369 Shares 392 Views

Huawei က Notch မပါဘဲ ကင္မရာကို စကရင္မွာ ျမွပ္ႏွံထားတဲ့ ဖုန္းတစ္လံုးကို ဖန္တီးေန

Jul 23, 2018
369 392

ေတာင္ကိုရီးယား မီဒီယာတစ္ခုရဲ႕ သတင္းအရ ဟြာေ၀းဟာ Notch မပါတဲ့ ဒီဇိုင္း ထူးျခား ဆန္းသစ္တဲ့ Full Screen Smartphone တစ္လံုးကို ဖန္တီးေနတယ္လို႔ သိရပါတယ္။ ဖုန္း ကုမၸဏီမ်ားဟာ မ်က္ႏွာျပင္ အျပည့္ ဖုန္းမ်ားကို ဖန္တီးဖို႔အတြက္ Notch ဒီဇိုင္းကို ဖန္တီးလာၾကပါတယ္။ Notch မွာ ကင္မရာနဲ႔ ဆန္ဆာမ်ားကို ထည့္သြင္းထားၾကပါတယ္။ Vivo နဲ႔ Oppo တို႔က Notch မပါဘဲ Pop-Up Camera မ်ား ပါတဲ့ ဒီဇိုင္းလန္းတဲ့ ဖုန္းမ်ားကိုေတာင္ ဖန္တီးထားၾကပါတယ္။ အခုလည္း ဟြာေ၀းက Notch ကို မသံုးထားဘဲ ဒီဇိုင္းဆန္းတဲ့ ဖုန္း တစ္လံုးကို ဖန္တီးေနပံုေပၚပါတယ္။

သူ႔ရဲ႕ ဖုန္းဒီဇိုင္းရဲ႕ ပံုၾကမ္းမ်ားလညး္ ထြက္ေပၚလာပါတယ္။ အေရွ႕ကင္မရာကို မ်က္ႏွာျပင္ရဲ႕ အထက္နားမွာ ျမွပ္ႏွံထားတာကို ေတြ႕ရပါတယ္။ အဲဒီအတြက္ Notch ကို ထည့္သြငး္းထားဖုိ႔လည္း မလိုအပ္ေတာ့ပါဘူး။ စကရင္ရဲ႕ အထက္မွ ပါးလႊာတဲ့ ေဘာင္ေလးမွာ Earpiece , Ambient Sensor , Proximity Sensor မ်ားကို တပ္ဆင္ထားတာကို ေတြ႕ရပါတယ္။

ဒါေပမယ့္ Notch ပါတဲ့ ဖုန္းမ်ားမွာလိုပဲ ကင္မရာဟာ Apps မ်ားရဲ႕ User Interface ကို ဖံုးကြယ္ထားႏုိင္ပါတယ္။ Pop-Up Camera မ်ား ထည့္သြင္းထားတဲ့ Oppo Find X နဲ႔ Vivo Nex S မ်ားမွာေတာ့ ဒီျပႆနာမ်ား မရွိပါဘူး။

သတင္းအရ ဟြာေ၀းရဲ႕ စမတ္ဖုန္းမွာ ၆.၃၉ လက္မ LCD Screen ထည့္သြင္းထားၿပီး ယခုႏွစ္ ကြာတား ၄ မွာ ေၾကညာႏုိင္ပါတယ္။

Ref : gsmarena

Huawei က Notch မပါဘဲ ကင်မရာကို စကရင်မှာ မြှပ်နှံထားတဲ့ ဖုန်းတစ်လုံးကို ဖန်တီးနေ

တောင်ကိုရီးယား မီဒီယာတစ်ခုရဲ့ သတင်းအရ ဟွာဝေးဟာ Notch မပါတဲ့ ဒီဇိုင်း ထူးခြား ဆန်းသစ်တဲ့ Full Screen Smartphone တစ်လုံးကို ဖန်တီးနေတယ်လို့ သိရပါတယ်။ ဖုန်း ကုမ္ပဏီများဟာ မျက်နှာပြင် အပြည့် ဖုန်းများကို ဖန်တီးဖို့အတွက် Notch ဒီဇိုင်းကို ဖန်တီးလာကြပါတယ်။ Notch မှာ ကင်မရာနဲ့ ဆန်ဆာများကို ထည့်သွင်းထားကြပါတယ်။ Vivo နဲ့ Oppo တို့က Notch မပါဘဲ Pop-Up Camera များ ပါတဲ့ ဒီဇိုင်းလန်းတဲ့ ဖုန်းများကိုတောင် ဖန်တီးထားကြပါတယ်။ အခုလည်း ဟွာဝေးက Notch ကို မသုံးထားဘဲ ဒီဇိုင်းဆန်းတဲ့ ဖုန်း တစ်လုံးကို ဖန်တီးနေပုံပေါ်ပါတယ်။

သူ့ရဲ့ ဖုန်းဒီဇိုင်းရဲ့ ပုံကြမ်းများလည်း ထွက်ပေါ်လာပါတယ်။ အရှေ့ကင်မရာကို မျက်နှာပြင်ရဲ့ အထက်နားမှာ မြှပ်နှံထားတာကို တွေ့ရပါတယ်။ အဲဒီအတွက် Notch ကို ထည့်သွင်းးထားဖို့လည်း မလိုအပ်တော့ပါဘူး။ စကရင်ရဲ့ အထက်မှ ပါးလွှာတဲ့ ဘောင်လေးမှာ Earpiece , Ambient Sensor , Proximity Sensor များကို တပ်ဆင်ထားတာကို တွေ့ရပါတယ်။

ဒါပေမယ့် Notch ပါတဲ့ ဖုန်းများမှာလိုပဲ ကင်မရာဟာ Apps များရဲ့ User Interface ကို ဖုံးကွယ်ထားနိုင်ပါတယ်။ Pop-Up Camera များ ထည့်သွင်းထားတဲ့ Oppo Find X နဲ့ Vivo Nex S များမှာတော့ ဒီပြဿနာများ မရှိပါဘူး။

သတင်းအရ ဟွာဝေးရဲ့ စမတ်ဖုန်းမှာ ၆.၃၉ လက်မ LCD Screen ထည့်သွင်းထားပြီး ယခုနှစ် ကွာတား ၄ မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena

You may be interested

Android မွာ အလုပ္ေတြ အလိုအေလွ်ာက္ လုပ္ေပးမယ့္ Taskzy
Android, FEATURES, HUBS
0 shares4 views

Android မွာ အလုပ္ေတြ အလိုအေလွ်ာက္ လုပ္ေပးမယ့္ Taskzy

Ko Thuya - Oct 18, 2018

သင္ျပဳလုပ္တဲ့ အလုပ္အေပၚ မူတည္ၿပီး သင့္ဖုန္းမွ App မ်ားကို အလိုအေလွ်ာက္ ဖြင့္ေပးႏိုင္ရင္ အလြန္ အဆင္ေျပမွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ သင္ Headset တပ္လိုက္တဲ့ အခ်ိန္မွာ သင္ႏွစ္သက္တဲ့ Music App ကို ဖြင့္ေပးျခင္း၊ လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္းမ်ားျပဳလုပ္ရင္…

Lenovo ရဲ႕ Foldable Tablet လာမည္
Android, HUBS, Lenovo
0 shares2 views

Lenovo ရဲ႕ Foldable Tablet လာမည္

Ko Thuya - Oct 18, 2018

ေခါက္ခ်ိဳးေကြးညႊတ္ႏိုင္တဲ့ စမတ္ဖုန္းမ်ားကို ကုမၸဏီမ်ားက တီထြင္ဖန္တီးေနတဲ့ သတင္းမ်ား ထြက္ေပၚေနတာ ႏွစ္အနည္းငယ္ေတာင္ ၾကာပါၿပီ။ ေစ်းကြက္ထဲကိုေတာ့ အဲဒီ စမတ္ဖုန္းမ်ား မေရာက္လာေသးပါဘူး။ ဒါေပမယ့္ မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ပထမဆံုး ေစ်းကြက္ထဲ ေရာက္လာႏုိင္တာက လီႏုိဗိုရဲ႕ ေကြးညႊတ္ ေခါက္ခ်ိဳး ႏိုင္တဲ့…

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကေန ထိန္္းခ်ဳပ္ႏိုင္တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ႔ရဲ႕ R1 Drone ကို Apple Watch ကေန ထိန္းခ်ဳပ္ႏုိင္တဲ့ စြမ္းရည္ကို ထည့္သြင္းေပးလိုက္ၿပီိလုိ႔ ေၾကညာလိုက္ပါတယ္။ Skydio R1 ဟာ လူေတြက မထိန္းခ်ဳပ္ရင္ေတာင္ အလိုအေလွ်ာက္ ပ်ံသန္းၿပီး ဓါတ္ပံု၊ ဗီဒီယို ရိုက္ကူးျခင္းလို…

Leave a Comment

Most from this category