1340 Shares 2967 Views

တရားဝင္မိတ္ဆက္ခဲ့ျပီျဖစ္တဲ့ Xiaomi Mi A2 နဲ႔ Mi A2 Lite တုိ႔အေၾကာင္း

Jul 25, 2018
1340 2967

[Zawgyi]

ေစာင့္စားေနခဲ့ရတဲ့ Xiaomi ရဲ႕ Mi A2 နဲ႔ Mi A2 Lite ေတြကိုေတာ့ မေန႔ကပဲမိတ္ဆက္သြားပါျပီ။ ကုမၸဏီရဲ႕ Stock-Android ဖုန္းဒုတိယမ်ိဳးဆက္လည္းျဖစ္ျပီး Project Treble ကိုလည္းေထာက္ပံ့ေပးႏုိင္တဲ့ဖုန္းေတြပါ။ Mi A2 ကေတာ့ Mi A1 ကိုမွအဆင့္ျမွင့္ထားတာျဖစ္ျပီး Lite ေမာ္ဒယ္လ္ကေတာ့ ဘက္ထရီပုိမ်ားတဲ့ေမာ္ဒယ္လ္အေနနဲ႔ထြက္ရိွလာခဲ့ပါတယ္။

Xiaomi Mi A2

  5.99” IPS LCD display, Resolution 1080 × 2160 pixel, contrast ratio 1500:1, Gorilla Glass 5 ဒါေတြကေတာ့ Display ရဲ႕ Spec ေတြပါ။ Mi A1 နဲ႔ယွဥ္ရင္ေတာ့ Dimensiion တူသေလာက္နီးနီးကိုမွ သူက 3mm ေလာက္နည္းနည္းပိုရွည္ပါတယ္။ Aspect ratio ျမင့္သြားတဲ့အတြက္ Screen ကလည္း 12% ေလာက္ပိုၾကီးသြားတယ္လို႔ ေျပာရမွာပါ။

ဒီတစ္ေခါက္ Mi A2 ရဲ႕အဓိက မိန္းလို႔ ေျပာရမွာက ဓာတ္ပံုပိုင္းပါပဲ။ ကင္မရာေပါ့။ သူ႔ရဲ႕ Selfie ကင္မရာက 20MP ရိွတဲ့ Sony IMX376 sensor ကိုသံုးထားျပီး Light Sensitivity ပိုေကာင္းလာပါတယ္။ Selfie အတြက္ LED flash ထည့္ေပးထားတဲ့အျပင္ AI Effect နဲ႔ျပဳျပင္ႏုိင္ျပီး ပိုေကာင္းလာတာက Selfie အတြက္ပါ HDR mode ကိုထည့္ေပးလာျခင္းပါ။

ေနာက္ဘက္ dual camera ကေတာ့ aperture f/1.75 ရိွတဲ့ 20MP Sony IMX376 sensor နဲ႔ 12MP Sony IMX486 sensor ကိုသံုးထားပါတယ္။ sensor ၂ခုလံုးက Aperture size တူေပမယ့္ 12MP sensor က 1.25µm ျဖစ္တဲ့အတြက္ pixel size ပိုၾကီးသြားပါတယ္။ ကိုယ္ရိုက္မယ့္ျမင္ကြင္းကိုလိုက္ျပီး sensor ၂ခုကို Manual ေျပာင္းလို႔ရပါတယ္။

ဒီ Mi A2 ဖုန္းေတြမွာေတာ့ Snapdragon 660 chipset ေတြကိုသံုးထားျပီး Base Model အတြက္ RAM 4GB အျပင္ ေနာက္ထပ္ RAM 6GB ေမာ္ဒယ္လ္လည္းထြက္လာဦးမွာပါ။ Storage ကေတာ့ 32GB ကစျပီး 64GB, 128GB (6GB ေမာ္ဒယ္လ္အတြက္) ထိ ေရြးစရာရိွပါတယ္။ MicroSD ကဒ္ေပါက္မပါတဲ့အတြက္ Storge ပမာဏေရြးခ်ယ္ဝယ္ယူဖို႔ နည္းနည္းစဥ္းစားရပါမယ္။

ဖုန္းရဲ႕အထူကေတာ့ 7.3mm ျဖစ္ျပီး 166g ေလးပါတယ္။ အလူမီနီယမ္ကိုယ္ထည္ကိုမွ အနက္ေရာင္ အျပာေရာင္၊ ေရႊေရာင္ဆိုျပီးလာပါမယ္။ ဘက္ထရီကေတာ့ 3000 mAh ျဖစ္ျပီး 10W charger ပါမွာျဖစ္ပါတယ္။

Mi A2 ကိုေတာ့ ေစ်းကြက္ေပါင္း ၄၀ခန္႔မွာ ျဖန္႔ျဖဴးေရာင္းခ်သြားမွာျဖစ္ျပီး စပိန္ႏုိင္ငံမွာေတာ့ ၾသဂုတ္လ ၁၀ရက္ေန႔မွာ ထြက္ရွိလာေတာ့မွာပါ။ ဖုန္းေတြကိုမိတ္ဆက္ခဲ့တဲ့ စပိန္ႏုိင္ငံမွာ သူ႔ရဲ႕ေရာင္းေစ်းကုိ ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။

Mi A2 Price

Xiaomi Mi A2 တရားဝင္ထြက္ရိွလာမယ့္ ႏုိင္ငံေတြကေတာ့

Available Countries

Xiaomi Mi A2 Lite

Mi A2 Lite ကေတာ့ Mi A2 ကိုမွ နည္းနည္းေလးေျပာင္းလဲလိုက္ရံုပါပဲ။ Snapdragon 625 chipset ေတြကိုသံုးထားျပီး သူ႔မွာေတာ့ အခုေခတ္စားေနတဲ့ notch ေလးပါလာျပီး 19:9 ratio နဲ႔လာပါတယ္။ ဖုန္းကနည္းနည္းေလးပိုတို ပိုက်ဥ္းသြားတဲ့အတြက္ လက္ထဲမွာကိုင္ရပိုအဆင္ေျပတဲ့ဒီဇုိင္းမ်ိဳးျဖစ္သြားပါတယ္။

(Xiaomi Mi A2 Lite)

သူ႔ရဲ႕ ဘက္ထရီကိုေတာ့ 4000 mAh ေတာင္သံုးထားျပီး ဂိမ္းကို ၆နာရီဆက္တုိက္ေဆာ့ႏုိင္ သီခ်င္းေတြကို ၃၄နာရီေလာက္ဆက္တုိက္နားေထာင္လို႔ရႏုိင္တယ္လို႔ေတာ့ Xiaomi က ဆိုထားပါတယ္။ 8.8mm အထူကေတာ့ ေျပာစရာသိပ္မရိွေပမယ့္ micro USB ေပါက္ပဲဆက္သံုးထားတာကေတာ့ နည္းနည္းစိတ္တုိင္းမက်စရာပါပဲ။

သူ႔ရဲ႕ Screen ကေတာ့ 5.84” ကိုမွ 1080p+ resolution ရိွျပီး notch ေနရာမွာေတာ့ Bokeh Effect ေတြပါရိုက္ႏုိင္တဲ့ 5MP ဆယ္လ္ဖီကင္မရာကိုထည့္သြင္းထားပါတယ္။

ေက်ာဘက္မွာေတာ့ 12MP+5MP  Dual-camera ကိုသံးထားပါတယ္။ Main camera (12MP) sensor ရဲ႕ Pixel Size က 1.25µm ျဖစ္ Auto-focus ေထာက္ပံ့ေပးထားပါတယ္။

(Mi A2 Lite Gold and Blue)

Mi A2 Lite ကေတာ့ 3GB/32GB ဗားရွင္းနဲ႔ 4GB/64GB ဗားရွင္းဆိုျပီး ၂မ်ိဳးလာပါတယ္။ microSD ကဒ္ေပါက္ပါတဲ့အတြက္ SIM ၂ကဒ္လံုးေရာ MicroSD ကဒ္ေရာသံုးလုိ႔ရပါမယ္။ Mi A2 Lite ကလည္း Mi A2 နဲ႔ထြက္မယ့္ရက္ခ်င္းတူတူပဲျဖစ္ျပီး ေစ်းႏႈန္းေတြကေတာ့ Redmi 6 ေစ်းနဲ႔ level ေလာက္သြားက်ပါတယ္။ Mi A2 Lite ရဲ႕ေစ်းႏႈန္းေတြကိုေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္။

Mi A2 Lite Price

[Unicode]

စောင့်စားနေခဲ့ရတဲ့ Xiaomi ရဲ့ Mi A2 နဲ့ Mi A2 Lite တွေကိုတော့ မနေ့ကပဲမိတ်ဆက်သွားပါပြီ။ ကုမ္ပဏီရဲ့ Stock-Android ဖုန်းဒုတိယမျိုးဆက်လည်းဖြစ်ပြီး Project Treble ကိုလည်းထောက်ပံ့ပေးနိုင်တဲ့ဖုန်းတွေပါ။ Mi A2 ကတော့ Mi A1 ကိုမှအဆင့်မြှင့်ထားတာဖြစ်ပြီး Lite မော်ဒယ်လ်ကတော့ ဘက်ထရီပိုများတဲ့မော်ဒယ်လ်အနေနဲ့ထွက်ရှိလာခဲ့ပါတယ်။

Xiaomi Mi A2

  5.99” IPS LCD display, Resolution 1080 × 2160 pixel, contrast ratio 1500:1, Gorilla Glass 5 ဒါတွေကတော့ Display ရဲ့ Spec တွေပါ။ Mi A1 နဲ့ယှဉ်ရင်တော့ Dimensiion တူသလောက်နီးနီးကိုမှ သူက 3mm ေလာက်နည်းနည်းပိုရှည်ပါတယ်။ Aspect ratio မြင့်သွားတဲ့အတွက် Screen ကလည်း 12% လောက်ပိုကြီးသွားတယ်လို့ ပြောရမှာပါ။

ဒီတစ်ခေါက် Mi A2 ရဲ့အဓိက မိန်းလို့ ပြောရမှာက ဓာတ်ပုံပိုင်းပါပဲ။ ကင်မရာပေါ့။ သူ့ရဲ့ Selfie ကင်မရာက 20MP ရှိတဲ့ Sony IMX376 sensor ကိုသုံးထားပြီး Light Sensitivity ပိုကောင်းလာပါတယ်။ Selfie အတွက် LED flash ထည့်ပေးထားတဲ့အပြင် AI Effect နဲ့ပြုပြင်နိုင်ပြီး ပိုကောင်းလာတာက Selfie အတွက်ပါ HDR mode ကိုထည့်ပေးလာခြင်းပါ။

နောက်ဘက် dual camera ကတော့ aperture f/1.75 ရှိတဲ့ 20MP Sony IMX376 sensor နဲ့ 12MP Sony IMX486 sensor ကိုသုံးထားပါတယ်။ sensor ၂ခုလုံးက Aperture size တူပေမယ့် 12MP sensor က 1.25µm ြဖစ်တဲ့အတွက် pixel size ပိုကြီးသွားပါတယ်။ ကိုယ်ရိုက်မယ့်မြင်ကွင်းကိုလိုက်ပြီး sensor ၂ခုကို Manual ပြောင်းလို့ရပါတယ်။

ဒီ Mi A2 ဖုန်းတွေမှာတော့ Snapdragon 660 chipset တွေကိုသုံးထားပြီး Base Model အတွက် RAM 4GB အပြင် နောက်ထပ် RAM 6GB မော်ဒယ်လ်လည်းထွက်လာဦးမှာပါ။ Storage ကတော့ 32GB ကစပြီး 64GB, 128GB (6GB မော်ဒယ်လ်အတွက်) ထိ ရွေးစရာရှိပါတယ်။ MicroSD ကဒ်ပေါက်မပါတဲ့အတွက် Storge ပမာဏရွေးချယ်ဝယ်ယူဖို့ နည်းနည်းစဉ်းစားရပါမယ်။

ဖုန်းရဲ့အထူကတော့ 7.3mm ဖြစ်ပြီး 166g ေလးပါတယ်။ အလူမီနီယမ်ကိုယ်ထည်ကိုမှ အနက်ရောင် အပြာရောင်၊ ရွှေရောင်ဆိုပြီးလာပါမယ်။ ဘက်ထရီကတော့ 3000 mAh ဖြစ်ပြီး 10W charger ပါမှာဖြစ်ပါတယ်။

Mi A2 ကိုတော့ ဈေးကွက်ပေါင်း ၄၀ခန့်မှာ ဖြန့်ဖြူးရောင်းချသွားမှာဖြစ်ပြီး စပိန်နိုင်ငံမှာတော့ သြဂုတ်လ ၁၀ရက်နေ့မှာ ထွက်ရှိလာတော့မှာပါ။ ဖုန်းတွေကိုမိတ်ဆက်ခဲ့တဲ့ စပိန်နိုင်ငံမှာ သူ့ရဲ့ရောင်းဈေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Mi A2 Price

Xiaomi Mi A2 တရားဝင်ထွက်ရှိလာမယ့် နိုင်ငံတွေကတော့

Available Countries

Xiaomi Mi A2 Lite

Mi A2 Lite ကတော့ Mi A2 ကိုမှ နည်းနည်းလေးပြောင်းလဲလိုက်ရုံပါပဲ။ Snapdragon 625 chipset တွေကိုသုံးထားပြီး သူ့မှာတော့ အခုခေတ်စားနေတဲ့ notch လေးပါလာပြီး 19:9 ratio နဲ့လာပါတယ်။ ဖုန်းကနည်းနည်းလေးပိုတို ပိုကျဉ်းသွားတဲ့အတွက် လက်ထဲမှာကိုင်ရပိုအဆင်ပြေတဲ့ဒီဇိုင်းမျိုးဖြစ်သွားပါတယ်။

(Xiaomi Mi A2 Lite)

သူ့ရဲ့ ဘက်ထရီကိုတော့ 4000 mAh တောင်သုံးထားပြီး ဂိမ်းကို ၆နာရီဆက်တိုက်ဆော့နိုင် သီချင်းတွေကို ၃၄နာရီလောက်ဆက်တိုက်နားထောင်လို့ရနိုင်တယ်လို့တော့ Xiaomi က ဆိုထားပါတယ်။ 8.8mm အထူကတော့ ပြောစရာသိပ်မရှိပေမယ့် micro USB ပေါက်ပဲဆက်သုံးထားတာကတော့ နည်းနည်းစိတ်တိုင်းမကျစရာပါပဲ။

သူ့ရဲ့ Screen ကတော့ 5.84” ကိုမှ 1080p+ resolution ရှိပြီး notch နေရာမှာတော့ Bokeh Effect တွေပါရိုက်နိုင်တဲ့ 5MP ဆယ်လ်ဖီကင်မရာကိုထည့်သွင်းထားပါတယ်။

ကျောဘက်မှာတော့ 12MP+5MP  Dual-camera ကိုသံးထားပါတယ်။ Main camera (12MP) sensor ရဲ့ Pixel Size က 1.25µm ဖြစ် Auto-focus ထောက်ပံ့ပေးထားပါတယ်။

(Mi A2 Lite Gold and Blue)

Mi A2 Lite ကတော့ 3GB/32GB ဗားရှင်းနဲ့ 4GB/64GB ဗားရှင်းဆိုပြီး ၂မျိုးလာပါတယ်။ microSD ကဒ်ပေါက်ပါတဲ့အတွက် SIM ၂ကဒ်လုံးရော MicroSD ကဒ်ရောသုံးလို့ရပါမယ်။ Mi A2 Lite ကလည်း Mi A2 နဲ့ထွက်မယ့်ရက်ချင်းတူတူပဲဖြစ်ပြီး ဈေးနှုန်းတွေကတော့ Redmi 6 ဈေးနဲ့ level လောက်သွားကျပါတယ်။ Mi A2 Lite ရဲ့ဈေးနှုန်းတွေကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။

Mi A2 Lite Price

You may be interested

Android မွာ အလုပ္ေတြ အလိုအေလွ်ာက္ လုပ္ေပးမယ့္ Taskzy
Android, FEATURES, HUBS
0 shares0 views

Android မွာ အလုပ္ေတြ အလိုအေလွ်ာက္ လုပ္ေပးမယ့္ Taskzy

Ko Thuya - Oct 18, 2018

သင္ျပဳလုပ္တဲ့ အလုပ္အေပၚ မူတည္ၿပီး သင့္ဖုန္းမွ App မ်ားကို အလိုအေလွ်ာက္ ဖြင့္ေပးႏိုင္ရင္ အလြန္ အဆင္ေျပမွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ သင္ Headset တပ္လိုက္တဲ့ အခ်ိန္မွာ သင္ႏွစ္သက္တဲ့ Music App ကို ဖြင့္ေပးျခင္း၊ လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္းမ်ားျပဳလုပ္ရင္…

Lenovo ရဲ႕ Foldable Tablet လာမည္
Android, HUBS, Lenovo
0 shares0 views

Lenovo ရဲ႕ Foldable Tablet လာမည္

Ko Thuya - Oct 18, 2018

ေခါက္ခ်ိဳးေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္းမ်ားကို ကုမၸဏီမ်ားက တီထြင္ဖန္တီးေနတဲ့ သတင္းမ်ား ထြက္ေပၚေနတာ ႏွစ္အနည္းငယ္ေတာင္ ၾကာပါၿပီ။ ေစ်းကြက္ထဲကိုေတာ့ အဲဒီ စမတ္ဖုန္းမ်ား မေရာက္လာေသးပါဘူး။ ဒါေပမယ့္ မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ပထမဆံုး ေစ်းကြက္ထဲ ေရာက္လာႏုိင္တာက လီႏုိဗိုရဲ႕ ေကြးညႊတ္ ေခါက္ခ်ိဳး ႏိုင္တဲ့…

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ႔ရဲ႕ R1 Drone ကို Apple Watch ကေန ထိန္းခ်ဳပ္ႏုိင္တဲ့ စြမ္းရည္ကို ထည့္သြင္းေပးလိုက္ၿပီိလုိ႔ ေၾကညာလိုက္ပါတယ္။ Skydio R1 ဟာ လူေတြက မထိန္းခ်ဳပ္ရင္ေတာင္ အလိုအေလွ်ာက္ ပ်ံသန္းၿပီး ဓါတ္ပံု၊ ဗီဒီယို ရိုက္ကူးျခင္းလို…

Leave a Comment

Most from this category