325 Shares 123 Views
Jul 26, 2018
325 123
[Zawgyi]
Ref:gadgets.ndtv
[Unicode]
Xperia XZ2 တွေကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်လိုက်တဲ့ Sony
Sony Xperia XZ2 စမတ်ဖုန်းတွေဟာ Motion Eye Camera နည်းပညာ, High-resolution audio, Front-facing Stereo speakers, water resistance IP65/68, HDR Displays, Qualcomm ရဲ့ Snapdragon 845 SoC တွေနဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါ့အပြင် Xperia XZ2 ဟာ ကမ္ဘာ့ ပထမဦးဆုံး 4K HDR ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။
၅.၇ လက်မ မျက်နှာပြင် အကျယ်ရှိ Full-HD+ Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080×2160 pixels ရှိပါတယ်။ Android 8.0 Oreo နဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပြီး RAM အနေနဲ့ 6GB ပါဝင်ပါတယ်။ နောက်ကျောဘက်မှာ 8x Digital Zoom နဲ့ 960fps Super Slow Motion ဗီဒီယိုများရိုက်ကူးနိုင်တဲ့ 19-MP Camera ကို တပ်ဆင်ထားပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာတော့ 23mm Wide Angle Lens နဲ့အတူ 5-MP Camera ကို တပ်ဆင်ထားမှာပါ။ Memory Storage ကတော့ 64GB ပါဝင်ပြီး MicroSD 400GB အထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ ပမာဏ 3180mAh ထည့်သွင်းပေးထားပြီး Qualcomm ရဲ့ Quick Charge 3.0 အမြန်အားသွင်းစနစ် ပါဝင်မှာ ဖြစ်ပါတယ်။ USB Type-C ကို အသုံးပြုထားပြီး အလေးချိန်ကတော့ 198grams ရှိပါတယ်။
Sony Xperia XZ2 စမတ်ဖုန်းတွေက MWC 2018 မှာ စတင်မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းများ ဖြစ်ကြပြီး ယခုအခါ အိန္ဒိယနိုင်ငံမှာ ထပ်မံ မိတ်ဆက်ခြင်း ဖြစ်ပါတယ်။ Xperia XZ2 တွေကို အိန္ဒိယနိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းကတော့ အိန္ဒိယ ငွေ ၇၂၉၉၀ ရူပီး (မြန်မာငွေ ၁၅သိန်း ဝန်းကျင်) ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရောင်းချနေတယ့် စျေးနှုန်းကတော့ ၁၀သိန်း ဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။
Ref:gadgets.ndtv
You may be interested
Android ကို Pro လို သုံးနိုင်မယ့် Tips များ
Android, FEATURES, HUBS
0 shares0 views
Android ကို Pro လို သုံးနိုင်မယ့် Tips များ
Ko Thuya - Nov 19, 2018
Android ပေါ်လာတာ ဆယ်စုနှစ်တစ်ခုကျော်လာပါပြီ။ Update တစ်ခုထွက်တိုင်းမှာ လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အချို့ လုပ်ဆောင်ချက်တွေကို လူတွေ သိပ်မသိကြပါဘူး။ ဒီပို့စ်မှာ အန်းဒရွိုက်ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။ ၁။ App များအတွက် သီးခြား Shortcuts…
Instagram မှ User များရဲ့ Password များ ပေါက်ကြား
Facebook, HUBS, NEWS
56 shares10 views
Instagram မှ User များရဲ့ Password များ ပေါက်ကြား
Ko Thuya - Nov 19, 2018
Instagram မကြာခင်က မိတ်ဆက်ခဲ့တဲ့ Download Your Data Tool ကနေ User များရဲ့ Password များ ပေါက်ကြားသွားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့် User အနည်းငယ်သာ ပေါက်ကြားသွားတာ ဖြစ်ပြီး အခုတော့ လုံခြုံရေး ဟာကွက်ကို…
အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်
NEWS, Odd
86 shares25 views
အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်
Ko Thuya - Nov 19, 2018
ချစ်စရာ အနက်နဲ့ အ၀ါရောင် ကြောင်လေး နှစ်ကောင်ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှ အနုပညာ ပြတိုက်ကို တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ်လောက် ၀င်ဖို့ ကြိုးစားနေပါတယ်။ သူတို့ ဒီလိုလုပ်နေတာ ၂ နှစ်လောက် ရှိပါပြီ။ လုံခြုံရေး ၀န်ထမ်းများကြောင့်…
Leave a Comment
Most from this category