0 Shares 136 Views
Jul 24, 2018
0 136
Ref : gsmarena
unicode
Google က Pixel 3 နဲ့အတူ Pixelbook အသစ်ကို ကြေညာနိုင်
ပြီးခဲ့တဲ့ မေလမှာ Google ဟာ သူ့ရဲ့ ပထမဆုံး စမတ်နာရီကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အဲဒီ စမတ်နာရီဟာ Pixel Brand အဖြစ် ထွက်ရှိလာမှာ ဖြစ်ပြီး အောက်တိုဘာလမှာ Pixel 3 , Pixel 3 XL တု့ိနဲ့အတူ ကြေညာမယ်လို့ သိရပါတယ်။
အခုတော့ Evan Blass က အဲဒီ Device များနဲ့အတူ ဒုတိယ မျိုးဆက် Pixelbook ကိုပါ ကြေညာမယ်လို့ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ အဲဒီ လက်ပ်တော့မှာ ဘေးဘောင်များ ပါးလွှာတဲ့ မျက်နှာပြင်ပါလာမယ်လို့ သူက ပြောပါတယ်။
Pixelbook မှာ Chrome OS ထည့်သွင်းထားနိုင်ပါတယ်။ နောက်ဆုံးထုတ် Intel or Qualcomm ARM Chipset ပါလာနိုင်ပါတယ်။ Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Pixel Phones အသစ်များကို အောက်တိုဘာလရဲ့ ပထမဆုံး အပတ်မှာ ကြေညာလေ့ရှိပါတယ်။ အဲဒီ အချိန်မှာပဲ Pixelbook အသစ်ကို မြင်ရနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က Pixel Phone များနဲ့အတူ Pixel Buds နားကြပ်ကိုပါ ကြေညာခဲ့ပါတယ်။ ယခုနှစ်မှာလည်း ဘက်ထရီ သက်တမ်းနဲ့ Live Translation အပိုင်းများမှာ ပိုမို တိုးတက်လာတဲ့ နားကြပ် အသစ်ကို မြင်ရနိုင်ပါတယ်။ Pixelbook အသစ်ရဲ့ သတင်းအချက်အလက်များကိုတော့ အခုလောက်သာ သိရပါသေးတယ်။
Ref : gsmarena
You may be interested
OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Android, HUBS, Mobiles & Tablets
0 shares0 views
OPPO Reno 10x Zoom ရဲ့ ပန်းရောင်ဗားရှင်းကို ဇွန်လ ၁၈ ရက်မှာ ရောင်းမည်
Ko Thuya - May 26, 2019
OPPO Reno 10x Zoom ကို ကြေညာစဉ်မှာ Ocean Green နဲ့ Jet Black အရောင်နှစ်ခုသာ ထုတ်လုပ်ထားပါတယ်။ အခုတော့ အမျိုးသမီးများ နှစ်သက်တဲ့ ပန်းရောင် မော်ဒယ်ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်မှာ ၁၈ ရက်နေ့တွင်…
မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
NEWS
0 shares15 views
မဟာသန္တာကျောက်တန်းဆီ ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber စတင်
Nigma - May 25, 2019
Uber နဲ့ တက္ကစီ အပြင် ရေငုပ်သင်္ဘောပါ ငှားနိုင်ပြီ ဖြစ်ပါတယ်။ အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ Uber က ရေငုပ်သင်္ဘော ငှားစီးပြီး၊ ရေအောက်က မဟာသန္တာကျောက်တန်း (Great Barrier Reef) ဆီ သွားရောက်ကြည့်ရှုနိုင်တဲ့ ဝန်ဆောင်မှုတခုကို စတင်လိုက်ပါတယ်။ 'scUber'…
မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Mobiles & Tablets, NEWS
0 shares382 views
မိသားစုဝင်တွေအတွက် iPhones ဝယ်ပေးဖြစ်တယ်လို့ Huawei CEO ဆို
Nigma - May 25, 2019
အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်လိုက်ပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း ပြန်လည် တုံ့ပြန်မှုတွေရှိနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။ တရားဝင်တုံ့ပြန်မှုမျိုး မရှိသေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ အမေရိကန်အခြေစိုက် Apple ကုမ္ပဏီကို သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလိုအချိန်မှာ Huawei တည်ထောင်သူနဲ့ CEO ဖြစ်သူ Ren…
Leave a Comment
Most from this category