2072 Shares 10648 Views

ယခုႏွစ္၀က္အတြင္း ထြက္ရွိထားတဲ့ အေကာင္းဆံုး Android Phone မ်ား

Jul 25, 2018
2072 10648

အခုဆိုရင္ ၂၀၁၈ ခုႏွစ္ရဲ႕ ႏွစ္၀က္ကို ေက်ာ္လြန္လာၿပီ ျဖစ္ပါတယ္။ အခုအခ်ိန္မွာ ဖုန္း ၀ယ္ယူမယ့္လူမ်ားအတြက္ အေကာင္းဆံုး Android Phone မ်ားကို ေရြးေပးခ်င္ပါတယ္။ ၀ယ္မယ့္လူမ်ား စိတ္ႀကိဳက္ ေရြးခ်ယ္ႏုိင္ေစဖို႔ က႑အလိုက္ အေကာင္းဆံုးမ်ားကို ခြဲျခားျပသေပးထားပါတယ္။

စြမ္းရည္ အျမင့္ဆံုးက Samsung Galaxy S9/S9+ နဲ႔ Huawei P20 Pro

Samsung Galaxy S9/S9+

Samsung Galaxy S9/S9+ တို႔ဟာ Huawei P20 Pro နဲ႔အတူ အေကာင္းဆံုး ဖုန္းစာရင္းမွာ ထိပ္ဆံုးက ရပ္တည္ေနပါတယ္။ Samsung Galaxy S9/S9+ တို႔ဟာ စကရင္ အရြယ္အစား နဲ႔ ဘက္ထရီကလြဲၿပီး က်န္တာအားလံုးဟာ တူညီတယ္လို႔ ေျပာႏိုင္ပါတယ္။ S9+ မွာ ၆.၂ လက္မ စကရင္နဲ႔ 3500mAh Battery မ်ား ပါပါတယ္။

ပိုက္ဆံ တတ္ႏုိင္ရင္ေတာ့ သူတို႔ ႏွစ္လံုးဟာ အေကာင္းဆံုး အန္းဒရြိဳက္ဖုန္းေတြပါ။ ဒီဇိုင္းကလည္း အံ့မခန္း လွပပါတယ္။ ဂိမ္းကစားဖို႔၊ ရုပ္ရွင္မ်ား ၾကည့္ဖို႔အတြက္လည္း အေကာင္းဆံုးပါ။ ဘက္ထရီ သက္တမ္းတစ္ခုသာ အနည္းငယ္ အားနည္းပါတယ္။

Huawei P20 Pro

Huawei P20 Pro ကို ရုတ္တရက္ျမင္လိုက္တာနဲ႔တင္ ဒီဇိုင္းက ေၾကြခ်င္စရာပါ။ ဒါ့အျပင္ လက္တစ္ဖက္ထဲနဲ႔ေတာင္ သူ႔ကို သံုးႏိုင္ပါတယ္။ တည္ေဆာက္မႈ အရည္အေသြးက အျပစ္ေျပာစရာ မရွိပါဘူး။ သူ႔မွာ အေနာက္ ကင္မရာ သံုးလံုးေတာင္ ပါပါတယ္။ 40 Megapixel Main Sensor + 20 Megapixel Monochrome Sensor + 8 Megapixel Telephoto Lens မ်ားျဖစ္ပါတယ္။ အဲဒီ ကင္မရာ သံုးလံုး စုေပါင္းၿပီး ဓါတ္ပံုမ်ားရဲ႕ အရည္အေသြးကို အေကာင္းဆံုး ဖန္တီးေပးပါတယ္။ Leica က ထုတ္လုပ္ေပးထားတဲ့ ကင္မရာမ်ား ျဖစ္ပါတယ္။

တန္ဖိုးမႀကီးတဲ့ စြမ္းရည္ျမင့္ဖုန္းမ်ားက OnePlus 6 နဲ႔ Honor 10

OnePlus 6

တန္ဖိုးလည္း အလြန္ မႀကီးတဲ့ စြမ္းရည္ျမင့္ ဖုန္းကို လိုခ်င္ရင္ OnePlus 6 ကို ေရြးခ်ယ္ပါ။ သူ႔ရဲ႕ Interface ဟာ Stock Android နဲ႔ အလြန္တူတဲ့အတြက္ အသံုးျပဳရတာ အလြန္ ရွင္းလင္းပါတယ္။ မ်က္ႏွာျပင္ အရည္အေသြးကလည္း ေကာင္းမြန္ၿပီး 1080x2280p Resolution ရွိပါတယ္။ Optic AMOLED နည္းပညာပါပါတယ္။ သူ႔ရဲ႕ ဒီဇိုင္းနဲ႔ စြမ္းရည္က အျခား စြမ္းရည္ျမင့္ ၿပိဳင္ဖက္ဖုန္းမ်ားကို ယွဥ္ႏုိင္ပါတယ္။

Honor 10

Honor 10 ဟာ ေပးရတဲ့ ေစ်းထက္တန္တဲ့ ဖုန္းပါ။ စြမ္းရည္နဲ႔ ဒီဇိုင္း အပိုင္းမွာ ၿပိဳင္ဖက္ စြမ္းရည္ျမင့္ ဖုန္းမ်ားကို အမွီလိုက္ႏုိင္ပါတယ္။ သူ႔မွာ ၅.၈၄ လက္မ LCD Screen ထည့္သြင္းထားၿပီး User Interface ကလည္း အသံုးျပဳရတာ လြယ္ကူပါတယ္။ ကင္မရာမ်ားလည္း အံ့မခန္း ေကာင္းမြန္ပါတယ္။ ဟြာေ၀း ကိုယ္တိုင္ထုတ္တဲ့ Kirin 970 ကလည္း ၿပိဳင္ဖက္ ဖုန္းမ်ားမွ Chipset မ်ားကို ယွဥ္ႏုိင္ပါတယ္။ လွ်င္ျမန္စြာ အားသြင္း စနစ္လည္း ပါပါတယ္။

ကင္မရာအပိုင္းမွာ အေကာင္းဆံုးက Google Pixel 2 , Pixel 2 XL

Google ရဲ႕ ဒုတိယမ်ိဳးဆက္ ဖုန္းမ်ားျဖစ္ၿပီး အေကာင္းဆံုး အန္းဒရြိဳက္ ဖုန္း စာရင္း၀င္ေနပါတယ္။ သူတုိ႔ရဲ႕ ၿပိဳင္ဖက္မ်ားထက္ သာတဲ့ အစိတ္အပိုင္းမ်ားက ကင္မရာျဖစ္ပါတယ္။ Google က ကင္မရာ အစိတ္အပိုင္းမ်ားကို Software နဲ႔ ေကာင္းစြာ ေထာက္ကူထားတာက အေျပာင္ေျမာက္ဆံုး ျဖစ္ေနပါတယ္။ သူတို႔ရဲ႕ ဒီဇိုင္းက အလွပဆံုးလို႔ မေျပာႏုိင္ေပမယ့္ Pure Android က အထင္ ႀကီးစရာပါ။

ေဒၚလာ ၂၅၀ ေအာက္မွာ အေကာင္းဆံုးက Honor 7X

တန္ဖုိးနည္း ဖုန္းေတြထဲမွာ အေကာင္းဆံုးက Honor 7X ပါ။ သူ႔မွာ စြမ္းရည္ျမင့္ လုပ္ေဆာင္ခ်က္မ်ား ပါပါတယ္။ ေပးရတဲ့ ေစ်းထက္တန္တဲ့ တန္ဖိုးနည္း ဖုန္း ျဖစ္ပါတယ္။ သူ႔မွာ ၅.၉၃ လက္မ Full HD+ Display , Kirin 659 Processor , 3340mAh Battery , 16MP+2MP Dual Rear Camera မ်ား ပါပါတယ္။

Ref : androidpit

unicode

ယခုနှစ်ဝက်အတွင်း ထွက်ရှိထားတဲ့ အကောင်းဆုံး Android Phone များ

အခုဆိုရင် ၂၀၁၈ ခုနှစ်ရဲ့ နှစ်ဝက်ကို ကျော်လွန်လာပြီ ဖြစ်ပါတယ်။ အခုအချိန်မှာ ဖုန်း ဝယ်ယူမယ့်လူများအတွက် အကောင်းဆုံး Android Phone များကို ရွေးပေးချင်ပါတယ်။ ဝယ်မယ့်လူများ စိတ်ကြိုက် ရွေးချယ်နိုင်စေဖို့ ကဏ္ဍအလိုက် အကောင်းဆုံးများကို ခွဲခြားပြသပေးထားပါတယ်။

စွမ်းရည် အမြင့်ဆုံးက Samsung Galaxy S9/S9+ နဲ့ Huawei P20 Pro

Samsung Galaxy S9/S9+

Samsung Galaxy S9/S9+ တို့ဟာ Huawei P20 Pro နဲ့အတူ အကောင်းဆုံး ဖုန်းစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ Samsung Galaxy S9/S9+ တို့ဟာ စကရင် အရွယ်အစား နဲ့ ဘက်ထရီကလွဲပြီး ကျန်တာအားလုံးဟာ တူညီတယ်လို့ ပြောနိုင်ပါတယ်။ S9+ မှာ ၆.၂ လက်မ စကရင်နဲ့ 3500mAh Battery များ ပါပါတယ်။

ပိုက်ဆံ တတ်နိုင်ရင်တော့ သူတို့ နှစ်လုံးဟာ အကောင်းဆုံး အန်းဒရွိုက်ဖုန်းတွေပါ။ ဒီဇိုင်းကလည်း အံ့မခန်း လှပပါတယ်။ ဂိမ်းကစားဖို့၊ ရုပ်ရှင်များ ကြည့်ဖို့အတွက်လည်း အကောင်းဆုံးပါ။ ဘက်ထရီ သက်တမ်းတစ်ခုသာ အနည်းငယ် အားနည်းပါတယ်။

Huawei P20 Pro

Huawei P20 Pro ကို ရုတ်တရက်မြင်လိုက်တာနဲ့တင် ဒီဇိုင်းက ကြွေချင်စရာပါ။ ဒါ့အပြင် လက်တစ်ဖက်ထဲနဲ့တောင် သူ့ကို သုံးနိုင်ပါတယ်။ တည်ဆောက်မှု အရည်အသွေးက အပြစ်ပြောစရာ မရှိပါဘူး။ သူ့မှာ အနောက် ကင်မရာ သုံးလုံးတောင် ပါပါတယ်။ 40 Megapixel Main Sensor + 20 Megapixel Monochrome Sensor + 8 Megapixel Telephoto Lens များဖြစ်ပါတယ်။ အဲဒီ ကင်မရာ သုံးလုံး စုပေါင်းပြီး ဓါတ်ပုံများရဲ့ အရည်အသွေးကို အကောင်းဆုံး ဖန်တီးပေးပါတယ်။ Leica က ထုတ်လုပ်ပေးထားတဲ့ ကင်မရာများ ဖြစ်ပါတယ်။

တန်ဖိုးမကြီးတဲ့ စွမ်းရည်မြင့်ဖုန်းများက OnePlus 6 နဲ့ Honor 10

OnePlus 6

တန်ဖိုးလည်း အလွန် မကြီးတဲ့ စွမ်းရည်မြင့် ဖုန်းကို လိုချင်ရင် OnePlus 6 ကို ရွေးချယ်ပါ။ သူ့ရဲ့ Interface ဟာ Stock Android နဲ့ အလွန်တူတဲ့အတွက် အသုံးပြုရတာ အလွန် ရှင်းလင်းပါတယ်။ မျက်နှာပြင် အရည်အသွေးကလည်း ကောင်းမွန်ပြီး 1080x2280p Resolution ရှိပါတယ်။ Optic AMOLED နည်းပညာပါပါတယ်။ သူ့ရဲ့ ဒီဇိုင်းနဲ့ စွမ်းရည်က အခြား စွမ်းရည်မြင့် ပြိုင်ဖက်ဖုန်းများကို ယှဉ်နိုင်ပါတယ်။

Honor 10

Honor 10 ဟာ ပေးရတဲ့ ဈေးထက်တန်တဲ့ ဖုန်းပါ။ စွမ်းရည်နဲ့ ဒီဇိုင်း အပိုင်းမှာ ပြိုင်ဖက် စွမ်းရည်မြင့် ဖုန်းများကို အမှီလိုက်နိုင်ပါတယ်။ သူ့မှာ ၅.၈၄ လက်မ LCD Screen ထည့်သွင်းထားပြီး User Interface ကလည်း အသုံးပြုရတာ လွယ်ကူပါတယ်။ ကင်မရာများလည်း အံ့မခန်း ကောင်းမွန်ပါတယ်။ ဟွာဝေး ကိုယ်တိုင်ထုတ်တဲ့ Kirin 970 ကလည်း ပြိုင်ဖက် ဖုန်းများမှ Chipset များကို ယှဉ်နိုင်ပါတယ်။ လျှင်မြန်စွာ အားသွင်း စနစ်လည်း ပါပါတယ်။

ကင်မရာအပိုင်းမှာ အကောင်းဆုံးက Google Pixel 2 , Pixel 2 XL

Google ရဲ့ ဒုတိယမျိုးဆက် ဖုန်းများဖြစ်ပြီး အကောင်းဆုံး အန်းဒရွိုက် ဖုန်း စာရင်းဝင်နေပါတယ်။ သူတို့ရဲ့ ပြိုင်ဖက်များထက် သာတဲ့ အစိတ်အပိုင်းများက ကင်မရာဖြစ်ပါတယ်။ Google က ကင်မရာ အစိတ်အပိုင်းများကို Software နဲ့ ကောင်းစွာ ထောက်ကူထားတာက အပြောင်မြောက်ဆုံး ဖြစ်နေပါတယ်။ သူတို့ရဲ့ ဒီဇိုင်းက အလှပဆုံးလို့ မပြောနိုင်ပေမယ့် Pure Android က အထင် ကြီးစရာပါ။

ဒေါ်လာ ၂၅၀ အောက်မှာ အကောင်းဆုံးက Honor 7X

တန်ဖိုးနည်း ဖုန်းတွေထဲမှာ အကောင်းဆုံးက Honor 7X ပါ။ သူ့မှာ စွမ်းရည်မြင့် လုပ်ဆောင်ချက်များ ပါပါတယ်။ ပေးရတဲ့ ဈေးထက်တန်တဲ့ တန်ဖိုးနည်း ဖုန်း ဖြစ်ပါတယ်။ သူ့မှာ ၅.၉၃ လက်မ Full HD+ Display , Kirin 659 Processor , 3340mAh Battery , 16MP+2MP Dual Rear Camera များ ပါပါတယ်။

Ref : androidpit

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category