HTC U12 Life မွာ ၆ လက္မ 18:9 Screen ပါလာႏိုင္

HTC က U12 Life အမည္ရ စမတ္ဖုန္းကို ဖန္တီးေနတယ္လို႔ သတင္းထြက္လာပါတယ္။ ယခင္ႏွစ္ကလည္း HTC ဟာ စြမ္းရည္ျမင့္ U11 ရဲ႕ အစိတ္အပိုင္းအခ်ိဳ႕ ထည့္သြင္းထားတဲ့ စြမ္းရည္သင့္ U11 Life ကို ေရာင္းခ်ခဲ့ပါတယ္။ ယခုႏွစ္ U12 Life မွာ ၆ လက္မ 1080x2160p Display ထည့္သြင္းထားမွာ ျဖစ္ၿပီး မ်က္ႏွာျပင္အခ်ိဳးမွာ 18:9 ျဖစ္ပါတယ္။

Chipset မွာ Kryo 260 Core ၈ လံုးပါတဲ့ Snapdragon 636 ျဖစ္ပါတယ္။ 4GB RAM , 64GB Internal Storage မ်ား ပါလာႏုိင္ပါတယ္။ microSD Card စိုက္ႏုိင္ပါတယ္။ အေနာက္ဘက္မွာ 16MP+5MP Camera မ်ား ထည့္သြင္းထားပါတယ္။ 4K Video မ်ားကို ရိုက္ကူးႏုိင္ပါတယ္။ 13MP Selfie Camera တစ္လံုး တပ္ဆင္ေပးထားပါတယ္။

3600mAh Battery ထည့္သြင္းထားပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာလည္း ထည့္သြင္းထားပါတယ္။ ေရစိုခံစြမ္းရည္ ပါမလားဆိုတာကိုေတာ့ မသိရေသးပါဘူး။ U11 Life မွာလို IP67 ပါလာႏုိင္ပါတယ္။ သူ႔ကို ေရာင္းခ်မယ့္ အခ်ိန္နဲ႔ ေစ်းႏႈန္းကို မသိရေသးပါဘူး။ ယခင္ႏွစ္က U11 Life ကို ၃၅၀ ေဒၚလာ သတ္မွတ္ထားပါတယ္။ U11 Life အတြက္ Android One Version ကုိလည္း ထုတ္လုပ္ေပးခဲ့တဲ့အတြက္ U12 Life အတြက္လည္း Android One Version ထြက္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref : gsmarena

unicode

HTC U12 Life မှာ ၆ လက်မ 18:9 Screen ပါလာနိုင်

HTC က U12 Life အမည်ရ စမတ်ဖုန်းကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ ယခင်နှစ်ကလည်း HTC ဟာ စွမ်းရည်မြင့် U11 ရဲ့ အစိတ်အပိုင်းအချို့ ထည့်သွင်းထားတဲ့ စွမ်းရည်သင့် U11 Life ကို ရောင်းချခဲ့ပါတယ်။ ယခုနှစ် U12 Life မှာ ၆ လက်မ 1080x2160p Display ထည့်သွင်းထားမှာ ဖြစ်ပြီး မျက်နှာပြင်အချိုးမှာ 18:9 ဖြစ်ပါတယ်။

Chipset မှာ Kryo 260 Core ၈ လုံးပါတဲ့ Snapdragon 636 ဖြစ်ပါတယ်။ 4GB RAM , 64GB Internal Storage များ ပါလာနိုင်ပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 16MP+5MP Camera များ ထည့်သွင်းထားပါတယ်။ 4K Video များကို ရိုက်ကူးနိုင်ပါတယ်။ 13MP Selfie Camera တစ်လုံး တပ်ဆင်ပေးထားပါတယ်။

3600mAh Battery ထည့်သွင်းထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာလည်း ထည့်သွင်းထားပါတယ်။ ရေစိုခံစွမ်းရည် ပါမလားဆိုတာကိုတော့ မသိရသေးပါဘူး။ U11 Life မှာလို IP67 ပါလာနိုင်ပါတယ်။ သူ့ကို ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ ယခင်နှစ်က U11 Life ကို ၃၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ U11 Life အတွက် Android One Version ကိုလည်း ထုတ်လုပ်ပေးခဲ့တဲ့အတွက် U12 Life အတွက်လည်း Android One Version ထွက်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena

%d bloggers like this: