867 Shares 373 Views
Galaxy Note 9 ရဲ့ ဈေးနှုန်းနဲ့ Unboxing video ပေါက်ကြားထွက်ပေါ်
Jul 27, 2018
867 373
[Zawgyi]
Ref:sammobile
[Unicode]
Galaxy Note 9 ရဲ့ စျေးနှုန်းနဲ့ Unboxing video ပေါက်ကြားထွက်ပေါ်
Samsung ရဲ့ Galaxy Note 9 စမတ်ဖုန်းကြီးကို မြင်တွေ့ရဖို့ တဖြည်းဖြည်း နီးကပ်လို့ လာပါပြီ။ ဒီနေ့မှာလည်း Galaxy Note 9 နဲ့ ပတ်သတ်ပြီး ကောလဟလ သတင်းတွေ ထပ်မံ ထွက်ပေါ်လာပြန်ပါတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရဆိုရင် RAM 8GB ပါဝင်ပြီး Storage 512GB ထည့်သွင်းပေးထားတဲ့ မော်ဒယ်ကို Black နဲ့ Blue ဆိုပြီး အရောင် ၂မျိူးနဲ့ ထုတ်လုပ်ရောင်းချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ RAM 8GB/ Storage 512GB မော်ဒယ်ကို ယူရို ၁၂၅၀ (မြန်မာငွေ ၂၁သိန်း ဝန်းကျင်) ကျသင့်နိုင်မယ်လို့ ခန့်မှန်း ပြောဆိုထားကြပါတယ်။ (ဒေါ်လာစျေးတွေ တက်နေတာဆိုတော့ စျေးနှုန်းတွေက ကြောက်စရာကြီး)
Storage 512GB မော်ဒယ်အပြင် Storage 128GB မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်းချသွားဖွယ် ရှိပါတယ်။ Storage 128GB မော်ဒယ်ကိုတော့ Black, Blue နဲ့ Purple ဆိုပြီး အရောင် ၃မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ စျေးနှုန်းအနေနဲ့ ယူရို ၁၀၅၀ (မြန်မာငွေ ၁၈သိန်း ဝန်းကျင်) ကျသင့်နိုင်ပါတယ်။ ဒီစျေးနှုန်းတွေက ဥရောပ စျေးကွက်ထဲမှာ ရောင်းချသွားနိုင်ဖွယ်ရှိတဲ့ စျေးနှုန်းများ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် တခြားစျေးကွက်တွေမှာ ရောင်းချသွားမယ့် စျေးနှုန်းနဲ့ ကွာခြားသွားနိုင်ပါတယ်။
တစ်ဖက်မှာလည်း Galaxy Note 9 နဲ့ ပတ်သတ်ပြီး Unboxing video ထွက်ပေါ်လာပြန်ပါတယ်။ Video အထဲမှာ ပါတဲ့ အချက်အလက်တွေအရဆိုရင် Galaxy Note 9 ကို RAM 6GB/Storage 64GB မော်ဒယ်နဲ့လည်း မြင်တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် နောက်ကျောဘက် ကင်မရာအတွက် 12MP OIS + 12MP OIS Camera တွေကို တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Camera ကို တပ်ဆင်ထားနိုင်ပါတယ်။ Water & Dust Resistant မှာ Galaxy S9/S9+ တို့မှာလို IP68 ရရှိထားပြီး Wireless Charging စနစ် အသုံးပြုနိုင်တယ့် စမတ်ဖုန်း တစ်လုံး ဖြစ်လာနိုင်ပါတယ်။
Ref:sammobile
You may be interested
Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Mobiles & Tablets, NEWS, Samsung
0 shares0 views
Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Nigma - Mar 21, 2019
Galaxy A Series ဖုန်းအသစ် Galaxy A30 နဲ့ Galaxy A50 တို့ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာချိန်မှာ နောက်ထပ် Galaxy A Series ဖုန်းအသစ်တမျိုးကို နယ်သာလန်နိုင်ငံမှာ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Galaxy A30 နဲ့…
Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
NEWS, Softwares & Application
59 shares208 views
Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
Nigma - Mar 21, 2019
Messenger မှာ အဓိက လိုအပ်နေတဲ့ လုပ်ဆောင်ချက်အသစ်တခု ပါဝင်လာပါတယ်။ Quoted replies ဆိုတဲ့ လုပ်ဆောင်ချက်ပါ။ မက်ဆေ့တခုကို ရွေးချယ်ပြီး Reply ပြန်ပြောနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့ Group Chat ပြောတဲ့အခါ တယောက်တပေါက်နဲ့ ပြန်ပြောရတာ အခက်တွေ့ကြမှာပါ။…
မတ်လကုန်မှာ Redmi Note 7 အလုံးရေ ၄ သန်း ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Xiaomi
Android, HUBS, Mobiles & Tablets
108 shares131 views
မတ်လကုန်မှာ Redmi Note 7 အလုံးရေ ၄ သန်း ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Xiaomi
Ko Thuya - Mar 21, 2019
Xiaomi က ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ Redmi Note 7 ကို ကြေညာခဲ့ပါတယ်။ ရှောင်မီရဲ့ ဥက္ကဌ ဖြစ်သူက ပထမဆုံး ရောင်းတဲ့ လမှာ အလုံးရေ ၁ သန်းရောင်းချနိုင်ဖို့ ကြိုးစားမယ်လို့ အဲဒီအချိန်က ပြောခဲ့ပါတယ်။ တကယ်လည်း…
Leave a Comment
Most from this category