးထားပြီး 18W Fast Charge Support ရရှိမှာပါ။ Nova 3i မှာတော့ 3340mAh ဘက်ထရီ ထည့်သွင်းပေးထားပြီး 10W Fast Charge Support ရရှိမှာ ဖြစ်ပါတယ်။ P20 Lite ခေါ် Nova 3e ကတော့ 3000mAh ဘဲ ပါဝင်ပြီး 9V/2A Fast Charge Support ရရှိပါလိမ့်မယ်။ Nova 3 နဲ့ Nova 3e တို့မှာ USB Type-C ကို အသုံးပြုထားပြီး Nova 3i မှာတော့ သာမန် microUSB ကိုသာ အသုံးပြုထားတာ တွေ့ရပါတယ်။ အလေးချိန်အားဖြင့် Nova 3 က 166grams, Nova 3i က 169grams နဲ့ Nova 3e ကတော့ 145grams သာ ရှိပါတယ်။
နိဂုန်းချူပ်အနေနဲ့ ပြောရမယ်ဆိုရင် Nova 3i က microUSB သုံးထားတာကလွဲပြီး ကျန်တဲ့အပိုင်းတွေမှာ Nova 3e ထက်သာပါတယ်။ ဒီတော့ Nova 3e ကိုဝယ်ဖို့ စဥ်းစားနေသူများအတွက် Nova 3e အစား Nova 3i ကိုဝယ်ဖို့ အကြံပေးချင်ပါတယ်။
You may be interested
Instagram မှ User များရဲ့ Password များ ပေါက်ကြား
Facebook, HUBS, NEWS
0 shares0 views
Instagram မှ User များရဲ့ Password များ ပေါက်ကြား
Ko Thuya - Nov 19, 2018
Instagram မကြာခင်က မိတ်ဆက်ခဲ့တဲ့ Download Your Data Tool ကနေ User များရဲ့ Password များ ပေါက်ကြားသွားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့် User အနည်းငယ်သာ ပေါက်ကြားသွားတာ ဖြစ်ပြီး အခုတော့ လုံခြုံရေး ဟာကွက်ကို…
အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်
NEWS, Odd
41 shares15 views
အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်
Ko Thuya - Nov 19, 2018
ချစ်စရာ အနက်နဲ့ အ၀ါရောင် ကြောင်လေး နှစ်ကောင်ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှ အနုပညာ ပြတိုက်ကို တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ်လောက် ၀င်ဖို့ ကြိုးစားနေပါတယ်။ သူတို့ ဒီလိုလုပ်နေတာ ၂ နှစ်လောက် ရှိပါပြီ။ လုံခြုံရေး ၀န်ထမ်းများကြောင့်…
အသည်းပြိုလောက်စရာ Selfie ပုံတွေအတွက် 20 MP အရှေ့ကင်မရာနဲ့ ပွဲထွက်လာတော့မယ် Vivo Y95
Local, Local News
81 shares108 views
အသည်းပြိုလောက်စရာ Selfie ပုံတွေအတွက် 20 MP အရှေ့ကင်မရာနဲ့ ပွဲထွက်လာတော့မယ် Vivo Y95
Creepy Tyler - Nov 19, 2018
လူငယ်တွေရဲ့ တစ်ကိုယ်ရည် ဖက်ရှင် Trend တွေထဲမှာ ယခုနောက်ပိုင်း ခေတ်စားလာတဲ့ Accessory တစ်ခုက စမတ်ကျတဲ့ ဖုန်းတစ်လုံးပါ။ ဒါ့အပြင် Facebook လိုမျိုး Social Network တွေပေါ်မှာ အပေါင်းအသင်းတွေရဲ့ အာရုံကို ဖမ်းစားနိုင်ဖို့အတွက် Selfie Camera ကောင်းတဲ့…
Leave a Comment
Most from this category