200 Shares 173 Views

Mobile Data သက္သာေစမယ့္ Datally

Jul 26, 2018
200 173

Datally: mobile data-saving & WiFi app ဟာ သင့္ စမတ္ဖုန္းမွ မိုဘိုင္းေဒတာကို သက္သာေအာင္ ကူညီေပးႏုိင္ပါတယ္။ သူ႔ကို Google က ဖန္တီးထားျခင္း ျဖစ္ၿပီး သူဟာ မိုဘိုင္းေဒတာ မန္ေနဂ်ာ ျဖစ္ပါတယ္။ သူက သင့္ စမတ္ဖုန္းမွ မိုဘိုင္းေဒတာ အသံုးျပဳမႈမ်ားကို ေစာင့္ၾကည့္တြက္ခ်က္ေပးႏုိင္ပါတယ္။ သင္က သူကေနတစ္ဆင့္ သင့္စမတ္ဖုန္းမွ မိုဘိုင္းေဒတာ အသံုးျပဳမႈမ်ားကို ကန္႔သတ္ထိန္းခ်ဳပ္ႏိုင္ပါတယ္။ သူက App တစ္ခုခ်င္းစီရဲ႕ မိုဘိုင္း ေဒတာ အသံုးျပဳမႈမ်ားကို အေသးစိတ္ တြက္ခ်က္ေပးႏုိင္ၿပီး သင္က မိုဘုိင္းေဒတာ အသံုးျပဳမႈကို ပိတ္ပင္ခ်င္တဲ့ App မ်ားကို သတ္မွတ္ထားႏုိင္ပါတယ္။ သူ႔မွာ သင္ လက္ရွိ အသံုးျပဳေနတဲ့ App ရဲ႕ ေဒတာ အသံုးျပဳေနမႈကို အခ်ိန္နဲ႔တစ္ေျပးညီ Floating Bubble ျဖင့္ ျပသေပးႏိုင္တဲ့ လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။ အဲဒီအတြက္ App တစ္ခုရဲ႕ မိုဘိုင္းေဒတာ အသံုးျပဳမႈကို သင္က အခ်ိန္နဲ႔တစ္ေျပးညီ သိႏုိင္ၿပီး ဆင္ျခင္ႏိုင္မွာ ျဖစ္ပါတယ္။ App မ်ားရဲ႕ ေဒတာ အသံုးျပဳမႈမ်ားကို ေန႔စဥ္၊ အပတ္စဥ္၊ လစဥ္ အလိုက္ ခြဲျခားျပသေပးႏုိင္တဲ့အတြက္ တစ္ေန႔တာ၊ တစ္ပတ္တာနဲ႔ တစ္လအတြင္း သင့္ရဲ႕ မိုဘုိင္းေဒတာ အသံုးျပဳမႈကို ေလ့လာႏိုင္ပါတယ္။ သူ႔မွာ ၀ိုင္ဖိုင္ကြန္ရက္မ်ားကို ရွာေဖြႏိုင္တဲ့ လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။

သူ႔ကို ပထမဆံုး အႀကိမ္ဖြင့္ရင္ သူ႔ရဲ႕ လုပ္ေဆာင္ခ်က္မ်ားကို ခြင့္ျပဳေပးဖို႔ ညႊန္ၾကားခ်က္အတိုင္း လုပ္ေဆာင္ပါ။

Datally ရဲ႕ Home Screen မွာ ဒီေန႔ အသံုးျပဳထားတဲ့ မိုဘိုင္းေဒတာ ပမာဏကို ျပသေပးထားပါတယ္။ ေအာက္ေျခမွာေတာ့ Android OS, Hotspot နဲ႔ App တစ္ခုခ်င္းစီရဲ႕ ေဒတာ အသံုးျပဳမႈ ပမာဏကို ခြဲျခားျပသေပးထားပါတယ္။

Set Up Data Saver ကို ႏွိပ္ပါ။ ေနာက္အဆင့္မွာ Allow ကို ႏွိပ္ပါ။

ေနာက္အဆင့္မွာ Data Saver Bubble ကို Enable လုပ္ဖို႔ ေအာက္ေျခမွ Open Settings ကို ႏွိပ္ပါ။

ၿပီးရင္ေတာ့ Datally ကို Set Up လုပ္ၿပီးပါၿပီ။ Home Screen ရဲ႕ Data Usage Highlights က႑မွ Manage Data ကို ႏွိပ္ပါ။

ဒါဆိုရင္ မၾကာခင္က ေဒတာ အသံုးျပဳထားတဲ့ App မ်ားနဲ႔ ေဒတာ ပမာဏမ်ားနဲ႔ အျခား App မ်ား သံုးထားတဲ့ ေဒတာ ပမာဏမ်ားကို ျပသေပးထားပါတယ္။ App မ်ားရဲ႕ ညာဘက္မွ ေသာ့ခေလာက္ကို တစ္ခ်က္ႏွိပ္ျခင္းျဖင့္ App မ်ားရဲ႕ ေဒတာ အသံုးျပဳမႈကို Enable / Disable ျပဳလုပ္ႏိုင္ပါတယ္။ ေအာက္ေျခမွာေတာ့ ေဒတာ အသံုးျပဳမႈကို ပိတ္ပင္ထားတဲ့ App အေရအတြက္ကို ျပသေပးထားပါတယ္။

ဥပမာအားျဖင့္ Facebook App ကို ဖြင့္ၿပီး အသံုးျပဳၾကည့္ပါ။ ဒါဆိုရင္ Facebook က အသံုးျပဳေနတဲ့ ေဒတာ ပမာဏကို အခ်ိန္နဲ႔ တစ္ေျပးညီ Floating Bubble ျဖင့္ ျပသေပးမွာ ျဖစ္ပါတယ္။ ဖုန္းေဘလ္ ေခြ်တာ ခ်င္သူမ်ားအတြက္ေတာ့ ဒီလုပ္ေဆာင္ခ်က္က အလြန္ အသံုး၀င္ပါတယ္။

Floating Bubble ကို ႏွိပ္ျခင္းျဖင့္ သူ႔ရဲ႕ ေဒတာ အသံုးျပဳမႈကို လွ်င္ျမန္စြာ Enable or Disable ျပဳလုပ္ႏုိင္ပါတယ္။

Home Screen မွ Find WiFi ကို ႏွိပ္ရင္ ၀ိုင္ဖိုင္ကြန္ရက္မ်ားကို ျပသေပးမွာ ျဖစ္ပါတယ္။ အခမဲ့ ၀ိုင္ဖိုင္ကြန္ရက္မ်ားရဲ႕ တည္ေနရာကို သိခ်င္ရင္ Get Directions ကို ႏွိပ္ပါ။ ဒါဆိုရင္ Google Map ကေန သူ႔ရဲ႕ တည္ေနရာကို ျပသေပးမွာပါ။

သူ႔ရဲ႕ ဖိုင္အရြယ္အစားဟာ 6MB ရွိၿပီး Android 5.0 နဲ႔ သူ႔အထက္မွာ အသံုးျပဳႏုိင္ပါတယ္။

Download

unicode

Mobile Data သက်သာစေမယ့် Datally

Datally: mobile data-saving & WiFi app ဟာ သင့် စမတ်ဖုန်းမှ မိုဘိုင်းဒေတာကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။ သူ့ကို Google က ဖန်တီးထားခြင်း ဖြစ်ပြီး သူဟာ မိုဘိုင်းဒေတာ မန်နေဂျာ ဖြစ်ပါတယ်။ သူက သင့် စမတ်ဖုန်းမှ မိုဘိုင်းဒေတာ အသုံးပြုမှုများကို စောင့်ကြည့်တွက်ချက်ပေးနိုင်ပါတယ်။ သင်က သူကနေတစ်ဆင့် သင့်စမတ်ဖုန်းမှ မိုဘိုင်းဒေတာ အသုံးပြုမှုများကို ကန့်သတ်ထိန်းချုပ်နိုင်ပါတယ်။ သူက App တစ်ခုချင်းစီရဲ့ မိုဘိုင်း ဒေတာ အသုံးပြုမှုများကို အသေးစိတ် တွက်ချက်ပေးနိုင်ပြီး သင်က မိုဘိုင်းဒေတာ အသုံးပြုမှုကို ပိတ်ပင်ချင်တဲ့ App များကို သတ်မှတ်ထားနိုင်ပါတယ်။ သူ့မှာ သင် လက်ရှိ အသုံးပြုနေတဲ့ App ရဲ့ ဒေတာ အသုံးပြုနေမှုကို အချိန်နဲ့တစ်ပြေးညီ Floating Bubble ဖြင့် ပြသပေးနိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။ အဲဒီအတွက် App တစ်ခုရဲ့ မိုဘိုင်းဒေတာ အသုံးပြုမှုကို သင်က အချိန်နဲ့တစ်ပြေးညီ သိနိုင်ပြီး ဆင်ခြင်နိုင်မှာ ဖြစ်ပါတယ်။ App များရဲ့ ဒေတာ အသုံးပြုမှုများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အလိုက် ခွဲခြားပြသပေးနိုင်တဲ့အတွက် တစ်နေ့တာ၊ တစ်ပတ်တာနဲ့ တစ်လအတွင်း သင့်ရဲ့ မိုဘိုင်းဒေတာ အသုံးပြုမှုကို လေ့လာနိုင်ပါတယ်။ သူ့မှာ ဝိုင်ဖိုင်ကွန်ရက်များကို ရှာဖွေနိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။

သူ့ကို ပထမဆုံး အကြိမ်ဖွင့်ရင် သူ့ရဲ့ လုပ်ဆောင်ချက်များကို ခွင့်ပြုပေးဖို့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။
Datally ရဲ့ Home Screen မှာ ဒီနေ့ အသုံးပြုထားတဲ့ မိုဘိုင်းဒေတာ ပမာဏကို ပြသပေးထားပါတယ်။ အောက်ခြေမှာတော့ Android OS, Hotspot နဲ့ App တစ်ခုချင်းစီရဲ့ ဒေတာ အသုံးပြုမှု ပမာဏကို ခွဲခြားပြသပေးထားပါတယ်။

Set Up Data Saver ကို နှိပ်ပါ။ နောက်အဆင့်မှာ Allow ကို နှိပ်ပါ။

နောက်အဆင့်မှာ Data Saver Bubble ကို Enable လုပ်ဖို့ အောက်ခြေမှ Open Settings ကို နှိပ်ပါ။

ပြီးရင်တော့ Datally ကို Set Up လုပ်ပြီးပါပြီ။ Home Screen ရဲ့ Data Usage Highlights ကဏ္ဍမှ Manage Data ကို နှိပ်ပါ။

ဒါဆိုရင် မကြာခင်က ဒေတာ အသုံးပြုထားတဲ့ App များနဲ့ ဒေတာ ပမာဏများနဲ့ အခြား App များ သုံးထားတဲ့ ဒေတာ ပမာဏများကို ပြသပေးထားပါတယ်။ App များရဲ့ ညာဘက်မှ သော့ခလောက်ကို တစ်ချက်နှိပ်ခြင်းဖြင့် App များရဲ့ ဒေတာ အသုံးပြုမှုကို Enable / Disable ပြုလုပ်နိုင်ပါတယ်။ အောက်ခြေမှာတော့ ဒေတာ အသုံးပြုမှုကို ပိတ်ပင်ထားတဲ့ App အရေအတွက်ကို ပြသပေးထားပါတယ်။

ဥပမာအားဖြင့် Facebook App ကို ဖွင့်ပြီး အသုံးပြုကြည့်ပါ။ ဒါဆိုရင် Facebook က အသုံးပြုနေတဲ့ ဒေတာ ပမာဏကို အချိန်နဲ့ တစ်ပြေးညီ Floating Bubble ဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။ ဖုန်းဘေလ် ချွေတာ ချင်သူများအတွက်တော့ ဒီလုပ်ဆောင်ချက်က အလွန် အသုံးဝင်ပါတယ်။

Floating Bubble ကို နှိပ်ခြင်းဖြင့် သူ့ရဲ့ ဒေတာ အသုံးပြုမှုကို လျှင်မြန်စွာ Enable or Disable ပြုလုပ်နိုင်ပါတယ်။

Home Screen မှ Find WiFi ကို နှိပ်ရင် ဝိုင်ဖိုင်ကွန်ရက်များကို ပြသပေးမှာ ဖြစ်ပါတယ်။ အခမဲ့ ဝိုင်ဖိုင်ကွန်ရက်များရဲ့ တည်နေရာကို သိချင်ရင် Get Directions ကို နှိပ်ပါ။ ဒါဆိုရင် Google Map ကနေ သူ့ရဲ့ တည်နေရာကို ပြသပေးမှာပါ။

သူ့ရဲ့ ဖိုင်အရွယ်အစားဟာ 6MB ရှိပြီး Android 5.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

You may be interested

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား
Android, FEATURES, HUBS
0 shares0 views

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား

Ko Thuya - Nov 19, 2018

Android ေပၚလာတာ ဆယ္စုႏွစ္တစ္ခုေက်ာ္လာပါၿပီ။ Update တစ္ခုထြက္တိုင္းမွာ လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ အခ်ိဳ႕ လုပ္ေဆာင္ခ်က္ေတြကို လူေတြ သိပ္မသိၾကပါဘူး။ ဒီပို႔စ္မွာ အန္းဒရြိဳက္ကို ဆရာတစ္ဆူလို သံုးႏိုင္မယ့္ နည္းလမ္းမ်ားကို ေဖာ္ျပလိုက္ပါတယ္။ ၁။ App မ်ားအတြက္ သီးျခား Shortcuts…

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား
Facebook, HUBS, NEWS
56 shares10 views

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား

Ko Thuya - Nov 19, 2018

Instagram မၾကာခင္က မိတ္ဆက္ခဲ့တဲ့ Download Your Data Tool ကေန User မ်ားရဲ႕ Password မ်ား ေပါက္ၾကားသြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္ User အနည္းငယ္သာ ေပါက္ၾကားသြားတာ ျဖစ္ၿပီး အခုေတာ့ လံုျခံဳေရး ဟာကြက္ကို…

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္
NEWS, Odd
62 shares21 views

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္

Ko Thuya - Nov 19, 2018

ခ်စ္စရာ အနက္နဲ႔ အ၀ါေရာင္ ေၾကာင္ေလး ႏွစ္ေကာင္ဟာ ဂ်ပန္ႏုိင္ငံ ဟီရိုရွီးမားၿမိဳ႕မွ အနုပညာ ျပတိုက္ကို တစ္ပတ္လွ်င္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ၀င္ဖို႔ ႀကိဳးစားေနပါတယ္။ သူတို႔ ဒီလိုလုပ္ေနတာ ၂ ႏွစ္ေလာက္ ရွိပါၿပီ။ လံုျခံဳေရး ၀န္ထမ္းမ်ားေၾကာင့္…

Leave a Comment

Most from this category