0 Shares 82 Views

ျပီးျပည့္စံုတဲ့ခႏၶာကိုယ္ရဲ႕ေနာက္ကြယ္က နာက်င္စရာမ်ားနဲ႔ Beyonce ရဲ႕ “Pretty Hurts”

Jul 27, 2018
0 82

[Zawgyi]

Beyonce ကိုတစ္ကမာၻလံုးနီးပါးၾကိဳက္ၾကတာ အေၾကာင္းမဲ့သက္သက္ေတာ့မဟုတ္ပါဘူးေလ။ အေသသတ္ႏုိင္ေလာက္တဲ့ အသံပါဝါၾကီးနဲ႔ အမိုက္စားကကြက္ေတြ အလန္းစားေဘာ္ဒီၾကီးေတြနဲ႔ Beyonce ရဲ႕ “Pretty Hurts” သီခ်င္းကေတာ့ ဒီလူ႔အဖြဲ႔အစည္းထဲမွာ ခႏၶာကိုယ္ပံုပန္းသ႑ာန္နဲ႔ ပတ္သတ္ျပီး ေတြ႔ရတဲ့ျပႆနာေလးေတြကို အထူးျပဳေဖာ္ျပခ်င္တာပဲျဖစ္ပါတယ္။

So sad: The 32-year-old's character can be seen sobbing in the poignant clip

“တစ္ခ်ိဳ႕ေသာအရာေတြကို ကြ်န္မတို႔ျပဳျပင္ဖို႔ၾကိဳးစားၾကတယ္။ ဒါေပမယ့္ မျမင္ရတဲ့အရာေတြကိုေတာ့ ကြ်န္မတို႔မျပဳျပင္ႏုိင္ဘူး”။  Chorus အေနနဲ႔  “It’s the soul that needs the surgery” ဆိုတဲ့စာသားေလးက ဒီသီခ်င္းကိုလံုးဝပံုေဖာ္ႏုိင္တဲ့စာသားေလးပါပဲ။ ဒီသီခ်င္းဗီဒီယိုထဲမွာေတာ့ သူမအေနနဲ႔ ခႏၶာကိုယ္နဲ႔ပတ္သတ္ျပီး ျပႆနာအမ်ိဳးမ်ိဳးၾကံဳရတာေတြ၊ ေဆးေတြေသာက္ရတာေတြ၊ Botox ေတြထိုးရတာေတြနဲ႔ တျခားျပိဳင္ပြဲဝင္ေတြနဲ႔ အေခ်အတင္ျဖစ္ၾကတာေတြ ဒါေတြကိုပံုေဖာ္ထားပါတယ္။ ဗီဒီယုိထဲက Character က သူမနဲ႔တစ္ထပ္တည္းက်သလို အထူးသျဖင့္ကေတာ့ ဗုိက္ေတြေပါင္ေတြက်ေအာင္လုပ္ရတာ ဝိတ္ပံုမွန္ခ်ိန္ျပီးေလွ်ာ့ေနရတာေတြကေတာ့ ဒီဗီဒီယိုထဲမွာအထင္းသားပါပဲ။

Dotted lines: Beyonce says she finds what women go through for beauty'heartbreaking'

ဒီသီခ်င္းမွာ Beyonce ရဲ႕ Character ကေတာ့ ဆိုးဝါးလြန္းမႏွစ္ျမိဳ႕တဲ့အရာေတြကိုသည္းခံေနရေပမယ့္ ေနာက္ဆံုးမွာသူမနားလည္လိုက္တာက သူမအလိုခ်င္ဆံုးအရာကေတာ့ ေပ်ာ္ရႊင္မႈပါပဲ ဆိုတာပါပဲ။

Image result for pretty hurts behind the story

ဒီသီခ်င္းေလးရဲ႕ေပးခ်င္တဲ့မက္ေဆ့ခ်္ကေတာ့ ခႏၶာကိုယ္နဲ႔ပတ္သတ္ျပီး ဖိအားေတြနဲ႔လွေအာင္ၾကိဳးစားေနေပမယ့္ ေပ်ာ္ရႊင္မႈအစစ္ကိုမရခဲ့ဘူးဆိုတာပါပဲ။ ဖိအားေတြေသေလာက္ေအာင္မ်ားေနလည္း ေက်နပ္တယ္ေပ်ာ္တယ္ဆိုရင္ေတာ့ ဒါေပ်ာ္ရႊင္မႈအစစ္လို႔ပဲေျပာရမွာပါပဲ။ သူမကေတာ့ မ်က္ႏွာေတြ ခႏၶာကိုယ္ေတြျပင္တာထက္ စိတ္ကိုျပဳျပင္ဖို႔ပိုလိုေနျပီဆိုတာကို ေဖာ္က်ဴးခဲ့ခ်င္ပံုပါပဲ။

“သင္ကိုယ္တိုင္ေရာ ကိုယ့္ကိုယ္ကိုေက်နပ္အားရပီတီျဖစ္ျပီး ေပ်ာ္ရႊင္မႈရေနျပီလား??”

ေအာက္မွာ ဗီဒီယိုေလးကို တစ္ခ်က္ရိႈးလိုက္ပါဦး…

[Unicode]

Beyonce ကိုတစ်ကမ္ဘာလုံးနီးပါးကြိုက်ကြတာ အကြောင်းမဲ့သက်သက်တော့မဟုတ်ပါဘူးလေ။ အသေသတ်နိုင်လောက်တဲ့ အသံပါဝါကြီးနဲ့ အမိုက်စားကကွက်တွေ အလန်းစားဘော်ဒီကြီးတွေနဲ့ Beyonce ရဲ့ “Pretty Hurts” သီချင်းကတော့ ဒီလူ့အဖွဲ့အစည်းထဲမှာ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်နဲ့ ပတ်သတ်ပြီး တွေ့ရတဲ့ပြဿနာလေးတွေကို အထူးပြုဖော်ပြချင်တာပဲဖြစ်ပါတယ်။

So sad: The 32-year-old's character can be seen sobbing in the poignant clip

“တစ်ချို့သောအရာတွေကို ကျွန်မတို့ပြုပြင်ဖို့ကြိုးစားကြတယ်။ ဒါပေမယ့် မမြင်ရတဲ့အရာတွေကိုတော့ ကျွန်မတို့မပြုပြင်နိုင်ဘူး”။  Chorus အနေနဲ့  “It’s the soul that needs the surgery” ဆိုတဲ့စာသားလေးက ဒီသီချင်းကိုလုံးဝပုံဖော်နိုင်တဲ့စာသားလေးပါပဲ။ ဒီသီချင်းဗီဒီယိုထဲမှာတော့ သူမအနေနဲ့ ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ပြဿနာအမျိုးမျိုးကြုံရတာတွေ၊ ဆေးတွေသောက်ရတာတွေ၊ Botox တွေထိုးရတာတွေနဲ့ တခြားပြိုင်ပွဲဝင်တွေနဲ့ အချေအတင်ဖြစ်ကြတာတွေ ဒါတွေကိုပုံဖော်ထားပါတယ်။ ဗီဒီယိုထဲက Character က သူမနဲ့တစ်ထပ်တည်းကျသလို အထူးသဖြင့်ကတော့ ဗိုက်တွေပေါင်တွေကျအောင်လုပ်ရတာ ဝိတ်ပုံမှန်ချိန်ပြီးလျှော့နေရတာတွေကတော့ ဒီဗီဒီယိုထဲမှာအထင်းသားပါပဲ။

Dotted lines: Beyonce says she finds what women go through for beauty'heartbreaking'

ဒီသီချင်းမှာ Beyonce ရဲ့ Character ကတော့ ဆိုးဝါးလွန်းမနှစ်မြို့တဲ့အရာတွေကိုသည်းခံနေရပေမယ့် နောက်ဆုံးမှာသူမနားလည်လိုက်တာက သူမအလိုချင်ဆုံးအရာကတော့ ပျော်ရွှင်မှုပါပဲ ဆိုတာပါပဲ။

Image result for pretty hurts behind the story

ဒီသီချင်းလေးရဲ့ပေးချင်တဲ့မက်ဆေ့ချ်ကတော့ ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ဖိအားတွေနဲ့လှအောင်ကြိုးစားနေပေမယ့် ပျော်ရွှင်မှုအစစ်ကိုမရခဲ့ဘူးဆိုတာပါပဲ။ ဖိအားတွေသေလောက်အောင်များနေလည်း ကျေနပ်တယ်ပျော်တယ်ဆိုရင်တော့ ဒါပျော်ရွှင်မှုအစစ်လို့ပဲပြောရမှာပါပဲ။ သူမကတော့ မျက်နှာတွေ ခန္ဓာကိုယ်တွေပြင်တာထက် စိတ်ကိုပြုပြင်ဖို့ပိုလိုနေပြီဆိုတာကို ဖော်ကျူးခဲ့ချင်ပုံပါပဲ။

“သင်ကိုယ်တိုင်ရော ကိုယ့်ကိုယ်ကိုကျေနပ်အားရပီတီဖြစ်ပြီး ပျော်ရွှင်မှုရနေပြီလား??”

အောက်မှာ ဗီဒီယိုလေးကို တစ်ချက်ရှိုးလိုက်ပါဦး…

You may be interested

iPhone ကေန Android Phone ေျပာင္းကိုင္မႈ မ်ားျပားေန
Android, Apple, HUBS
0 shares0 views

iPhone ကေန Android Phone ေျပာင္းကိုင္မႈ မ်ားျပားေန

Ko Thuya - Jul 21, 2019

စမတ္ဖုန္း အေဟာင္းမ်ားကို အသစ္မ်ားနဲ႔ လဲလွယ္ေပးတဲ့ BankMyCell ရဲ႕ ေဒတာမ်ားအရ iPhone ကေန Samsung Phone ေျပာင္းကိုင္မႈ မ်ားျပားေနတယ္လို႔ သိရပါတယ္။ iPhone အေဟာင္း ပိုင္ရွင္မ်ားဟာ iPhone အသစ္မ်ားနဲ႔ လဲလွယ္ျခင္း မရွိေတာ့ဘဲ အျခား ဘရန္းမ်ားကို…

Redmi က သူ႔ရဲ႕ ပထမဆံုး Power Banks မ်ားကို ေရာင္းခ်
HUBS, NEWS, Storage Devices
0 shares44 views

Redmi က သူ႔ရဲ႕ ပထမဆံုး Power Banks မ်ားကို ေရာင္းခ်

Ko Thuya - Jul 21, 2019

Redmi က စမတ္ဖုန္းမ်ား အျပင္ ပါ၀ါဘန္႔မ်ားကို ထုတ္လုပ္ေရာင္းခ်လိုက္ပါတယ္။ ကုမၸဏီရဲ႕ ပထမဆံုး ပါ၀ါဘန္႔မ်ား ျဖစ္ပါတယ္။ 10000mAh နဲ႔ 20000mAh Power Bank မ်ား ျဖစ္ၿပီး ၅၉ ယြမ္နဲ႔ ၉၉ ယြမ္ အသီးသီး သတ္မွတ္ထားပါတယ္။…

Pixel 4 ရဲ႕ Screen ဓါတ္ပံု ထြက္ေပၚလာ
Android, Google, HUBS
0 shares15 views

Pixel 4 ရဲ႕ Screen ဓါတ္ပံု ထြက္ေပၚလာ

Ko Thuya - Jul 21, 2019

Google Pixel 4 ရဲ႕ ဓါတ္ပံုမ်ား အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚလာပါတယ္။ မ်က္ႏွာျပင္ရဲ႕ အထက္မွ ေဘာင္ဟာ ႀကီးမားတာကို ျမင္ရပါတယ္။ Ice Universe က အဲဒီ ဓါတ္ပံုမ်ားကို မွ်ေ၀လိုက္တာပါ။ S10 Plus , OnePlus 7…

Leave a Comment

Most from this category