တစ်ပတ်ရစ် iPhone X များရဲ့ ပြန်ရောင်းဈေးဟာ မူလဈေးရဲ့ ၈၅ ရာခိုင်နှုန်း ရနေ

iPhone X ဟာ တစ်ပတ်ရစ် အခြေအနေမှာတောင် တန်ဖိုးရှိနေဆဲပါတဲ့။ သုတေသန အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ B-Stock ရဲ့ စစ်တမ်းအရ တစ်ပတ်ရစ် iPhone X များရဲ့ ပြန်ရောင်းဈေးဟာ မူလဈေးရဲ့ ၈၅ ရာခိုင်နှုန်း ရနေတယ်လို့ သိရပါတယ်။

အများအပြား ဝယ်ယူသူများက မူလဈေးရဲ့ ၇၅ ရာခိုင်နှုန်းအထိ ပေးကြပါတယ်။ iPhone X ရဲ့ ပြန်ရောင်းဈေးဟာ ယခင် အိုင်ဖုန်း မော်ဒယ်များထက် များစွာ မြင့်မားနေပါတယ်။ ယခင် အိုင်ဖုန်း မော်ဒယ်များရဲ့ ပြန်ရောင်းဈေးဟာ ၆၅ ရာခိုင်နှုန်းသာ ရှိပါတယ်။ Apple က ရောင်းချပြီး နှစ်ဝက်အကြာမှာ ပြန်ရောင်းလို့ ရရှိတဲ့ ဈေးနှုန်း ဖြစ်ပါတယ်။

B-Stock က iPhone X ရဲ့ တစ်ပတ်ရစ်ဈေးဟာ သမိုင်းတစ်လျှောက် ယခင် အိုင်ဖုန်းအားလုံးရဲ့ တစ်ပတ်ရစ်ဈေးထက် ၂၅ ရာခိုင်နှုန်းဝန်းကျင် ပိုမိုများပြားနေတယ်လို့ ပြောပါတယ်။ ဒီသတင်းဟာ iPhone X ပိုင်ရှင်များအတွက်တော့ ဝမ်းသာစရာ ဖြစ်ပါတယ်။ iPhone X ရဲ့ ကုမ္ပဏီ ရောင်းဈေးဟာ ဒေါ်လာ ၁၀၀၀ ဝန်းကျင်ရှိပါတယ်။

Apple ထုတ်ကုန်များရဲ့ တန်ဖိုးဟာ ကာလရှည်ကြာတဲ့ အထိ တန်ဖိုးရှိနေတာဟာ ထုံးစံ ဖြစ်ပါတယ်။ အိုင်ဖုန်း အဟောင်းများမှာ နောက်ဆုံးထွက် ဖန်ရှင်များ မပါပေမယ့် ရိုသေစွာ ကိုင်တွယ် အသုံးပြုရင် ၁၀ နှစ်လောက်အထိ အသုံးခံပါတယ်။ ဘက်ထရီကတော့ ခြွင်းချက်ဖြစ်ပြီး အဲဒီလောက် အသုံးမခံပါဘူး။

Ref : mashable

unicode

တစ်ပတ်ရစ် iPhone X များရဲ့ ပြန်ရောင်းဈေးဟာ မူလဈေးရဲ့ ၈၅ ရာခိုင်နှုန်း ရနေ

%d bloggers like this: