0 Shares 893 Views

ကမ္ဘာ့ပထမဆုံး HDR Display ပါဝင်တဲ့ ဖုန်းဖြစ်လာမယ့် Sony Xperia X Premium

Apr 21, 2016
0 893

ပြီးခဲ့တဲ့ MWC 2016 ပွဲမှာ Sony ဟာ Xperia X စီးရီးထဲက မော်ဒယ်အသစ်သုံးမျိုးကို မိတ်ဆက်ခဲ့ပြီး၊ ဒီနှစ်အတွက် ကုမ္ပဏီရဲ့ အဓိကစမတ်ဖုန်းစီးရီးဖြစ်တဲ့ Xperia Z ကို ထုတ်မှာမဟုတ်ဘူးလို့ တရားဝင် ကြေငြာထားခဲ့ပါတယ်။

ဒီအတွက်ကြောင့်၊ Xperia Z ရဲ့ နေရာမှာ Xperia X စီးရီးက Sony ရဲ့ အဓိက flagship စမတ်ဖုန်းစီးရီး ဖြစ်သွားခဲ့ပါတယ်။

ယခု ပေါက်ကြားလာတဲ့သတင်းတစ်ခုအရ Sony ဟာ HDR ပုံရိပ်အရည်အသွေးမြင့်မျက်နှာပြင်ပါဝင်တဲ့ ကမ္ဘာ့ ပထမဆုံးစမတ်ဖုန်းတစ်လုံးကို ထုတ်သွားဖို့ စီစဉ်လျက်ရှိကြောင်းသိရပါတယ်။

ဒီဖုန်းဟာ မနှစ်ကထွက်ရှိထားတဲ့ ကမ္ဘာ့ပထမဆုံး 4K resolution ပါ Xperia Z5 Premium ဖုန်းနေရာကို ဆက်ခံမယ့်ဖုန်းဖြစ်ပြီး၊ Xperia X Premium လို့ နာမည်ပေးထားကြောင်း သိရှိရပါတယ်။

Xperia X Performance ဖုန်းမှာ ၅.၅ လက်မအရွယ်ရှိတဲ့ Full HD (1920x1080pixels) LCD မျက်နှာပြင် ပါဝင်ပြီး၊ display နည်းပညာလောကမှာ ရေပန်းစားနေတဲ့ HDR နည်းပညာလည်း မျက်နှာပြင်မှာ ပါဝင်လာမယ်လို့ သိရပါတယ်။ HDR ပုံရိပ်တွေဖော်ပြနိုင်တဲ့စခရင်ဟာ pixel အရည်အသွေးရော၊ အလင်းအမှောင်၊ ကာလာအရောင်အသွေးတွေပါ ပိုကောင်းသလို၊ ပုံရိပ်တွေကလည်း သဘာဝပိုဆန်ပါတယ်။

ဒီ့အပြင် Xperia X Premium ဖုန်းဟာ စမတ်ဖုန်းတွေထဲမှာ brightness အများဆုံးဖုန်းလည်းဖြစ်ပြီး၊ အလင်းယူနစ် ၁၃၀၀ အထိဖော်ပြနိုင်တယ်လို့ သိရပါတယ်။ လက်ရှိ Samsung Galaxy S7 ဟာ 855 nits အထိပေးစွမ်းနိုင်ပြီး၊ Xiaomi Mi 5 ဖုန်းက 600 nits အထိပဲ အများဆုံးရပါတယ်။ လက်ရှိဈေးကွက်ထဲက စမတ်ဖုန်းအများစုဟာ အရောင်အား (color depth) ၁၆.၈ မီလီယံသာ ဖော်ပြနိုင်ပေမယ့်၊ Xperia X Premium ဖုန်းကတော့ ၁.၀၇ ဘီလီယံကာလာအထိ ဖော်ပြနိုင်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

လက်ရှိအချိန်မှာတော့ နောက်ထွက်မယ့် Sony Xperai X Premium ဖုန်းရဲ့ တခြားအသေးစိတ်အချက်အလက် တွေကို မသိရသေးပဲ၊ နောင်မကြာခင်မှာ ထပ်မံသိရှိရဖို့တော့ ရှိပါတယ်။

Ref: Gadgets 360, Phoneradar, TechTimes

 

 

 

You may be interested

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia
NEWS
0 shares0 views

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia

Ko Thuya - Feb 19, 2018

Nvidia က ဥာဏ်ရည်တု နည်းပညာ ကုမ္ပဏီ AnyVision နဲ့ ပူးပေါင်းပြီး မျက်နှာအာရုံခံ နည်းပညာပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို တီထွင်နေပါတယ်။ အဲဒီ ကင်မရာများဟာ ကမ္ဘာအ၀န်းမှ စမတ် မြို့တော်များအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေကြတဲ့ CCTV…

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
203 shares92 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
149 shares346 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

Leave a Comment

Most from this category