258 Shares 109 Views


Jul 25, 2018
258 109





Ref : gsmarena

unicode

Notch နဲ့ Dual Camera များပါတဲ့ Honor 9N ကို ကြေညာ

Honor က အိန္ဒိယမှာ 9N ကို ကြေညာလိုက်ပါတယ်။ သူဟာ တရုတ်မှာ ပြီးခဲ့တဲ့လက ကြေညာခဲ့တဲ့ Honor 9i (2018) ကို အိန္ဒိယမှာ အမည်ပြောင်းရောင်းထားတာပါ။ သူဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလက အိန္ဒိယမှာ ကြေညာခဲ့တဲ့ Honor 9i ရဲ့ မျိုးဆက်ဖြစ်ပါတယ်။

Honor 9N မှာ ၅.၈၄ လက်မ LCD FHD+ (1080×2280) Display ထည့်သွင်းထားပြီး Notch ပါပါတယ်။ HiSilicon Kirin 659 Chip မောင်းနှင်ထားပြီး 3GB or 4GB RAM များ ရွေးချယ်နိုင်ပါတယ်။ 32GB / 64GB / 126GB Storage များ ရွေးချယ်နိုင်ပါတယ်။ microSD Card ကို Hybrid SIM Slot မှာ ထည့်သွင်းနိုင်ပါတယ်။

အနောက်ဘက်မှာ 13MP+2MP Dual Camera များနဲ့အတူ လက်ဗွေရာ ကိရိယာ ထည့်သွင်းထားပါတယ်။ Notch မှာ 16MP Camera ကို တပ်ဆင်ထားတာက Selfie သမားများအကြိုက်တွေ့စေမှာပါ။ 3000mAh Battery ပါပါတယ်။ Android 8.0 Oreo အခြေပြု Huawei EMUI 8.0 ထည့်ထားပါတယ်။

ခရမ်း၊ အပြာ၊ အနက်ရောင်များ ရွေးချယ်နိုင်ပါတယ်။ Flipkart ကနေသာ ရောင်းချမှာ ဖြစ်ပါတယ်။ 3GB/32GB ကို ရူပီး ၁၁ ၉၉၉ ၊ 4GB/64GB ကို ရူပီး ၁၃၉၉၉ နဲ့ 4GB/126GB ကို ရူပီး ၁၇၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာ အားဖြင့် ၁၇၄ ၊ ၂၀၃ နဲ့ ၂၆၁ အသီးသီး ကျသင့်မှာပါ။

Ref : gsmarena

You may be interested

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Android, FEATURES, HUBS
0 shares0 views

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy

Ko Thuya - Oct 18, 2018

သင်ပြုလုပ်တဲ့ အလုပ်အပေါ် မူတည်ပြီး သင့်ဖုန်းမှ App များကို အလိုအလျှောက် ဖွင့်ပေးနိုင်ရင် အလွန် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင် Headset တပ်လိုက်တဲ့ အချိန်မှာ သင်နှစ်သက်တဲ့ Music App ကို ဖွင့်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများပြုလုပ်ရင်…

Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares0 views

Lenovo ရဲ့ Foldable Tablet လာမည်

Ko Thuya - Oct 18, 2018

ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…

Leave a Comment

Most from this category