0 Shares 57 Views


Jul 26, 2018
0 57





Ref : digitaltrends

unicode

Waymo က မောင်းသူမဲ့ကားများဖြင့် ဈေးဝယ်သူများအား Walmart သို့ ပို့ဆောင်မည်

Google ရဲ့ ကုမ္ပဏီခွဲ Waymo ဟာ မောင်းသူမဲ့ ကားများကို ဖန်တီးနေပါတယ်။ Waymo ဟာ မောင်းသူမဲ့ ကားများကို အများပြည်သူများ စမ်းသပ်စီးနင်းနိုင်တဲ့ အစီအစဉ်ကို ပြုလုပ်ပေးထားတာ တစ်နှစ်ကျော်နေပါပြီ။ အခုတော့ ကုမ္ပဏီက Walmart နဲ့ ပူးပေါင်းပြီး ဈေးဝယ်ယူသူများအား မောင်းသူမဲ့ ကားများဖြင့် ကုန်တိုက်ကို ပို့ဆောင်ပေးမယ့် အစီအစဉ်ကို ပြုလုပ်ပေးလိုက်ပါတယ်။

နေအိမ်ကနေ အွန်လိုင်းမှ ကုန်ပစ္စည်းများကို ဝယ်ယူတဲ့ လူများရဲ့ အိမ်ကို Waymo ရဲ့ ကားများက လာရောက်ခေါ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ မှာယူထားတဲ့ပစ္စည်းများကို Walmart မှ ဝန်ထမ်းများက ထုပ်ပိုးထားချိန်မှာ မောင်းသူမဲ့ ကားက ကုန်တိုက်ကို ခေါ်ဆောင်လာမှာ ဖြစ်ပါတယ်။ မောင်းသူမဲ့ ကားများဖြင့် ဈေးဝယ်ယူသူများအတွက် ကုန်ပစ္စည်းများကို ဈေးလျှော့ပေးမယ့် အစီအစဉ်ကိုလည်း ပြုလုပ်ပေးထားပါတယ်။

Waymo က မောင်းသူမဲ့ ကားများဖြင့် Walmart သို့ ပို့ဆောင်ပေးတဲ့ အစီအစဉ်ကို အရီဇိုးနား ပြည်နယ်မှာ ပြုလုပ်ပေးလိုက်တာပါ။ မောင်းသူမဲ့ ကားများဖြင့် ဈေးဝယ်သူများအား ပို့ဆောင်ပေးနေစဉ်မှာ ကားရဲ့ Entertainment System ကလည်း အပျင်းပြေအောင် ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

Waymo က Avis Budget Group လို အငှားကား ကုမ္ပဏီများနဲ့လည်း ပူးပေါင်းလုပ်ကိုင်နေပါတယ်။ Avis က Waymo ရဲ့ မောင်းသူမဲ့ ကားများအား ကားငှားသူများကို ငှားရမ်းပေးနေပါတယ်။ ဒါ့အပြင် Waymo က AutoNation နဲ့ ပူးပေါင်း၍လည်း သူ့ရဲ့ မောင်းသူမဲ့ကားများကို ငှားရမ်းပေးနေပါတယ်။

Ref : digitaltrends

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category