258 Shares 145 Views


Jul 24, 2018
258 145





Ref : gizmodo

unicode

Samsung ရဲ့ ၁၄၆ လက်မ တီဗီကို လာမယ့်နှစ်မှာ ရောင်းမည်

Samsung က ယခုနှစ် အစောပိုင်းမှာ ပြုလုပ်တဲ့ CES 2018 ပွဲမှာ ၁၄၆ လက်မ 4K TV ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ရဲ့ အမည်မှာ The Wall ဖြစ်ပြီး microLED Display နည်းပညာကို အသုံးပြုထားပါတယ်။ သူဟာ တီဗီ လောကမှာ အရွယ်အကြီးဆုံး ဖြစ်ပါတယ်။ အခုတော့ Korea Herald ရဲ့ သတင်းအရ Samsung ရဲ့ Visual Display Business မှ ဥက္ကဌ Han Jong-hee က The Wall ရဲ့ Consumer Version ကို လာမယ့်နှစ်မှာ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။

MicroLED တွေက OLED တွေထက် သာတဲ့အချက်က အရမ်းကိုသေးငယ်လွန်းတဲ့ LED တစ်ခုချင်းစီတိုင်းက သူ့နေရာကနေ ကိုယ်တိုင်အလင်းထုတ်ပေးနိုင်တာဖြစ်ပြီး နောက်ခံ Backlight မလိုအပ်တာပါ။ အရမ်းကိုနက်မှောင်တဲ့ အနက်ရောင်နဲ့ Lush Color တွေကတော့ OLED တွေလိုပါပဲ အရမ်းတောက်ပပါတယ်။

ဒီတီဗွီကတော့ ဘေးဘောင်မဲ့ဒီဇိုင်းဖြစ်ပြီး Module-Based လို့ ဖော်ပြထားတဲ့အတွက် သုံးစွဲသူတွေလိုအပ်တဲ့အတိုင်း TV အရွယ်အစားကိုညှိလို့ရအောင် ဖန်တီးပေးထားမှာဖြစ်ပါတယ်။ ကုမ္ပဏီကတော့ ဘာမှအသေးစိတ်တွေပြောပြမထားသေးပါဘူး။ လက်ရှိမှာတော့ MicroLED Panel Sample တွေရနေပါပြီ။ The Wall က နောက်ဆုံးမှာ ဘယ်လိုပုံစံပဲဖြစ်နေပါစေ ဈေးကတော့ သေချာပေါက်ကြီးမှာပါ။

The Wall ဟာ ဟိုတယ်၊ ကုန်တိုက်များလို စီးပွားရေး လုပ်ငန်းများမှာ ထားရှိဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ Samsung ကတော့ သူ့ကို တီဗီလို့ မပြောဘဲ Screen or Display လို့သာ သုံးနှုန်းထားပါတယ်။

Ref : gizmodo

You may be interested

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares0 views

အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares25 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ

Ko Thuya - Jan 16, 2019

Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ
Apple, Mobiles & Tablets, NEWS
916 shares187 views

iPhone မော်ဒယ်သစ်တွေအတွက် Qualcomm က Chip မရောင်းခဲ့ကြောင်း Apple ဖွင့်ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ့ iPhone Xr တို့မှာ Qualcomm modem တွေ သုံးချင်ခဲ့ပေမယ့်၊ Qualcomm က Chip မရောင်းခဲ့ကြောင်း Apple က ပြောကြားခဲ့ပါတယ်။ Qualcomm ရဲ့…

Leave a Comment

Most from this category