165 Shares 114 Views

သင့္ ဖုန္းကို ေနေရာင္ျခည္ ကေန အားသြင္းေပးမယ့္ ကိရိယာ

Jul 23, 2018
165 114

ဖုန္းမ်ားကို အားသြင္းေပးႏုိင္တဲ့ ကိရိယာမ်ားစြာ ထြက္ရွိေနေပမယ့္ မၾကာခဏ ခရီးသြားသူမ်ားအတြက္ေတာ့ ေနေရာင္ျခည္ကေန အားသြင္းေပးမယ့္ ကိရိယာမ်ားဟာ အလြန္ အသံုး၀င္ပါတယ္။ ဒါေပမယ့္ အဲဒီ ကိရိယာမ်ားဟာ အရြယ္ႀကီးၿပီး သယ္ေဆာင္ရတာ မလြယ္ကူပါဘူး။ အခုေတာ့ ဒီဇိုင္း ဆန္းသစ္တဲ့ ကိရိယာ အသစ္တစ္ခု ထြက္လာပါတယ္။ သူ႔ကို မသံုးတဲ့ အခ်ိန္မွာ ေခါက္လိပ္ထားႏုိင္တဲ့အတြက္ သယ္ေဆာင္ရတာလည္း လြယ္ကူပါတယ္။

သူ႔ရဲ႕ အမည္မွာ Soul Solar Scroll ျဖစ္ၿပီး သူ႔ကို ထုတ္လုပ္ေရာင္းခ်ဖို႔ ယခုတစ္ပတ္ အေစာပိုင္းမွာ Kickstarter ၀က္ဆိုက္မွာ ရန္ပံုေငြ ေကာက္ခံေနပါတယ္။ လက္ရွိမွာ ေမွ်ာ္မွန္းထားတဲ့ ရန္ပံုေငြရဲ႕ထက္၀က္နီးပါး ရရွိေနၿပီ ျဖစ္တဲ့အတြက္ ေစ်းကြက္ထဲ ေရာက္လာဖို႔ ရာခုိင္ႏႈန္းမ်ား ေနပါၿပီ။

သူ႔မွာ 5400mAh Battery နဲ႔ လွ်င္ျမန္စြာ အားျဖည့္နိုင္တဲ့ USB Port ထည့္သြင္းထားပါတယ္။ သူ႔ရဲ႕ ဘက္ထရီက စမတ္ဖုန္းတစ္လံုးကို ၂ ႀကိမ္ေလာက္ အားျဖည့္ေပးႏုိင္ပါတယ္။ ႀကိဳးမဲ့ နားၾကပ္မ်ားဆိုရင္ေတာ့ ၁၀ ႀကိမ္ေတာင္ အားသြင္းေပးႏိုင္ပါတယ္။ သူ႔မွာပါတဲ့ Solar Panel ဟာ အလြန္ ပါးလႊာၿပီး ေကြးညႊတ္ႏုိင္ပါတယ္။ သူ႔ကို ေခါက္လိပ္ထားႏိုင္ပါတယ္။

သူဟာ 5 watts စြမ္းအင္ကို ထုတ္လုပ္ေပးႏုိင္တယ္လို႔ တီထြင္သူမ်ားက ေျပာပါတယ္။ ေနေရာင္ျခည္ကေန သူ႔ကို အားအျပည့္ျဖည့္ဖို႔အတြက္ ၅ နာရီ၊ ၆ နာရီေလာက္ ၾကာျမင့္ပါတယ္။ အားသြင္းပလက္ေပါက္ကေန သူ႔ကို အားသြင္းရင္ ၂ နာရီ၊ ၃ နာရီေလာက္သာ ၾကာပါတယ္။ ႏို၀င္ဘာလမွာ ၁၅၀ ေဒၚလာျဖင့္ ေရာင္းခ်ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

Ref : digitaltrends

unicode

သင့် ဖုန်းကို နေရောင်ခြည် ကနေ အားသွင်းပေးမယ့် ကိရိယာ

ဖုန်းများကို အားသွင်းပေးနိုင်တဲ့ ကိရိယာများစွာ ထွက်ရှိနေပေမယ့် မကြာခဏ ခရီးသွားသူများအတွက်တော့ နေရောင်ခြည်ကနေ အားသွင်းပေးမယ့် ကိရိယာများဟာ အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် အဲဒီ ကိရိယာများဟာ အရွယ်ကြီးပြီး သယ်ဆောင်ရတာ မလွယ်ကူပါဘူး။ အခုတော့ ဒီဇိုင်း ဆန်းသစ်တဲ့ ကိရိယာ အသစ်တစ်ခု ထွက်လာပါတယ်။ သူ့ကို မသုံးတဲ့ အချိန်မှာ ခေါက်လိပ်ထားနိုင်တဲ့အတွက် သယ်ဆောင်ရတာလည်း လွယ်ကူပါတယ်။

သူ့ရဲ့ အမည်မှာ Soul Solar Scroll ဖြစ်ပြီး သူ့ကို ထုတ်လုပ်ရောင်းချဖို့ ယခုတစ်ပတ် အစောပိုင်းမှာ Kickstarter ဝက်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ လက်ရှိမှာ မျှော်မှန်းထားတဲ့ ရန်ပုံငွေရဲ့ထက်ဝက်နီးပါး ရရှိနေပြီ ဖြစ်တဲ့အတွက် ဈေးကွက်ထဲ ရောက်လာဖို့ ရာခိုင်နှုန်းများ နေပါပြီ။

သူ့မှာ 5400mAh Battery နဲ့ လျှင်မြန်စွာ အားဖြည့်နိုင်တဲ့ USB Port ထည့်သွင်းထားပါတယ်။ သူ့ရဲ့ ဘက်ထရီက စမတ်ဖုန်းတစ်လုံးကို ၂ ကြိမ်လောက် အားဖြည့်ပေးနိုင်ပါတယ်။ ကြိုးမဲ့ နားကြပ်များဆိုရင်တော့ ၁၀ ကြိမ်တောင် အားသွင်းပေးနိုင်ပါတယ်။ သူ့မှာပါတဲ့ Solar Panel ဟာ အလွန် ပါးလွှာပြီး ကွေးညွှတ်နိုင်ပါတယ်။ သူ့ကို ခေါက်လိပ်ထားနိုင်ပါတယ်။

သူဟာ 5 watts စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်တယ်လို့ တီထွင်သူများက ပြောပါတယ်။ နေရောင်ခြည်ကနေ သူ့ကို အားအပြည့်ဖြည့်ဖို့အတွက် ၅ နာရီ၊ ၆ နာရီလောက် ကြာမြင့်ပါတယ်။ အားသွင်းပလက်ပေါက်ကနေ သူ့ကို အားသွင်းရင် ၂ နာရီ၊ ၃ နာရီလောက်သာ ကြာပါတယ်။ နိုဝင်ဘာလမှာ ၁၅၀ ဒေါ်လာဖြင့် ရောင်းချဖို့ မျှော်လင့်ထားပါတယ်။

Ref : digitaltrends

You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Android, FEATURES, Games
0 shares0 views

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2

Ko Thuya - Feb 23, 2019

Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
FEATURES, HOW TO, Softwares & Application
94 shares16 views

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ

Ko Thuya - Feb 23, 2019

Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Android, HUBS, Mobiles & Tablets
466 shares79 views

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္

Ko Thuya - Feb 23, 2019

Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…

Leave a Comment

Most from this category