451 Shares 491 Views

Samsung ရဲ႕ GPU အသစ္က Gaming ဖုန္းတစ္လံုးထြက္လာဖုိ႔ လမ္းစတစ္ခုလား?

Jul 26, 2018
451 491

[Zawgyi] 

အခုတေလာထြက္ေနတဲ့သတင္းကေတာ့ Samsung ကေန အခုလက္ရိွ GPU ထုတ္ကုမၸဏီေတြကို ေက်ာ္ခြေျမလွန္ပစ္ႏုိင္ေလာက္တဲ့ Graphic chip ထုတ္လုပ္ေနတယ္ဆိုတဲ့သတင္းပါပဲ။

Samsung ကလည္း GPU ထိပ္တန္းကြ်မ္းက်င္ပညာရွင္ Dr. Chien-Ping Lu, (CP) ကိုအလုပ္ခန္႔လိုက္ျပီး သူကိုယ္တုိင္ ဒီ Graphic Chip အသစ္ထြက္ဖို႔ အင္တုိက္အားတုိက္ဦးေဆာင္ေနတယ္လို႔ သိရပါတယ္။ အခုထြက္လာမယ့္ GPU chip အသစ္ဟာဆိုရင္ေတာ့ျဖင့္ (🤭🤭) ဆယ္စုႏွစ္တစ္ခုအတြင္းမွာ ပထမဆံုး GPU ဒီဇုိင္းသစ္ျဖစ္ျပီး စမတ္ဖုန္း, IoT (Internet Of Things) device ေတြတင္မကဘဲ Console ေတြ PC ေတြအတြက္ေတာင္မွ ပိုဆန္းသစ္တဲ့လုပ္ေဆာင္ႏုိင္စြမ္းေတြကို ေပးႏုိင္လိမ့္မယ္လို႔ဆိုထားပါတယ္။

ဒီေတာ့  ဒီလို chip အသစ္ထုတ္လုိုက္ျခင္းရဲ႕ ေနာက္ထပ္လမ္းစသစ္တစ္ခုကို စဥ္းစားလုိက္ရင္ Samsung က Gaming Phone တစ္လံုးထုတ္ဖို႔စီစဥ္ေနလားဆုိတာကို ေတြးရျပန္ပါျပီ။

Image result for adreno gpu

ဒီ GPU အသစ္ဖန္တီးဖို႔အတြက္အေၾကာင္းရင္းက Virtual Reality (VR) အတြက္ စြမ္းအင္ကုန္သက္သာတဲ့ Low-Power Processor ဒီဇုိင္းကို သုေတသနလုပ္ရင္းကေန စတင္ခဲ့တယ္လို႔ပဲေျပာရမွာပါ။ အခုထြက္လာႏိုင္ေခ်ရိွတဲ့ SGPU project (Samsung’s GPU) ကေတာ့စြမ္းအင္ကုန္သက္သာျပီး resolution အရမ္းျမင့္ျမင့္ကိုပါ ေထာက္ပံ့ေပးႏုိင္တဲ့ Dynamic Display စြမး္ရည္မ်ိဳးကို ေပးစြမ္းႏုိင္မယ္လို႔ေမွ်ာ္လင့္ရပါတယ္။ ဆိုေတာ့ စြမ္းအင္ကုန္လည္းသက္သာတဲ့အျပင္ Image ရုပ္ထြက္လည္းအရမ္းလန္းမယ္ဆိုရင္ေတာ့ Gamer ေတြ, VR သမားေတြအတြက္ ေရြးခ်ယ္စရာျဖစ္လာပါလိမ့္မယ္။

Gamer ေတြဆိုေတာ့မွ ခုခ်ိန္ထိဆို Razor ဖုန္းတို႔၊ Xiaomi ရဲ႕ Black Shark  တို႔ Asus ရဲဲ႕ ROG Phone ဒါေတြက ဂိမး္သမားေတြအတြက္ ေရြးခ်ယ္စရာ ဂိမ္းအသားေပးဖုန္းေတြမွန္း အားလံုးသိၾကပါတယ္။ ဂိမ္မာေတြမ်ားေနသ၍ ဂိမ္းဖုန္းေတြပိုပိုထြက္လာသ၍ကေတာ့ GPU လုပ္ငန္းက တိမ္ေကာစရာအေၾကာင္းမရိွပါဘူး။ Samsung အေနနဲ႔ PC ေတြအတြက္လည္း GPU ထုတ္မယ္ဆိုေတာ့ လက္ရိွ NVIDIA နဲ႔ AMD တို႔ရဲ႕ ေစ်းကြက္က တစ္မ်ိဳးတစ္ဖံုေျပာင္းလဲသြားပါလိမ့္မယ္။ GPU အသစ္နဲ႔အတူ Gaming Phone တစ္လံုး Samsung ဆီက ထြက္လာႏုိင္မလားဆိုတာကေတာ့ အခ်ိန္ကပဲ စကားေျပာသြားပါလိမ့္မယ္။

Ref: Android Community

[Unicode]

အခုတလောထွက်နေတဲ့သတင်းကတော့ Samsung ကနေ အခုလက်ရှိ GPU ထုတ်ကုမ္ပဏီတွေကို ကျော်ခွမြေလှန်ပစ်နိုင်လောက်တဲ့ Graphic chip ထုတ်လုပ်နေတယ်ဆိုတဲ့သတင်းပါပဲ။

Samsung ကလည်း GPU ထိပ်တန်းကျွမ်းကျင်ပညာရှင် Dr. Chien-Ping Lu, (CP) ကိုအလုပ်ခန့်လိုက်ပြီး သူကိုယ်တိုင် ဒီ Graphic Chip အသစ်ထွက်ဖို့ အင်တိုက်အားတိုက်ဦးဆောင်နေတယ်လို့ သိရပါတယ်။ အခုထွက်လာမယ့် GPU chip အသစ်ဟာဆိုရင်တော့ဖြင့် (🤭🤭) ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပထမဆုံး GPU ဒီဇိုင်းသစ်ဖြစ်ပြီး စမတ်ဖုန်း, IoT (Internet Of Things) device တွေတင်မကဘဲ Console တွေ PC တွေအတွက်တောင်မှ ပိုဆန်းသစ်တဲ့လုပ်ဆောင်နိုင်စွမ်းတွေကို ပေးနိုင်လိမ့်မယ်လို့ဆိုထားပါတယ်။

ဒီတော့  ဒီလို chip အသစ်ထုတ်လိုက်ခြင်းရဲ့ နောက်ထပ်လမ်းစသစ်တစ်ခုကို စဉ်းစားလိုက်ရင် Samsung က Gaming Phone တစ်လုံးထုတ်ဖို့စီစဉ်နေလားဆိုတာကို တွေးရပြန်ပါပြီ။

Image result for adreno gpu

ဒီ GPU အသစ်ဖန်တီးဖို့အတွက်အကြောင်းရင်းက Virtual Reality (VR) အတွက် စွမ်းအင်ကုန်သက်သာတဲ့ Low-Power Processor ဒီဇိုင်းကို သုတေသနလုပ်ရင်းကနေ စတင်ခဲ့တယ်လို့ပဲပြောရမှာပါ။ အခုထွက်လာနိုင်ချေရှိတဲ့ SGPU project (Samsung’s GPU) ကတော့စွမ်းအင်ကုန်သက်သာပြီး resolution အရမ်းမြင့်မြင့်ကိုပါ ထောက်ပံ့ပေးနိုင်တဲ့ Dynamic Display စွမ်းရည်မျိုးကို ပေးစွမ်းနိုင်မယ်လို့မျှော်လင့်ရပါတယ်။ ဆိုတော့ စွမ်းအင်ကုန်လည်းသက်သာတဲ့အပြင် Image ရုပ်ထွက်လည်းအရမ်းလန်းမယ်ဆိုရင်တော့ Gamer တွေ, VR သမားတွေအတွက် ရွေးချယ်စရာဖြစ်လာပါလိမ့်မယ်။

Gamer တွေဆိုတော့မှ ခုချိန်ထိဆို Razor ဖုန်းတို့၊ Xiaomi ရဲ့ Black Shark  တို့ Asus ရဲ့ ROG Phone ဒါတွေက ဂိမ်းသမားတွေအတွက် ရွေးချယ်စရာ ဂိမ်းအသားပေးဖုန်းတွေမှန်း အားလုံးသိကြပါတယ်။ ဂိမ်မာတွေများနေသ၍ ဂိမ်းဖုန်းတွေပိုပိုထွက်လာသ၍ကတော့ GPU လုပ်ငန်းက တိမ်ကောစရာအကြောင်းမရှိပါဘူး။ Samsung အနေနဲ့ PC တွေအတွက်လည်း GPU ထုတ်မယ်ဆိုတော့ လက်ရှိ NVIDIA နဲ့ AMD တို့ရဲ့ ဈေးကွက်က တစ်မျိုးတစ်ဖုံပြောင်းလဲသွားပါလိမ့်မယ်။ GPU အသစ်နဲ့အတူ Gaming Phone တစ်လုံး Samsung ဆီက ထွက်လာနိုင်မလားဆိုတာကတော့ အချိန်ကပဲ စကားပြောသွားပါလိမ့်မယ်။

Ref: Android Community

You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Feb 17, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္

Ko Thuya - Feb 17, 2019

နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…

Leave a Comment

Most from this category