2505 Shares 4534 Views
ဆာဗာပြန်တက်လာချိန်မှာ Update အသစ်တွေနဲ့အတူရောက်လာမယ့် PUBG Mobile
Jul 23, 2018
2505 4534
[Zawgyi]
Source: Express
[Unicode]
PUBG MOBILE ဆာဗာတွေကတော့ 00:00 UTC (မနက် ၆ခွဲ) ကနေ 08:00 UTC (နေ့လည် ၂နာရီခွဲ) ထိ ဆာဗာဒေါင်းနေမှာဖြစ်ပြီး ပြန်တက်လာချိန်မှာတော့ iOS ရော Android အတွက်ပါ update အသစ်တွေနဲ့အတူပြန်လာမယ်လို့ သိထားပါတယ်။
ဒီတစ်ခေါက်ဆာဗာဒေါင်းတာကတော့ Beta အနေနဲ့စမ်းသပ်နေဆဲ PUBG 0.7.0 update ထွက်လာဖို့ လမ်းကြောင်းများလားလို့တောင်ထင်ရပါတယ်။
ဆာဗာဒေါင်းနေချိန် နေ့ခင်း ၂ခွဲမတိုင်ခင်ထိကတော့ ထုံးစံအတိုင်း ဂိမ်းထဲကို Log in ဝင်လို့ရမှာမဟုတ်ပါဘူး။ ဆာဗာပြန်တက်လာချိန်မှာ PUBG Update အသစ်ထွက်လာနိုင်ချေရှိပေမယ့် ဘယ်အချိန်အတိအကျရယ်လို့တော့ မသိသေးပါဘူး။
၈နာရီလောက်ကြီး ဆာဗာဒေါင်းတယ်ဆိုတော့ Development အဖွဲ့ကနေ အသစ်အသစ်သော Update တွေအများကြီးုပါလာမယ်လို့ မျှော်လင့်ရပါတယ်။ တစ်ချို့လည်း Beta Version ကိုစောစောဝင်လို့ရလိုက်လို့ Google Play Store ကနေ ဒေါင်းလုပ်တောင်လုပ်ပြီးသွားကြပါပြီ။ ဒီ Beta ဗားရှင်း Update 0.7.0 သာထွက်လာမယ်ဆိုရင်တော့ သူ့မှာပါဝင်လာမယ့် အသစ်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
PUBG ရဲ့ တရားဝင်ကြေညာချက်တွေကို အချိန်နဲ့တပြေးညီသိနိုင်အောင် ဂိမ်းရဲ့ဆိုရှယ်မီဒီယာ Channel တွေကိုသာ မျက်ခြေမပြတ်စောင့်ကြည့်ကြပါလို့။ ဆာဗာပြန်တက်လာမယ့်အချိန်က နေ့ခင်း ၂နာရီခွဲဆိုတာလည်း မမေ့နဲ့ဦးနော်။
Source: Express
You may be interested
Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Mobiles & Tablets, NEWS, Samsung
0 shares0 views
Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Nigma - Mar 21, 2019
Galaxy A Series ဖုန်းအသစ် Galaxy A30 နဲ့ Galaxy A50 တို့ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာချိန်မှာ နောက်ထပ် Galaxy A Series ဖုန်းအသစ်တမျိုးကို နယ်သာလန်နိုင်ငံမှာ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Galaxy A30 နဲ့…
Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
NEWS, Softwares & Application
59 shares208 views
Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
Nigma - Mar 21, 2019
Messenger မှာ အဓိက လိုအပ်နေတဲ့ လုပ်ဆောင်ချက်အသစ်တခု ပါဝင်လာပါတယ်။ Quoted replies ဆိုတဲ့ လုပ်ဆောင်ချက်ပါ။ မက်ဆေ့တခုကို ရွေးချယ်ပြီး Reply ပြန်ပြောနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့ Group Chat ပြောတဲ့အခါ တယောက်တပေါက်နဲ့ ပြန်ပြောရတာ အခက်တွေ့ကြမှာပါ။…
မတ်လကုန်မှာ Redmi Note 7 အလုံးရေ ၄ သန်း ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Xiaomi
Android, HUBS, Mobiles & Tablets
108 shares131 views
မတ်လကုန်မှာ Redmi Note 7 အလုံးရေ ၄ သန်း ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Xiaomi
Ko Thuya - Mar 21, 2019
Xiaomi က ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ Redmi Note 7 ကို ကြေညာခဲ့ပါတယ်။ ရှောင်မီရဲ့ ဥက္ကဌ ဖြစ်သူက ပထမဆုံး ရောင်းတဲ့ လမှာ အလုံးရေ ၁ သန်းရောင်းချနိုင်ဖို့ ကြိုးစားမယ်လို့ အဲဒီအချိန်က ပြောခဲ့ပါတယ်။ တကယ်လည်း…
Leave a Comment
Most from this category