184 Shares 92 Views

ဆိုရွယ္မီဒီယာႏွင့္ မိသားစုဆက္ဆံေရး

Jul 26, 2018
184 92

[Zawgyi]

Related image

နည္းပညာနဲ႔ ဆိုရွယ္မီဒီယာေတြ အရမ္းကိုက်ယ္ျပန္႔လာတဲ့ဒီေခတ္ၾကီးမွာ ေျပာရရင္ ဆိုရွယ္မီဒီယာကို မသံုးတဲ့သူ မရိွသေလာက္နီးနီးျဖစ္ေနပါျပီ။ ကေလးကအစ လူၾကီးေတြအဆံုး ဆိုရွယ္မီဒီယာကို တြင္တြင္က်ယ္က်ယ္သံုးလာၾကခ်ိန္မွာ ေနာက္ဆက္တြဲဘယ္လိုကိစၥေတြျဖစ္လာႏုိင္မယ္ထင္ပါသလဲ??

ကြ်န္ေတာ္ပထမဆံုးေတြးမိတာက မိသားစုဆက္ဆံေရးပါ။ မိဘေတြအေနနဲ႔ ဆိုရွယ္မီဒီယာကို လိုတာထက္ပိုသံုးမိျပီဆိုရင္ ကေလးအေပၚဂရုစိုက္ခ်ိန္လံုလံုေလာက္ေလာက္ရိွႏုိင္ပါေတာ့မလား?? ဒီေနရာမွာ ကေလးကိုဂရုမစိုက္မိဘဲ ဖုန္းကိုအသည္းအသန္သံုးတာမ်ိဳးကိုပဲေျပာလိုပါတယ္။ စိတ္ပိုင္းဆိုင္ရာကို ျပဳစုပ်ိဳးေထာင္ေပးဖို႔ အေရးၾကီးတဲ့ ကေလးအရြယ္မွာ မိသားစုကသာ နည္းပညာကို (ဒီမွာေတာ့ ေျပာရရင္ ဆုိရွယ္မီဒီယာကအဓိကပါပဲ) လြန္လြန္ကဲကဲသံုးေနမိျပီဆုိရင္ ေတြ႔ရသေလာက္ ကေလးေတြမွာ အထီးက်န္တာမ်ိဳးေတြ၊ မိသားစုနဲ႔ေျပာဆိုတုိင္ပင္မႈေတြ ေပ်ာက္ျခင္းမလွေပ်ာက္သြားပါတယ္။

Image result for How technology and social media is undermining family relationships

ဒါက မိဘေတြတင္ဘဲမဟုတ္ပါဘူး။ ညီကိုေမာင္ႏွမအခ်င္းခ်င္း တစ္ေယာက္တစ္ေယာက္ တုိင္ပင္ေဆြးေႏြးေဖးမရမယ့္အခ်ိန္မွာ ဆိုရွယ္မီဒီယာကိုအလြန္အကြ်ံသံုးမိျပီဆိုရင္လည္း လံုးဝ ေရငံုႏႈတ္ပိတ္ အဆက္အသြယ္ျပတ္သြားသလိုမ်ိဳးေလာက္ထိ ျဖစ္ပါတယ္။ ေမာင္ႏွမသံေယာဇဥ္လည္း ေဝးလာတာေပါ့။ လူခ်င္းနီးရက္ စိတ္ခ်င္းေဝးလာတာမ်ိဳးက ဆိုရွယ္မီဒီယာအသံုးမ်ားလာျပီးေနာက္ မိသားစုေတြမွာ ေတာ္ေတာ္ေတြ႔လာရတဲ့ ကိစၥတစ္ခုျဖစ္လာပါတယ္။ ခုေနာက္ပုိင္းဆို ၁၀ႏွစ္ကေလးကအစ ဆိုရွယ္မီဒီယာအေပၚမွာ ေတာ္ေတာ္ေလးစြဲလမ္းလာၾကတာပါ။

အင္တာနက္ကိုေကာင္းေကာင္းအသံုးခ်ဖို႔ဆိုတာ တကယ္အေရးၾကီးပါတယ္။ အင္တာနက္မွာ ရွာရွာေဖြေဖြေလ့လာသင္ယူၾကတာေတြအစား ဆိုရွယ္မီဒီယာက ဝါးမ်ိဳလိုက္တဲ့အခါ ကေလးေတြရဲ႕ အနာဂတ္ကိုအနည္းနဲ႔အမ်ားသြားထိပါတယ္။ ထားပါေတာ့ ဒါကေတာ့ ပညာေရးပိုင္းဆိုင္သြားပါျပီ။ အခုအေရးၾကီးတာက မိသားစုဆက္ဆံေရးပါ။ အရင္က တီဗီေရွ႕မွာထုိင္ျပီး စကားလက္ဆံုေျပာ ဆိုးေကာင္းတုိင္ပင္ၾကတဲ့ျဖစ္စဥ္ေတြက အရင္ေခတ္မွာပဲက်န္ခဲ့သလားလို႔ေအာက္ေမ့လာရပါတယ္။

Image result for social media family relationships

ဒါေပမယ့္ ကံေကာင္းေသးတာတစ္ခုက သူမ်ားႏုိင္ငံေတြနဲ႔ယွဥ္ရင္ ကြ်န္ေတာ္တို႔ဆီက လူၾကီးသူမေတြ ဆိုရွယ္မီဒီယာကို(ဖုန္းကို) အရမ္းၾကီးစြဲလမ္းလြန္းတဲ့ထဲမပါေသးဘူးလို႔ေတာ့ ထင္မိပါတယ္။ စြဲလမ္းလြန္းတာက မိဘေတြထက္ ကေလးေတြပါပဲ။ ကိုယ္က မိသားစုထဲကေန ကြဲထြက္ေနသလို အထီးက်န္ေနသလိုလို စိတ္တုိင္းမက်သလိုလို ဒါေတြအားလံုးက ကိုယ္ကိုယ္တိုင္ကိုက ဆိုရွယ္မီဒီယာကုိ အစြဲလမ္းလြန္လို႔ျဖစ္ေနတာေတြလို႔ပဲ ျမင္သလို ကိုယ္ေတြ႔ဆိုလည္းဟုတ္ပါတယ္။

လူငယ္ေတြအေနနဲ႔ တစ္ေန႔ကို ပ်မ္းမွ် ၃နာရီေလာက္ ဆိုရွယ္မီဒီယာေပၚမွာရိွေနၾကျပီး မိသားစုအေပၚလည္းအခ်ိန္ေပးတာ နည္းလာတာကိုေတြ႔ရပါတယ္။ ဒီလိုနဲ႔ မိသားစုအခ်င္းခ်င္းၾကား စိတ္ခ်င္းဆက္စပ္နားလည္မႈေတြက ထင္သေလာက္ အားမေကာင္းဘဲ ခပ္တန္းတန္းျဖစ္လာပံုပါပဲ။

“Some kids are more vulnerable than others and tech exploits that.” Photograph: iStockphoto

ကေလးေတြအတြက္ကေတာ့ ဆိုရွယ္မီဒီယာရဲ႕ ေနာက္ဆက္တြဲအႏၱရာယ္ေတြက ေတာ္ေတာ္မ်ားပါတယ္။ ဘာကိုမွ အေကာင္းအဆိုးမွန္းခြဲျခားမသိႏုိင္ေသးတဲ့အရြယ္မွာ မိဘေတြအေနနဲ႔ ဆုိရွယ္မီဒီယာကိုသာ ၾကားျဖတ္ဝင္ခြင့္ျပဳလိုက္ရင္ အနည္းနဲ႔အမ်ားနစ္နာမွာက ကေလးေတြပါ။ ဆုိရွယ္မီဒီယာမရိွဘဲလည္း ေကာင္းေကာင္းၾကီးျပင္းခဲ့ၾကတဲ့ အရင္ေခတ္လူေတြက ဆိုရွယ္မီဒီယာေတြက မရိွမျဖစ္ေလာက္ထိအေရးမပါဘူးဆိုတဲ့သက္ေသလို႔ေျပာရမလားပါပဲ။

ကေလးလူၾကီးခြဲေျပာစရာမလိုဘူးဆိုရင္ေတာ့ ကြ်န္ေတာ္အရွင္းဆံုးေျပာခ်င္တာက ဆိုရွယ္မီဒီယာေတြမရိွခဲ့တဲ့ေခတ္က မိသားစုေႏြးေထြးမႈနဲ႔ ဆိုရွယ္မီဒီယာေတြလႊမ္းျခံဳထားတဲ့ ဒီေန႔ေခတ္မိသားစုဆက္ဆံေရးက ေသခ်ာတာက လံုးဝမတူေတာ့ဘူးဆိုတာပါပဲ။ အေဝးေရာက္ေနတ့ဲ လူခ်င္းေဝးေနရတဲ့မိသားစုေတြအတြက္ ဆိုရွယ္မီဒီယာဆိုတာက နီးစပ္ေအာင္ဖန္တီးေပးတဲ့ ဆက္သြယ္မႈတစ္ခုဆိုေပမယ့္ နီးနီးကပ္ကပ္ရိွေနပါလ်က္ စိတ္ခ်င္းေဝးေနသလိုျဖစ္ေနတာမ်ိဳးကိုေတာ့ ကြ်န္ေတာ္သိပ္သေဘာမက်လွပါဘူး။ မရည္ရြယ္ပါပဲနဲ႔ မိသားစုခ်င္းစိတ္ခ်င္းေဝးလာၾကတာ ဆိုရွယ္မီဒီယာက တစ္ပိုင္းတစ္က႑ပါဝင္တယ္လို႔ ကြ်န္ေတာ္ေတာ့ ျမင္ပါတယ္။ ဒါေၾကာင့္ ဆိုရွယ္မီဒီယာေတြကို တစ္ေန႔ကိုအခ်ိန္အတုိင္းအတာတစ္ခုေလာက္ထိပဲသံုးဖို႔ ကိုယ့္ကိုယ္ကို Challenge လုပ္ျပီး မိသားစုနဲ႔စကားလက္ဆံုေျပာ ေဆြးေႏြးတုိင္ပင္ေဝမွ်ျပီး ေႏြးေထြးတဲ့မိသားစုတစ္ခုျပန္လည္တည္ေဆာက္ႏုိင္ၾကပါေစလို႔ဆုေတာင္းရင္း…ေႏြးေထြးေနဆဲမိသားစုေတြလည္း ဆိုရွယ္မီဒီယာေၾကာင့္မေဝးကြာၾကေစဖို႔ဆုေတာင္းရင္း….

#NOT

[Unicode]

Related image

နည်းပညာနဲ့ ဆိုရှယ်မီဒီယာတွေ အရမ်းကိုကျယ်ပြန့်လာတဲ့ဒီခေတ်ကြီးမှာ ပြောရရင် ဆိုရှယ်မီဒီယာကို မသုံးတဲ့သူ မရှိသလောက်နီးနီးဖြစ်နေပါပြီ။ ကလေးကအစ လူကြီးတွေအဆုံး ဆိုရှယ်မီဒီယာကို တွင်တွင်ကျယ်ကျယ်သုံးလာကြချိန်မှာ နောက်ဆက်တွဲဘယ်လိုကိစ္စတွေဖြစ်လာနိုင်မယ်ထင်ပါသလဲ??

ကျွန်တော်ပထမဆုံးတွေးမိတာက မိသားစုဆက်ဆံရေးပါ။ မိဘတွေအနေနဲ့ ဆိုရှယ်မီဒီယာကို လိုတာထက်ပိုသုံးမိပြီဆိုရင် ကလေးအပေါ်ဂရုစိုက်ချိန်လုံလုံလောက်လောက်ရှိနိုင်ပါတော့မလား?? ဒီနေရာမှာ ကလေးကိုဂရုမစိုက်မိဘဲ ဖုန်းကိုအသည်းအသန်သုံးတာမျိုးကိုပဲပြောလိုပါတယ်။ စိတ်ပိုင်းဆိုင်ရာကို ပြုစုပျိုးထောင်ပေးဖို့ အရေးကြီးတဲ့ ကလေးအရွယ်မှာ မိသားစုကသာ နည်းပညာကို (ဒီမှာတော့ ပြောရရင် ဆိုရှယ်မီဒီယာကအဓိကပါပဲ) လွန်လွန်ကဲကဲသုံးနေမိပြီဆိုရင် တွေ့ရသလောက် ကလေးတွေမှာ အထီးကျန်တာမျိုးတွေ၊ မိသားစုနဲ့ပြောဆိုတိုင်ပင်မှုတွေ ပျောက်ခြင်းမလှပျောက်သွားပါတယ်။

Image result for How technology and social media is undermining family relationships

ဒါက မိဘတွေတင်ဘဲမဟုတ်ပါဘူး။ ညီကိုမောင်နှမအချင်းချင်း တစ်ယောက်တစ်ယောက် တိုင်ပင်ဆွေးနွေးဖေးမရမယ့်အချိန်မှာ ဆိုရှယ်မီဒီယာကိုအလွန်အကျွံသုံးမိပြီဆိုရင်လည်း လုံးဝ ရေငုံနှုတ်ပိတ် အဆက်အသွယ်ပြတ်သွားသလိုမျိုးလောက်ထိ ဖြစ်ပါတယ်။ မောင်နှမသံယောဇဉ်လည်း ဝေးလာတာပေါ့။ လူချင်းနီးရက် စိတ်ချင်းဝေးလာတာမျိုးက ဆိုရှယ်မီဒီယာအသုံးများလာပြီးနောက် မိသားစုတွေမှာ တော်တော်တွေ့လာရတဲ့ ကိစ္စတစ်ခုဖြစ်လာပါတယ်။ ခုနောက်ပိုင်းဆို ၁၀နှစ်ကလေးကအစ ဆိုရှယ်မီဒီယာအပေါ်မှာ တော်တော်လေးစွဲလမ်းလာကြတာပါ။

အင်တာနက်ကိုကောင်းကောင်းအသုံးချဖို့ဆိုတာ တကယ်အရေးကြီးပါတယ်။ အင်တာနက်မှာ ရှာရှာဖွေဖွေလေ့လာသင်ယူကြတာတွေအစား ဆိုရှယ်မီဒီယာက ဝါးမျိုလိုက်တဲ့အခါ ကလေးတွေရဲ့ အနာဂတ်ကိုအနည်းနဲ့အများသွားထိပါတယ်။ ထားပါတော့ ဒါကတော့ ပညာရေးပိုင်းဆိုင်သွားပါပြီ။ အခုအရေးကြီးတာက မိသားစုဆက်ဆံရေးပါ။ အရင်က တီဗီရှေ့မှာထိုင်ပြီး စကားလက်ဆုံပြော ဆိုးကောင်းတိုင်ပင်ကြတဲ့ဖြစ်စဉ်တွေက အရင်ခေတ်မှာပဲကျန်ခဲ့သလားလို့အောက်မေ့လာရပါတယ်။

Image result for social media family relationships

ဒါပေမယ့် ကံကောင်းသေးတာတစ်ခုက သူများနိုင်ငံတွေနဲ့ယှဉ်ရင် ကျွန်တော်တို့ဆီက လူကြီးသူမတွေ ဆိုရှယ်မီဒီယာကို(ဖုန်းကို) အရမ်းကြီးစွဲလမ်းလွန်းတဲ့ထဲမပါသေးဘူးလို့တော့ ထင်မိပါတယ်။ စွဲလမ်းလွန်းတာက မိဘတွေထက် ကလေးတွေပါပဲ။ ကိုယ်က မိသားစုထဲကနေ ကွဲထွက်နေသလို အထီးကျန်နေသလိုလို စိတ်တိုင်းမကျသလိုလို ဒါတွေအားလုံးက ကိုယ်ကိုယ်တိုင်ကိုက ဆိုရှယ်မီဒီယာကို အစွဲလမ်းလွန်လို့ဖြစ်နေတာတွေလို့ပဲ မြင်သလို ကိုယ်တွေ့ဆိုလည်းဟုတ်ပါတယ်။

လူငယ်တွေအနေနဲ့ တစ်နေ့ကို ပျမ်းမျှ ၃နာရီလောက် ဆိုရှယ်မီဒီယာပေါ်မှာရှိနေကြပြီး မိသားစုအပေါ်လည်းအချိန်ပေးတာ နည်းလာတာကိုတွေ့ရပါတယ်။ ဒီလိုနဲ့ မိသားစုအချင်းချင်းကြား စိတ်ချင်းဆက်စပ်နားလည်မှုတွေက ထင်သလောက် အားမကောင်းဘဲ ခပ်တန်းတန်းဖြစ်လာပုံပါပဲ။

“Some kids are more vulnerable than others and tech exploits that.” Photograph: iStockphoto

ကလေးတွေအတွက်ကတော့ ဆိုရှယ်မီဒီယာရဲ့ နောက်ဆက်တွဲအန္တရာယ်တွေက တော်တော်များပါတယ်။ ဘာကိုမှ အကောင်းအဆိုးမှန်းခွဲခြားမသိနိုင်သေးတဲ့အရွယ်မှာ မိဘတွေအနေနဲ့ ဆိုရှယ်မီဒီယာကိုသာ ကြားဖြတ်ဝင်ခွင့်ပြုလိုက်ရင် အနည်းနဲ့အများနစ်နာမှာက ကလေးတွေပါ။ ဆိုရှယ်မီဒီယာမရှိဘဲလည်း ကောင်းကောင်းကြီးပြင်းခဲ့ကြတဲ့ အရင်ခေတ်လူတွေက ဆိုရှယ်မီဒီယာတွေက မရှိမဖြစ်လောက်ထိအရေးမပါဘူးဆိုတဲ့သက်သေလို့ပြောရမလားပါပဲ။

ကလေးလူကြီးခွဲပြောစရာမလိုဘူးဆိုရင်တော့ ကျွန်တော်အရှင်းဆုံးပြောချင်တာက ဆိုရှယ်မီဒီယာတွေမရှိခဲ့တဲ့ခေတ်က မိသားစုနွေးထွေးမှုနဲ့ ဆိုရှယ်မီဒီယာတွေလွှမ်းခြုံထားတဲ့ ဒီနေ့ခေတ်မိသားစုဆက်ဆံရေးက သေချာတာက လုံးဝမတူတော့ဘူးဆိုတာပါပဲ။ အဝေးရောက်နေတဲ့ လူချင်းဝေးနေရတဲ့မိသားစုတွေအတွက် ဆိုရှယ်မီဒီယာဆိုတာက နီးစပ်အောင်ဖန်တီးပေးတဲ့ ဆက်သွယ်မှုတစ်ခုဆိုပေမယ့် နီးနီးကပ်ကပ်ရှိနေပါလျက် စိတ်ချင်းဝေးနေသလိုဖြစ်နေတာမျိုးကိုတော့ ကျွန်တော်သိပ်သဘောမကျလှပါဘူး။ မရည်ရွယ်ပါပဲနဲ့ မိသားစုချင်းစိတ်ချင်းဝေးလာကြတာ ဆိုရှယ်မီဒီယာက တစ်ပိုင်းတစ်ကဏ္ဍပါဝင်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာတွေကို တစ်နေ့ကိုအချိန်အတိုင်းအတာတစ်ခုလောက်ထိပဲသုံးဖို့ ကိုယ့်ကိုယ်ကို Challenge လုပ်ပြီး မိသားစုနဲ့စကားလက်ဆုံပြော ဆွေးနွေးတိုင်ပင်ဝေမျှပြီး နွေးထွေးတဲ့မိသားစုတစ်ခုပြန်လည်တည်ဆောက်နိုင်ကြပါစေလို့ဆုတောင်းရင်း…နွေးထွေးနေဆဲမိသားစုတွေလည်း ဆိုရှယ်မီဒီယာကြောင့်မဝေးကွာကြစေဖို့ဆုတောင်းရင်း….

#NOT

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category