1017 Shares 1368 Views

48 Megapixel ထိရိုက်ကူးနိုင်တဲ့ Image Sensor အသစ်ကို Sony မိတ်ဆက်

Jul 23, 2018
1017 1368

[Zawgyi]







Ref: PhoneArena

[Unicode]

စမတ်ဖုန်းတွေအတွက် Image sensor တွေကို အဓိကထုတ်လုပ်ရောင်းချထောက်ပံ့ပေးနေတဲ့ Sony ကတော့ ဟန်းဆက်ကင်မရာတွေအတွက် IMX586 CMOS image sensor ထွက်လာတော့မယ့်အကြောင်း ကြေညာလိုက်ပါပြီ။ Sensor အသစ် ရဲ့ Pixel size က 0.8 μm ဖြစ်တဲ့အတွက် ကမ္ဘာမှာအသေးဆုံး pixel size လို့ပြောလို့ရပါပြီ။ Sony ကတော့ 48 megapixel ပမာဏထိရနိုင်တယ်လို့ ဆိုထားပါတယ်။

Sony announces new image sensor for smartphones with the highest 48 effective megapixels

စွမ်းဆောင်ရည်ပိုင်းမှာတော့ Sony ရဲ့ IMX586 sensor တွေက စွမ်းဆောင်ရည်အရမ်းကောင်းတဲ့ SLR ကင်မရာတွေနဲ့ကို ပြိုင်ဘက်ဖြစ်လာနိုင်ပြီး စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ ရုပ်ထွက်အရည်အသွေးကောင်းမွန်တဲ့ပုံတွေကို ရိုက်ကူးနိုင်တော့မှာဖြစ်ပါတယ်။ Sony အနေနဲ့ သူ့ရဲ့ “Exposure” ထိန်းချုပ်နိုင်တဲ့နည်းပညာနဲ့ Signal တွေကို Process လုပ်တဲ့စွမ်းရည်တွေကို Image sensor ထဲမှာ တစ်ခါတည်းထည့်သွင်းပေးထားတဲ့အတွက် ထွက်လာတဲ့ပုံတွေရဲ့ Dynamic Range က သာမန်ထက် ၄ဆလောက်ပိုများသွားပါတယ်။

Sony announces new image sensor for smartphones with the highest 48 effective megapixels

ဒါ့ပြင် ဒီ IMX586 မှာ Quad Bayer Array ကိုသုံးလိုက်တဲ့အတွက်ကြောင့် 2×2 အရောင်တူ Pixel ၄ကွက်ဖြစ်သွားးပြီး resolution လည်းပိုမြင့်လာပါတယ်။ အလင်းအားနည်းတဲ့ low-light တွေမှာလည်း ပိုလင်းပြီး noise တွေပိုနည်းသွားပါလိမ့်မယ်။ ဒီတိုင်းသာဆို စမတ်ဖုန်းတွေရဲ့ low-light ဓာတ်ပုံတွေက အခုထက်ကို ပိုပိုပြီးကောင်းလာဦးမယ့်ပုံပါပဲ။

Sony ရဲ့ ဒီ CMOS image sensor အသစ်တွေကို စက်တင်ဘာလမှာ စတင်ရောင်းချတော့မှာဖြစ်ပြီး ဒီ IMX586 Sensor တွေကိုပထမဆုံးသုံးမယ့်ဖုန်းက ဘယ်ဖုန်းတွေဖြစ်မလဲဆိုတာကတော့ အရမ်းအရမ်းသိချင်နေပါပြီ 😉

Ref: PhoneArena

You may be interested

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
117 shares19 views

မျက်နှာပြင် ၂ ခု ပါတဲ့ Vivo NEX Dual Display Edition ကို ကြေညာပြီ

Ko Thuya - Dec 12, 2018

Vivo က NEX Dual Display Edition ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က အရှေ့နဲ့ အနောက်မှာ မျက်နှာပြင်တစ်ခုစီ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှ မျက်နှာပြင်ဟာ ဘောင်ပျောက် ဒီဇိုင်းဖြစ်ပြီး ၆.၃၉ လက်မ ဖြစ်ပါတယ်။ သူဟာ Super…

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ
Android, HUBS, Mobiles & Tablets
135 shares34 views

Vivo V11 ရဲ့ Supernova Red ကို ကြေညာပြီ

Ko Thuya - Dec 11, 2018

လွန်ခဲ့တဲ့ ၂ ပတ်လောက်က Vivo V11 ရဲ့ အနီရောင်မော်ဒယ်ကို ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Supernova Red ကို Amazon India မှာ ရောင်းချပေးလိုက်ပါတယ်။ တရုတ်မှာတော့ Vivo V11 Pro အမည်ဖြင့် ရောင်းချတာ…

အသုံးပြုသူ ၅၂.၅ သန်းရဲ့ ဒေတာတွေ ထပ်မံပေါက်ကြားခဲ့တာကြောင့် Google+ ကို စောစီးစွာ ပိတ်သိမ်းမည်
Google, NEWS
250 shares70 views

အသုံးပြုသူ ၅၂.၅ သန်းရဲ့ ဒေတာတွေ ထပ်မံပေါက်ကြားခဲ့တာကြောင့် Google+ ကို စောစီးစွာ ပိတ်သိမ်းမည်

Nigma - Dec 11, 2018

(Zawgyi) ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Google+ ဟာ Security Bug တခုကြောင့် အသုံးပြုသူ သန်းတဝက်ရဲ့ ဒေတာတွေ ပေါက်ကြားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ပြီးနောက် Google+ Consumer Version ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း ပိတ်သိမ်းတော့မှာ ဖြစ်ကြောင်း…

Leave a Comment

Most from this category