အိန္ဒိယမှာ ကျင်းပခဲ့တဲ့ Open Ears Forum မှာ OnePlus 5 နဲ့ 5T တို့လို ဖုန်းအဟောင်းကို ကိုင်ဆောင်ထားသူများက ကုမ္ပဏီအား လုပ်ဆောင်ချက် အသစ်များကို ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ OnePlus ရဲ့ Developer Team ကလည်း လုပ်ဆောင်ချက် အများစုကို ထည့်သွင်းပေးဖို့ ကတိပေးခဲ့ပါတယ်။
အနာဂတ် Update မှာ ထည့်သွင်းပေးမယ့် လုပ်ဆောင်ချက်များထဲမှ အကောင်းဆုံးလို့ ပြောနိုင်တဲ့ တစ်ခုက Selfie Portrait Mode ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို OnePlus 6 မှာ စတင် မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို OnePlus 5 နဲ့ 5T တို့တွင် Software နည်းပညာဖြင့် ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
အဲဒီအတွက် OnePlus 3 နဲ့ 3T တို့လို ဖုန်းအဟောင်းများမှာလည်း ဒီလုပ်ဆောင်ချက်ကို OnePlus က ထည့်သွင်းပေးနိုင်ပါတယ်။ OnePlus က အခြားလုပ်ဆောင်ချက်နဲ့ ပြင်ဆင်မှုများကိုလည်း ဖုန်းအဟောင်းများမှာ ထည့်သွင်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီအထဲမှာ Oil Painting Effect နဲ့ ပတ်သက်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက အဲဒီ Bug ကို ပြင်ဆင်ပေးတဲ့ Update များစွာကိုလည်း လက်ရှိမှာ ဖြန့်ချီပေးထားပါတယ်။ ကြည့်ရတာတော့ Bug ကို အပြီးသတ် မပြင်ဆင်နိုင်သေးတဲ့ ပုံပါ။
Ref : gsmarena
unicode
OnePlus 5 နဲ့ 5T အတွက် Selfie Portrait Mode ရမည်