0 Shares 295 Views

သင့္ ဖုန္းမွာ Blue Light Filter ကို ဘယ္လို သံုးမလဲ ?

Jul 24, 2018
0 295

စမတ္ဖုန္းမ်ားမွာပါတဲ့ Night Mode စြမ္းေဆာင္ခ်က္ဟာ ညအခ်ိန္ စာဖတ္တဲ့အခါမွာ စမတ္ဖုန္းကေန ထုတ္လႊင့္တဲ့ Blue Light ကို ေလွ်ာ့ခ်ေပးတဲ့အတြက္ မ်က္စိ ထိခိုက္ျခင္းမွ ကာကြယ္ေပးပါတယ္။ တစ္နည္းအားျဖင့္ Night Mode ဟာ Blue Light Filter ျဖစ္ပါတယ္။ ဒီ Tutorial မွာ Night Mode ကို အသံုးျပဳနည္းမ်ားကို ေျပာျပမွာ ျဖစ္ပါတယ္။

လူအမ်ားစုဟာ စမတ္ဖုန္း၊ ကြန္ျပဴတာ၊ တက္ဘလက္နဲ႔ တီဗီမ်ား အေရွ႕မွာ အခ်ိန္ကုန္ေနတဲ့ အတြက္ မ်က္စိထိခိုက္ေစတဲ့ ႏႈန္းဟာလည္း ျမင့္တက္လာပါတယ္။ Blue Light ဟာ လူေတြ အိပ္ေပ်ာ္ေစေအာင္ အဓိက ကူညီေပးတဲ့ မီလာတိုနင္ ေဟာ္မုန္းထုတ္လုပ္မႈကို ထိခိုက္ေစတဲ့အတြက္ အိပ္စက္မႈကို ထိခိုက္ေစပါတယ္။ အဲဒီအတြက္ စမတ္ဖုန္း ထုတ္လုပ္သူမ်ားက Night Mode မ်ားကို ထည့္သြင္းေပးလာၾကပါတယ္။ Blue Light ရဲ႕ ဆိုးက်ိဳးမ်ားကို Blue Light နဲ႔ မ်က္လံုး က်န္းမာေရး ေဆာင္းပါး မွာ အေသးစိတ္ ေလ့လာႏုိင္ပါတယ္။

iPhone

iOS 9.3 မွာ Apple က Night Shift ကို စတင္ ထည့္ေပးခဲ့ပါတယ္။

Settings > Display & Brightness > Night Shift မွာ Enable လုပ္ပါ။

ညဘက္ေရာက္တိုင္း Night Shift ကို အလိုအေလွ်ာက္ ဖြင့္ေပးဖို႔ Schedule လုပ္ထားႏုိင္ပါတယ္။

Samsung Galaxy

Samsung Galaxy Phone အမ်ားစုမွာ Blue Light Filter ပါပါတယ္။ သူ႔ကို အျမန္ဆံုး ဖြင့္ဖို႔ နည္းက Notification Bar မွ Quick Settings ကေန ျဖစ္ပါတယ္။

Settings > Display > Blue light filter ထဲကေနလည္း ဖြင့္ႏုိင္ပါတယ္။

Pixel Phone

Google Pixel Phone မ်ားမွာ Android Oreo ပါတဲ့ Stock Android ထည့္သြင္းထားပါတယ္။

Settings > Display > Night Light ထဲမွာ ဖြင့္ႏုိင္ပါတယ္။

အျခား Android Phone မ်ား

စမတ္ဖုန္း ထုတ္လုပ္သူမ်ားက သူတို႔ရဲ႕ စမတ္ဖုန္းမ်ားမွာ Night Mode မ်ားကို ထည့္သြင္းေပးထားၾကပါတယ္။ Huawei , Asus, OnePlus, Xiaomi အပါအ၀င္ အျခား စမတ္ဖုန္း ဘရန္းမ်ားမွာလည္း ကိုယ္ပိုင္ Night Mode မ်ား ပါပါတယ္။ သူတို႔ရဲ႕ စမတ္ဖုန္းမ်ားမွာ Night Mode ကို အသံုးျပဳဖို႔အတြက္ Activate လုပ္ရတဲ့ ေနရာမ်ားကေတာ့ မတူညီၾကပါဘူး။ Settings> Display ထဲမွာ ရွာေဖြပါ။ Notifications Bar မွ Quick Settings မွာလည္း ရွိတတ္ပါတယ္။

LG က Comfort View ၊ HTC နဲ႔ OnePlus က Night Mode ၊ Huawei က Eye Care ၊ Motorola က Night Display ၊ Xiaomi က Reading Mode လို႔ အမည္ေပးထားၾကပါတယ္။

App

သင့္ စမတ္ဖုန္းမွာ Night Mode မပါလို႔ စိတ္ညစ္စရာ မလိုပါဘူး။ Google Play Store မွာ Night Mode စြမ္းေဆာင္ခ်က္ကို ပံ့ပိုးေပးတဲ့ Apps မ်ားစြာ ရွိပါတယ္။ အဲဒီအထဲက နာမည္အႀကီးဆံုး တစ္ခုမွာ Bluelight Filter ျဖစ္ပါတယ္။ သူ႔မွာ Filter Color ၇ မ်ိဳးေတာင္ အပိုပါပါေသးတယ္။ ဒါ့အျပင္ Notification Widget နဲ႔ Schedule စြမ္းေဆာင္ခ်က္မ်ားလည္း ပါပါတယ္။

Download Bluelight Filter for Eye Care

Ref : digitaltrends

unicode

သင့် ဖုန်းမှာ Blue Light Filter ကို ဘယ်လို သုံးမလဲ ?

စမတ်ဖုန်းများမှာပါတဲ့ Night Mode စွမ်းဆောင်ချက်ဟာ ညအချိန် စာဖတ်တဲ့အခါမှာ စမတ်ဖုန်းကနေ ထုတ်လွှင့်တဲ့ Blue Light ကို လျှော့ချပေးတဲ့အတွက် မျက်စိ ထိခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်။ တစ်နည်းအားဖြင့် Night Mode ဟာ Blue Light Filter ဖြစ်ပါတယ်။ ဒီ Tutorial မှာ Night Mode ကို အသုံးပြုနည်းများကို ပြောပြမှာ ဖြစ်ပါတယ်။

လူအများစုဟာ စမတ်ဖုန်း၊ ကွန်ပြူတာ၊ တက်ဘလက်နဲ့ တီဗီများ အရှေ့မှာ အချိန်ကုန်နေတဲ့ အတွက် မျက်စိထိခိုက်စေတဲ့ နှုန်းဟာလည်း မြင့်တက်လာပါတယ်။ Blue Light ဟာ လူတွေ အိပ်ပျော်စေအောင် အဓိက ကူညီပေးတဲ့ မီလာတိုနင် ဟော်မုန်းထုတ်လုပ်မှုကို ထိခိုက်စေတဲ့အတွက် အိပ်စက်မှုကို ထိခိုက်စေပါတယ်။ အဲဒီအတွက် စမတ်ဖုန်း ထုတ်လုပ်သူများက Night Mode များကို ထည့်သွင်းပေးလာကြပါတယ်။ Blue Light ရဲ့ ဆိုးကျိုးများကို Blue Light နဲ့ မျက်လုံး ကျန်းမာရေး ဆောင်းပါး မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

iPhone

iOS 9.3 မှာ Apple က Night Shift ကို စတင် ထည့်ပေးခဲ့ပါတယ်။

Settings > Display & Brightness > Night Shift မှာ Enable လုပ်ပါ။

ညဘက်ရောက်တိုင်း Night Shift ကို အလိုအလျှောက် ဖွင့်ပေးဖို့ Schedule လုပ်ထားနိုင်ပါတယ်။

Samsung Galaxy

Samsung Galaxy Phone အများစုမှာ Blue Light Filter ပါပါတယ်။ သူ့ကို အမြန်ဆုံး ဖွင့်ဖို့ နည်းက Notification Bar မှ Quick Settings ကနေ ဖြစ်ပါတယ်။

Settings > Display > Blue light filter ထဲကနေလည်း ဖွင့်နိုင်ပါတယ်။

Pixel Phone

Google Pixel Phone များမှာ Android Oreo ပါတဲ့ Stock Android ထည့်သွင်းထားပါတယ်။

Settings > Display > Night Light ထဲမှာ ဖွင့်နိုင်ပါတယ်။

အခြား Android Phone များ

စမတ်ဖုန်း ထုတ်လုပ်သူများက သူတို့ရဲ့ စမတ်ဖုန်းများမှာ Night Mode များကို ထည့်သွင်းပေးထားကြပါတယ်။ Huawei , Asus, OnePlus, Xiaomi အပါအဝင် အခြား စမတ်ဖုန်း ဘရန်းများမှာလည်း ကိုယ်ပိုင် Night Mode များ ပါပါတယ်။ သူတို့ရဲ့ စမတ်ဖုန်းများမှာ Night Mode ကို အသုံးပြုဖို့အတွက် Activate လုပ်ရတဲ့ နေရာများကတော့ မတူညီကြပါဘူး။ Settings> Display ထဲမှာ ရှာဖွေပါ။ Notifications Bar မှ Quick Settings မှာလည်း ရှိတတ်ပါတယ်။

LG က Comfort View ၊ HTC နဲ့ OnePlus က Night Mode ၊ Huawei က Eye Care ၊ Motorola က Night Display ၊ Xiaomi က Reading Mode လို့ အမည်ပေးထားကြပါတယ်။

App

သင့် စမတ်ဖုန်းမှာ Night Mode မပါလို့ စိတ်ညစ်စရာ မလိုပါဘူး။ Google Play Store မှာ Night Mode စွမ်းဆောင်ချက်ကို ပံ့ပိုးပေးတဲ့ Apps များစွာ ရှိပါတယ်။ အဲဒီအထဲက နာမည်အကြီးဆုံး တစ်ခုမှာ Bluelight Filter ဖြစ်ပါတယ်။ သူ့မှာ Filter Color ၇ မျိုးတောင် အပိုပါပါသေးတယ်။ ဒါ့အပြင် Notification Widget နဲ့ Schedule စွမ်းဆောင်ချက်များလည်း ပါပါတယ်။

Download Bluelight Filter for Eye Care

Ref : digitaltrends

You may be interested

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္
Android, HUBS, Mobiles & Tablets
0 shares0 views

OPPO Reno 10x Zoom ရဲ႕ ပန္းေရာင္ဗားရွင္းကို ဇြန္လ ၁၈ ရက္မွာ ေရာင္းမည္

Ko Thuya - May 26, 2019

OPPO Reno 10x Zoom ကို ေၾကညာစဥ္မွာ Ocean Green နဲ႔ Jet Black အေရာင္ႏွစ္ခုသာ ထုတ္လုပ္ထားပါတယ္။ အခုေတာ့ အမ်ိဳးသမီးမ်ား ႏွစ္သက္တဲ့ ပန္းေရာင္ ေမာ္ဒယ္ကို ထုတ္လုပ္ေပးေတာ့မွာ ျဖစ္ပါတယ္။ တရုတ္မွာ ၁၈ ရက္ေန႔တြင္…

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္
NEWS
0 shares15 views

မဟာသႏၲာေက်ာက္တန္းဆီ ေရငုပ္သေဘၤာ ငွားစီးႏိုင္တဲ့ ‘scUber’ ဝန္ေဆာင္မႈကို Uber စတင္

Nigma - May 25, 2019

Uber နဲ႔ တကၠစီ အျပင္ ေရငုပ္သေဘၤာပါ ငွားႏိုင္ၿပီ ျဖစ္ပါတယ္။ အငွားယာဥ္ဝန္ေဆာင္မႈ ကုမၸဏီ Uber က ေရငုပ္သေဘၤာ ငွားစီးၿပီး၊ ေရေအာက္က မဟာသႏၲာေက်ာက္တန္း (Great Barrier Reef) ဆီ သြားေရာက္ၾကည့္ရႈႏိုင္တဲ့ ဝန္ေဆာင္မႈတခုကို စတင္လိုက္ပါတယ္။ 'scUber'…

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views

မိသားစုဝင္ေတြအတြက္ iPhones ဝယ္ေပးျဖစ္တယ္လို႔ Huawei CEO ဆို

Nigma - May 25, 2019

အေမရိကန္အစိုးရက Huawei ကို ပိတ္ပင္လိုက္ၿပီးေနာက္မွာ တ႐ုတ္ႏိုင္ငံဘက္ကလည္း ျပန္လည္ တုံ႔ျပန္မႈေတြရွိႏိုင္တယ္လို႔ အမ်ားစုက ခန္႔မွန္းထားၾကပါတယ္။ တရားဝင္တုံ႔ျပန္မႈမ်ိဳး မရွိေသးေပမယ့္ တ႐ုတ္ျပည္တြင္းမွာေတာ့ အေမရိကန္အေျခစိုက္ Apple ကုမၸဏီကို သပိတ္ေမွာက္မႈေတြ ျဖစ္ေပၚေနပါတယ္။ ဒီလိုအခ်ိန္မွာ Huawei တည္ေထာင္သူနဲ႔ CEO ျဖစ္သူ Ren…

Leave a Comment

Most from this category