0 Shares 115 Views
Grammer အမှားတွေကို AI နည်းပညာသုံးပြီးစစ်ဆေးနိုင်တဲ့ Google Docs
Jul 25, 2018
0 115
[Zawgyi]
[Unicode]
Google Docs နဲ့ဆိုရင်တော့ Grammer မှန်မမှန်စစ်ဆေးပေးတဲ့ Grammarly လို Tools တွေသုံးစရာလိုတော့မယ်မထင်ပါဘူး။ Google ကနေ သူ့ရဲ့ Docs user တွေအတွက် AI နည်းပညာကိုသုံးပြီး အခြေခံ Grammer အသုံးတွေ (ဥပမာ “an” အစား “a” သုံးဖို့တွေ) ကစလို့ ဝါကျဖွဲ့စည်းပုံ စကားလုံးနေရာအထားအသိုတွေထိပါ စစ်ဆေးပေးနိုင်တော့မှာဖြစ်ပါတယ်။ အခုဆိုရင် သူ့ရဲ့ Grammer စစ်ဆေးပေးတဲ့ AI နည်းပညာက ဝါကျအမှားအယွင်းဖြစ်လို့ ပြဿနာတက်မယ့်ကိစ္စတွေကို ကင်းဝေးစေနိုင်တော့မယ့်ပုံပါပဲ။
The new feature in action.
ဒါပေမယ့် ထွက်ထွက်ချင်းအချိန်မှာတော့ လုပ်ငန်းသုံးတွေအတွက်သာ ဒီ Feature ရနိုင်ဦးမှာပါ။ နောင်ကျရင်တော့ Google အနေနဲ့ လူတိုင်းလူတိုင်းအတွက်ထုတ်ပေးနိုင်ဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒီ Google Docs AI နည်းပညာအပြင် အော်တိုအီးမေးလ်ရေးတဲ့ဆော့ဖ်ဝဲလ်ကိုလည်းထုတ်ဖို့လုပ်နေဆဲပါပဲ။ Smart Reply ဆိုတဲ့ Feature ကတော့ ဝင်လာတဲ့မက်ဆေ့ချ်တွေကိုဘယ်လိုစာပြန်မလဲဆိုတာ ခန့်မှန်းတဲ့ Feature လေးပါ။ အခုဆို ဒီ Feature လေးလည်း Hangouts Chat မှာရောက်လာတော့မှာဖြစ်ပါတယ်။
ဒါတွေအပြင် G Suite user တွေအတွက်လည်း အီးမေးလ်ရေးမယ့်စာကို ခန့်မှန်းပေးမယ့် Feature လေးတစ်ခုဖြစ်တဲ့ ဒီနှစ် Google I/O မှာလည်း မိတ်ဆက်ခဲ့ပြီးဖြစ်တဲ့ Smart Compose ကိုလည်း ရနိုင်တော့မှာဖြစ်ပါတယ်။ Smart Compose ကတော့ Smart Reply နဲ့ခပ်ဆင်ဆင်ကိုမှ အီးမေးလ်ပို့တဲ့စာကိုခန့်မှန်းပေးတဲ့ Feature လေးပါ (ပုံမှာပြထားပါတယ်။)
Who even needs to type anymore?
Source: Engadget, Mashable
You may be interested
Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views
Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Ko Thuya - Apr 21, 2019
Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…
EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views
EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Ko Thuya - Apr 21, 2019
Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…
F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views
F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Ko Thuya - Apr 21, 2019
မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…
Leave a Comment
Most from this category