0 Shares 38 Views
Jul 23, 2018
0 38
Ref : tnw
unicode
လူတစ်ဦးအတွက် အာကာသသို့ ခရီးသွားဖို့ ဒေါ်လာ ၃ သိန်း ကုန်ကျမည်
အမေဇုန် အွန်ုလိုင်း စတိုးနဲ့ Blue Origin အမည်ရ အာကာသ နည်းပညာ ကုမ္ပဏီတို့ကို ပိုင်ဆိုင်ထားတဲ့ Jeff Bezos က အာကာသခရီးသွားလုပ်ငန်းကို ပြုလုပ်ဖို့ ရည်မှန်းထားပါတယ်။ အခုတော့ Reuters ရဲ့ သတင်းအရ သူဟာ လာမယ့်နှစ် အစောပိုင်းမှာ ခရီးသွားများအား အာကာသသို့ စတင် ပို့ဆောင်ပေးတော့မယ်လို့ သိရပါတယ်။ လူတစ်ဦးအတွက် အာကာသသို့ ခရီးသွားဖို့ ဒေါ်လာ ၂ သိန်းနဲ့ ၃ သိန်းအကြား ကျသင့်နိုင်ပါတယ်။
Blue Origin ရဲ့ New Shepard ဒုံးပျံ အသစ်ဖြင့် ကမ္ဘာမြေပြင်ရဲ့ အထက် ၆၂ မိုင်( ၁၀၀ ကီလိုမီတာ ) အကျော်အထိ ခရီးသွားများကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီကို ရောက်ရင် ကမ္ဘာ့ ဆွဲငင်အားမဲ့တဲ့ အရသာကို မိနစ် အနည်းငယ်ကြာ ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာကြီးကိုလည်း အာကာသကနေ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ကမ္ဘာမြေသို့ ပြန်လည် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ပထမဆုံး အာကာသ ခရီးသွားများဟာ Blue Origin ရဲ့ ဝန်ထမ်းများ ဖြစ်မယ်လို့ Reuters ရဲ့ သတင်းအရင်းအမြစ်များက ပြောပါတယ်။ ကုမ္ပဏီဟာ သူ့ရဲ့ ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်တဲ့ ဒုံးပျံကို လူမပါဘဲ ၈ ကြိမ် စမ်းသပ်ပြီးပါပြီ။ လူသားများ လိုက်ပါ၍ စမ်းသပ်ဖို့ လိုအပ်ပါသေးတယ်။
အာကာသ ခရီးသွားလုပ်ငန်းကို ဖန်တီးနေတာ Bezos တစ်ဦးထဲသာ မဟုတ်ပါဘူး။ SpaceX ရဲ့ Elon Musk နဲ့ Virgin Galactic ရဲ့ Richard Branson တို့ကလည်း အလားတူ စီမံကိန်းများကို ပြုလုပ်နေကြပါတယ်။ သူတို့ကလည်း ဒီလုပ်ငန်းအတွက် စမ်းသပ်မှုများ ပြုလုပ်နေကြပါတယ်။
Ref : tnw
You may be interested
Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်
Google, HUBS, NEWS
0 shares0 views
Google က ကင်ညာတွင် မိုးပျံဘောလုံးများနဲ့ အင်တာနက် ထုတ်လွှင့်ပေးမည်
Ko Thuya - Jul 20, 2019
ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း ဒီနှစ်ထဲမှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…
Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook
Audio & Video, Facebook, HUBS
0 shares6 views
Watch Party ကို Messenger မှာ ထည့်သွင်းပေးမယ့် Facebook
Ko Thuya - Jul 20, 2019
Facebook က Group များအတွက် Watch Party ကို ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်က ဂရုထဲမှ လူများ ဗီဒီယိုတစ်ခုကို အတူတကွ ကြည့်ရှုနိုင်ပြီး ဗီဒီယိုနဲ့ ပတ်သက်တဲ့ ကွန်းမန့်များကို ရေးသားနိုင်မှာ ဖြစ်ပါတယ်။ ကြည့်ရှုတဲ့ လူများကို Watch Party…
အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram
NEWS, Security & Safety
0 shares6 views
အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို သတိပေးမယ့် Instagram
Ko Thuya - Jul 20, 2019
အင်စတာဂရမ်က သူ့ရဲ့မူဝါဒ အချို့ကို ပြောင်းလဲမှုများ ပြုလုပ်လိုက်ပါတယ်။ သူ့ရဲ စည်းကမ်းများကို မလိုက်နာသူများအား အကောင့်ပိတ်သိမ်းခံရတော့မယ်ဆိုတာကို ကြိုတင် သတိပေးတော့မှာဖြစ်ပါတယ်။ အင်စတာဂရမ်က သူဖယ်ရှားမယ့် User ရဲ့ Posts, Comments , Stories များကို အသိပေးမှာ ဖြစ်ပြီး ဘာ့ကြောင့်…
Leave a Comment
Most from this category