0 Shares 60 Views

ေမာ္လဒိုက္ႏုိင္ငံတြင္အေရးေပၚလူနာတင္စက္ေလွလွဴဒါန္းျပီး ကုလသမဂၢ၏ရည္ရြယ္ခ်က္ကုိအေကာင္အထည္ေဖာ္လိုက္တဲ့ အူရီဒူး

Jul 23, 2018
0 60

[Zawgyi]

အူရီဒူးသည္ ေမာ္လဒုိက္ရွိ က်န္းမာေရး၀န္ႀကီးဌာနသို႔ အေရးေပၚလူနာတင္စက္ေလွ (၃)စီးကို လွဴဒါန္းသည့္အခမ္းအနားကို Izzuddheen သေဘၤာဆိပ္တြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။ အဆိုပါလွဴဒါန္းမႈသည္ ယခင္က အူရီဒူးမွ ယင္းႏိုင္ငံသားမ်ားအတြက္ အရည္အေသြးျပည့္၀ေသာ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေပးအပ္မည့္ဆိုသည့္ မာ္လဒုိက္ႏိုင္ငံအစိုးရအား ေပးအပ္ခဲ့ေသာ ကတိကို အေကာင္အထည္ေဖာ္လိုက္ျခင္းျဖစ္ပါသည္။

လွဴဒါန္းမႈ၏ ရည္ရြယ္ခ်က္မွာ အဆိုပါႏိုင္ငံတြင္ လက္ရွိေပးအပ္ေနေသာ အေရးေပၚလူနာတင္စက္ေလွျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ကူညီေပးျခင္း ႏွင့္ ကၽြန္းမ်ားစြာေပၚတည္ ေနထိုင္ၾကေသာ ျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈကို လွ်င္ျမန္စြာေပးအပ္ႏိုင္ရန္အတြက္ အဓိကအေကာင္အထည္ေဖာ္ရန္ ျဖစ္ပါသည္။

လွဴဒါန္းမႈအခမ္အးနားသို႔ Ooredoo Group ၏ ဥကၠဠျဖစ္သူ HE Sheikh Abdulla Bin Mohammed Al Thani, ေ မာ္လဒုိက္ႏို္င္ငံက်န္းမာေရး၀န္ႀကီးအပါ၀င္ ဖိတ္ၾကားထားေသာ သက္ဆိုင္ရာ ၀န္ႀကီးဌာနမ်ားမွ ၀န္ႀကီးမ်ားႏွင့္ ဌာနဆိုင္ရာ အရာရွိႀကီးမ်ား၊ Ooredoo Group ၏ Deputy CEO ျဖစ္သူ Waleed Mohamed Al-Sayed, အူရီဒူး ေမာ္လဒိုက္၏ ဥကၠဠ ႏွင့္ Ooredoo Group ၏ Chief Officer Small and Medium Business Unit ျဖစ္သူ Khalid Al Mahmoud  ႏွင့္အတူ အူရီဒူး ရံုးခ်ဳပ္ႏွင့္ ေမာ္လဒိုက္ရံုးမွ မိသားစု၀င္မ်ား ႏွင့္ လုပ္ငန္းမိတ္ဖက္ တက္ေရာက္ခဲ့ၾကပါသည္။

ေမာ္လဒိုက္ႏိုင္ငံ က်န္းမာေရး၀န္ႀကီး Hon Abdulla Nazim Ibrahim က “ေမာ္လဒိုက္ဟာ ကၽြန္းငယ္ေလးေတြစုစည္းထားတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္တာေၾကာင့္ ကၽြန္းအားလံုးဆီက ျပည္သူမ်ားကို က်န္းမာေရးေစာင့္ေရွာက္မႈမ်ားနဲ႔ ပံ့ပိုးကူညီရန္ စိန္ေခၚမႈမ်ားအေတာ္ရွိေနခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၁၀စုႏွစ္ကစလို႔ ကၽြန္ေတာ္တို႔ႏိုင္ငံဟာ က်န္းမားေရးေစာင့္ေရွာက္မႈအေျခအေနနဲ႔ ဖြံ႔ၿဖိဳးတိုးတက္မႈ စံညႊန္းဟာ တိုးတက္လာခဲ့ပါတယ္။ အစိုးရရဲ႕ အဓိကထားတဲ့အခ်က္ဟာဆိုရင္ ေစ်းႏႈန္းသင့္တင့္၊ သာတူညီမွ်ျဖစ္ၿပီး အလြယ္တကူရယူႏိုင္မယ့္ အရည္အေသြးျပည့္၀တဲ့ က်န္းမာေရး၀န္ေဆာင္မႈေတြကို ေပးအပ္ဖို႔ျဖစ္ပါတယ္။ ေမာ္လဒိုက္အစိုးရမွ ၂၀၁၅ခုႏွစ္ကစတင္ၿပီး အေရးေပၚလူနာတင္စက္ေလွနဲ႔ ႏိုင္ငံတ၀္၀ွမ္းရွိ လူနာမ်ားကို အဆင္ေျပစြာ သယ္ယူပို႔ေဆာင္ေပးႏိုင္ရန္ စတင္၀န္ေဆာင္မႈေပးခဲ့ပါတယ္။ အူရီဒူးကဆိုရင္ ေမာ္လဒိုက္ျပည္သူေတြအတြက္ အထူးတလည္ပံ့ပိုးကူညီေပးခဲ့တဲ့အတြက္ သူတို႔ရဲ႕ ပံ့ပိုးကူညီမႈကို အသိအမွတ္ျပဳၿပီး ႏိုင္ငံတစ္၀ွမ္းမွာအသံုးျပဳေနတဲ့ အေရးေပၚလူနာတင္စက္ေလွမွာ ၎တို႔ရဲ႕ လိုဂိုကို တပ္ေပးထားပါတယ္။” ဟုေျပာၾကားခဲ့ပါသည္။

Ooredoo Group ၏ ဥကၠဠျဖစ္သူ HE Sheikh Abdulla Bin Mohammed Al Thani က “ကၽြန္ေတာ္တို႔အေနနဲ႔ ႏိုင္ငံတစ္၀ွမ္းမွာ အေရးေပၚကူညီကယ္ဆယ္ေရးအတြက္ လိုအပ္ေနတဲ့ အေရးေပၚလူနာတင္စက္ေလွ (၃)စီးကို လွဴဒါန္းကူညီေပးႏိုင္တဲ့အတြက္ တကယ္ကို ၀မ္းေျမာက္ရပါတယ္။ ဒီေန႔ဆိုရင္ အေရးေပၚလူနာတင္စက္ေလ (၂)စီးကို လႊဲေျပာင္းေပးအပ္ခဲ့ၿပီး ဒီႏွစ္မကုန္ခင္မွာ က်န္ (၁)စီးကို ဆက္လက္လႊဲေျပာင္းေပးအပ္မွာျဖစ္ပါတယ္။ အေရးေပၚက်န္းမာေရးေစာင့္ေရွာက္မႈ နဲ႔ ကုသေရးကို လိုအပ္ေနတဲ့ ျပည္သူလူထုအတြက္ အဆင္ေျပျမန္ဆန္စြာ က်န္းမာေရး ကူညီေစာင့္ေရွာက္မႈရရွိဖို႔အတြက္ ကၽြန္ေတာ္တို႔ရဲ႕ အခုလွဴဒါန္းမႈကေန ကူညီေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒါ့အျပင္ အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈလဲ တိုးတက္လာမယ္လို႔ ကၽြန္ေတာ္တို႔အျပည့္အ၀ ယံုၾကည္ေမွ်ာ္လင့္မိပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ ေမာ္လဒိုက္မွာရွိတဲ့ ကမာၻတစ္၀ွမ္းရွိ ေရႊ႔လ်ားက်န္းမားေရးေဆးခန္းမ်ား (Mobile Health Clinics) အစီအစဥ္ကို က်န္းမာေရး၀န္ႀကီးဌာန၊ Maldives National Defense Force နဲ႔ Maldivian Red Crescent နဲ႔ ပူးေပါင္းၿပီး မိတ္ဆက္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ အူရီဒူး၀န္ေဆာင္မႈေပးေနတဲ့ ႏိုင္ငံေတြမွာ ေရႊ႔လ်ားက်န္းမာေရးေဆးခန္းေတြဟာဆိုရင္ က်န္းမာေရးေစာင့္ေရွာက္မႈကို အဓိကလိုအပ္ေနတဲ့ ျပည္သူေတြကို က်န္းမာေရးေစာင့္ေရွာက္မႈေတြေပးအပ္ႏိုင္တဲ့အတြက္ ေျပာင္းလဲတိုးတက္မႈမ်ားကို ေတြ႔ျမင္ေနရၿပီျဖစ္တာေၾကာင့္ ေမာ္လဒိုက္မွာလည္း အခုလို ရလဒ္ေတြ ရရွိမယ္လုိ႔ ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္။” ဟုေျပာၾကားလိုက္ပါသည္။

အူူရီဒူး၏ ကမာၻတစ္၀ွမ္းမွာလုပ္ေဆာင္ေပးေနတဲ့ လူမႈအက်ိဳးျပဳလုပ္ငန္းေတြမွ တဆင့္ အူရီဒူး ေရႊ႔လ်ားေဆးခန္းမ်ားသည္ ေက်းလက္ေဒသႏွင့္ ၿမိဳ႕ျပႏွင့္ေ၀းကြာေသာ ေဒသရွိျပည္သူမ်ားထံသို႔ အေရာက္သြားၿပီး က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို အခမဲ့ေပးအပ္လွ်က္ရွိၿပီး အာဟာရမွ်တစြာ ေနထိုင္ရန္ အၾကံေပးျခင္း၊ အားေဆးမ်ားကို ေ၀ငွေပးျခင္းမ်ားကို ျပဳလုပ္ေပးပါသည္။ အဆုိပါ အစီအစဥ္တြင္ ပညာေပးအစီအစဥ္မ်ားအဓိကပါ၀င္ၿပီး၊ မိဘမ်ားႏွင့္ ကေလးငယ္မ်ားအား က်န္းမာစြာေနထိုင္သည့္ လူေနမႈပံုစံ ႏွင့္ ကူးစက္ေရာဂါမ်ားအား ကာကြယ္ပံုစသည္တို႔ကို သင္ၾကားေပးျခင္းျဖစ္ပါသည္။ ပူးေပါင္းေဆာင္ရြက္ထားသည့္ အဖြဲ႔အစည္းမ်ားႏွင့္အတူ အူရီဒူးမွ အဆိုပါအစီအစဥ္ကို ေမာ္လဒိုက္ရွိ ကၽြန္းငယ္မ်ားသို႔ပါ ဆက္လက္တိုးခ်ဲ႕ၿပီး လုပ္ေဆာင္ေပးသြားမည္ျဖစ္ပါသည္။

ယခုလွဴဒါန္းကူညီခဲ့ေသာ အေရးေပၚလူနာတင္စက္ေလွသည္ အရွည္ေပ ၄၀ရွိၿပီး လူနာတင္ကုတင္ ၂ခု အျပင္ လူဦးေရ ၁၂ဦးအထိ တခ်ိန္တည္းတြင္ သယ္ေဆာင္ႏိုင္ပါသည္။ အဆိုပါ စက္ေလွတြင္ အဆင့္ျမင့္ ေရေၾကာင္းျပစနစ္ႏွင့္ ဆက္သြယ္ေရးစနစ္တို႔ကို တပ္ဆင္ေပးထားပါသည္။ ေအာက္စီဂ်စ္ဘူး ၂လံုး ႏွင့္အတူ အေရးေပၚကယ္ဆယ္ေရး ကိရိယာအျပည့္အစံုကို တပ္ဆင္ေပးထားပါသည္။

[Unicode]

အူရီဒူးသည် မော်လဒိုက်ရှိ ကျန်းမာရေးဝန်ကြီးဌာနသို့ အရေးပေါ်လူနာတင်စက်လှေ (၃)စီးကို လှူဒါန်းသည့်အခမ်းအနားကို Izzuddheen သင်္ဘောဆိပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုသည် ယခင်က အူရီဒူးမှ ယင်းနိုင်ငံသားများအတွက် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်မည့်ဆိုသည့် မာ်လဒိုက်နိုင်ငံအစိုးရအား ပေးအပ်ခဲ့သော ကတိကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်ပါသည်။

လှူဒါန်းမှု၏ ရည်ရွယ်ချက်မှာ အဆိုပါနိုင်ငံတွင် လက်ရှိပေးအပ်နေသော အရေးပေါ်လူနာတင်စက်လှေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီပေးခြင်း နှင့် ကျွန်းများစွာပေါ်တည် နေထိုင်ကြသော ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို လျှင်မြန်စွာပေးအပ်နိုင်ရန်အတွက် အဓိကအကောင်အထည်ဖော်ရန် ဖြစ်ပါသည်။

လှူဒါန်းမှုအခမ်အးနားသို့ Ooredoo Group ၏ ဥက္ကဠဖြစ်သူ HE Sheikh Abdulla Bin Mohammed Al Thani, ေ မာ်လဒိုက်နိုင်ငံကျန်းမာရေးဝန်ကြီးအပါဝင် ဖိတ်ကြားထားသော သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အရာရှိကြီးများ၊ Ooredoo Group ၏ Deputy CEO ဖြစ်သူ Waleed Mohamed Al-Sayed, အူရီဒူး မော်လဒိုက်၏ ဥက္ကဠ နှင့် Ooredoo Group ၏ Chief Officer Small and Medium Business Unit ဖြစ်သူ Khalid Al Mahmoud  နှင့်အတူ အူရီဒူး ရုံးချုပ်နှင့် မော်လဒိုက်ရုံးမှ မိသားစုဝင်များ နှင့် လုပ်ငန်းမိတ်ဖက် တက်ရောက်ခဲ့ကြပါသည်။

မော်လဒိုက်နိုင်ငံ ကျန်းမာရေးဝန်ကြီး Hon Abdulla Nazim Ibrahim က “မော်လဒိုက်ဟာ ကျွန်းငယ်လေးတွေစုစည်းထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် ကျွန်းအားလုံးဆီက ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများနဲ့ ပံ့ပိုးကူညီရန် စိန်ခေါ်မှုများအတော်ရှိနေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀စုနှစ်ကစလို့ ကျွန်တော်တို့နိုင်ငံဟာ ကျန်းမားရေးစောင့်ရှောက်မှုအခြေအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှု စံညွှန်းဟာ တိုးတက်လာခဲ့ပါတယ်။ အစိုးရရဲ့ အဓိကထားတဲ့အချက်ဟာဆိုရင် ဈေးနှုန်းသင့်တင့်၊ သာတူညီမျှဖြစ်ပြီး အလွယ်တကူရယူနိုင်မယ့် အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ပေးအပ်ဖို့ဖြစ်ပါတယ်။ မော်လဒိုက်အစိုးရမှ ၂၀၁၅ခုနှစ်ကစတင်ပြီး အရေးပေါ်လူနာတင်စက်လှေနဲ့ နိုင်ငံတဝ်ဝှမ်းရှိ လူနာများကို အဆင်ပြေစွာ သယ်ယူပို့ဆောင်ပေးနိုင်ရန် စတင်ဝန်ဆောင်မှုပေးခဲ့ပါတယ်။ အူရီဒူးကဆိုရင် မော်လဒိုက်ပြည်သူတွေအတွက် အထူးတလည်ပံ့ပိုးကူညီပေးခဲ့တဲ့အတွက် သူတို့ရဲ့ ပံ့ပိုးကူညီမှုကို အသိအမှတ်ပြုပြီး နိုင်ငံတစ်ဝှမ်းမှာအသုံးပြုနေတဲ့ အရေးပေါ်လူနာတင်စက်လှေမှာ ၎င်းတို့ရဲ့ လိုဂိုကို တပ်ပေးထားပါတယ်။” ဟုပြောကြားခဲ့ပါသည်။

Ooredoo Group ၏ ဥက္ကဠဖြစ်သူ HE Sheikh Abdulla Bin Mohammed Al Thani က “ကျွန်တော်တို့အနေနဲ့ နိုင်ငံတစ်ဝှမ်းမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် လိုအပ်နေတဲ့ အရေးပေါ်လူနာတင်စက်လှေ (၃)စီးကို လှူဒါန်းကူညီပေးနိုင်တဲ့အတွက် တကယ်ကို ဝမ်းမြောက်ရပါတယ်။ ဒီနေ့ဆိုရင် အရေးပေါ်လူနာတင်စက်လေ (၂)စီးကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒီနှစ်မကုန်ခင်မှာ ကျန် (၁)စီးကို ဆက်လက်လွှဲပြောင်းပေးအပ်မှာဖြစ်ပါတယ်။ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ကုသရေးကို လိုအပ်နေတဲ့ ပြည်သူလူထုအတွက် အဆင်ပြေမြန်ဆန်စွာ ကျန်းမာရေး ကူညီစောင့်ရှောက်မှုရရှိဖို့အတွက် ကျွန်တော်တို့ရဲ့ အခုလှူဒါန်းမှုကနေ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလဲ တိုးတက်လာမယ်လို့ ကျွန်တော်တို့အပြည့်အ၀ ယုံကြည်မျှော်လင့်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ မော်လဒိုက်မှာရှိတဲ့ ကမ္ဘာတစ်ဝှမ်းရှိ ရွှေ့လျားကျန်းမားရေးဆေးခန်းများ (Mobile Health Clinics) အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာန၊ Maldives National Defense Force နဲ့ Maldivian Red Crescent နဲ့ ပူးပေါင်းပြီး မိတ်ဆက်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အူရီဒူးဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတွေမှာ ရွှေ့လျားကျန်းမာရေးဆေးခန်းတွေဟာဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုကို အဓိကလိုအပ်နေတဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးအပ်နိုင်တဲ့အတွက် ပြောင်းလဲတိုးတက်မှုများကို တွေ့မြင်နေရပြီဖြစ်တာကြောင့် မော်လဒိုက်မှာလည်း အခုလို ရလဒ်တွေ ရရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟုပြောကြားလိုက်ပါသည်။

အူူရီဒူး၏ ကမ္ဘာတစ်ဝှမ်းမှာလုပ်ဆောင်ပေးနေတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှ တဆင့် အူရီဒူး ရွှေ့လျားဆေးခန်းများသည် ကျေးလက်ဒေသနှင့် မြို့ပြနှင့်ဝေးကွာသော ဒေသရှိပြည်သူများထံသို့ အရောက်သွားပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ပေးအပ်လျှက်ရှိပြီး အာဟာရမျှတစွာ နေထိုင်ရန် အကြံပေးခြင်း၊ အားဆေးများကို ဝေငှပေးခြင်းများကို ပြုလုပ်ပေးပါသည်။ အဆိုပါ အစီအစဉ်တွင် ပညာပေးအစီအစဉ်များအဓိကပါဝင်ပြီး၊ မိဘများနှင့် ကလေးငယ်များအား ကျန်းမာစွာနေထိုင်သည့် လူနေမှုပုံစံ နှင့် ကူးစက်ရောဂါများအား ကာကွယ်ပုံစသည်တို့ကို သင်ကြားပေးခြင်းဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်ထားသည့် အဖွဲ့အစည်းများနှင့်အတူ အူရီဒူးမှ အဆိုပါအစီအစဉ်ကို မော်လဒိုက်ရှိ ကျွန်းငယ်များသို့ပါ ဆက်လက်တိုးချဲ့ပြီး လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

ယခုလှူဒါန်းကူညီခဲ့သော အရေးပေါ်လူနာတင်စက်လှေသည် အရှည်ပေ ၄၀ရှိပြီး လူနာတင်ကုတင် ၂ခု အပြင် လူဦးရေ ၁၂ဦးအထိ တချိန်တည်းတွင် သယ်ဆောင်နိုင်ပါသည်။ အဆိုပါ စက်လှေတွင် အဆင့်မြင့် ရေကြောင်းပြစနစ်နှင့် ဆက်သွယ်ရေးစနစ်တို့ကို တပ်ဆင်ပေးထားပါသည်။ အောက်စီဂျစ်ဘူး ၂လုံး နှင့်အတူ အရေးပေါ်ကယ်ဆယ်ရေး ကိရိယာအပြည့်အစုံကို တပ်ဆင်ပေးထားပါသည်။

You may be interested

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား
Android, FEATURES, HUBS
115 shares55 views

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား

Ko Thuya - Nov 19, 2018

Android ေပၚလာတာ ဆယ္စုႏွစ္တစ္ခုေက်ာ္လာပါၿပီ။ Update တစ္ခုထြက္တိုင္းမွာ လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ အခ်ိဳ႕ လုပ္ေဆာင္ခ်က္ေတြကို လူေတြ သိပ္မသိၾကပါဘူး။ ဒီပို႔စ္မွာ အန္းဒရြိဳက္ကို ဆရာတစ္ဆူလို သံုးႏိုင္မယ့္ နည္းလမ္းမ်ားကို ေဖာ္ျပလိုက္ပါတယ္။ ၁။ App မ်ားအတြက္ သီးျခား Shortcuts…

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား
Facebook, HUBS, NEWS
56 shares10 views

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား

Ko Thuya - Nov 19, 2018

Instagram မၾကာခင္က မိတ္ဆက္ခဲ့တဲ့ Download Your Data Tool ကေန User မ်ားရဲ႕ Password မ်ား ေပါက္ၾကားသြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္ User အနည္းငယ္သာ ေပါက္ၾကားသြားတာ ျဖစ္ၿပီး အခုေတာ့ လံုျခံဳေရး ဟာကြက္ကို…

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္
NEWS, Odd
96 shares27 views

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္

Ko Thuya - Nov 19, 2018

ခ်စ္စရာ အနက္နဲ႔ အ၀ါေရာင္ ေၾကာင္ေလး ႏွစ္ေကာင္ဟာ ဂ်ပန္ႏုိင္ငံ ဟီရိုရွီးမားၿမိဳ႕မွ အနုပညာ ျပတိုက္ကို တစ္ပတ္လွ်င္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ၀င္ဖို႔ ႀကိဳးစားေနပါတယ္။ သူတို႔ ဒီလိုလုပ္ေနတာ ၂ ႏွစ္ေလာက္ ရွိပါၿပီ။ လံုျခံဳေရး ၀န္ထမ္းမ်ားေၾကာင့္…

Leave a Comment

Most from this category