248 Shares 162 Views

စမတ္က်တဲ့ Lingualy Dictionary App

Jul 22, 2018
248 162

Lingualy ဟာ ဘာသာစကားသင္ၾကားေရးအတြက္ အေထာက္အကူျပဳတဲ့ Android App ျဖစ္ပါတယ္။ စမတ္က်တဲ့ Dictionary ျဖစ္ၿပီး သတင္း၊ ေဆာင္းပါးမ်ား ဖတ္ရင္း သင္မသိတဲ့ စကားလံုးမ်ားရဲ႕ အဓိပၸါယ္မ်ားကို သင္ယူႏုိင္သလို အဲဒီ စကားလံုးမ်ားကို ေနာက္ပိုင္းမွာ ျပန္လည္ ဖတ္မွတ္ေလ့လာႏုိင္ဖို႔အတြက္ သိမ္းဆည္းထားႏုိင္ပါတယ္။ သိမ္းဆည္းထားတဲ့ စကားလံုးမ်ားနဲ႔ ေလ့က်င့္ခန္းမ်ားကို Android, iOS , Web တစ္လႊားမွာ Sync လုပ္ေပးထားတဲ့အတြက္ Device မ်ိဳးစံုကေန သင္ယူႏုိင္ပါတယ္။ App မွာ ေနာက္ဆံုး သတင္း၊ ေဆာင္းပါးမ်ားကို ဖတ္ရႈႏိုင္ၿပီး Vocabulary မ်ားကို ေလ့လာႏုိင္ပါတယ္။ Web Browser မ်ားမွာေတာ့ Extension ကို ထည့္သြင္းထားၿပီး ၀က္ဆိုက္မ်ားမွ စကားလံုးမ်ားရဲ႕ အဓိပၸါယ္ကို ေလ့လာႏို္င္ၿပီး သိ္မ္းဆည္းမွတ္သားထားႏုိင္ပါတယ္။ Lingua.ly ၀က္ဆိုက္ကေနလည္း ဘာသာစကားမ်ား၊ Vocabulary မ်ားကို ေလ့လာႏုိင္ပါတယ္။ Lingualy က သင္ႏွစ္သက္တဲ့ သတင္း၊ ေဆာင္းပါးမ်ားကို ေလ့လာထားၿပီး သင့္ကို ေရြးခ်ယ္ျပသေပးမွာျဖစ္ပါတယ္။ App မွာ ေလ့က်င့္ခန္းျပဳလုပ္ဖို႔ က႑လည္းပါရွိၿပီး သင္အားလပ္တဲ့ အခ်ိန္အေပၚမူတည္ၿပီး က်က္မွတ္ႏုိင္ပါတယ္။ အဂၤလိပ္ဘာသာစကားအျပင္၊ စပိန္၊ ဂ်ာမနီ၊ အာေရဗစ္၊ ဟီဘရူး၊ အီတလီ၊ နယ္သာလန္၊ ရုရွား၊ ေပၚတူဂီ ဘာသာစကားမ်ားကို ေလ့လာႏုိင္ပါတယ္။ App က စကားလံုးမ်ားကိုလည္း အသံထြက္ဖတ္ျပေပးႏုိင္တဲ့အတြက္ အသံထြက္ေလ့က်င့္ေနသူမ်ားအတြက္ အဆင္ေျပေစပါတယ္။

အရင္ဆံုး အေကာင့္တစ္ခုျပဳလုပ္ရမွာျဖစ္ၿပီး Facebook , Google အေကာင့္မ်ားနဲ႔ Signup လုပ္ႏုိင္ပါတယ္။ ေနာက္အဆင့္မွာေတာ့ Permission ေပးဖို႔ Allow ကို ႏွိပ္ပါ။ App ရဲ႕ Home Page မွာ သင္စုေဆာင္းထားတဲ့ စကားလံုးမ်ားကို ျပသေပးမွာပါ။ အခုမွစတင္ၿပီး စကားလံုးမ်ား စုေဆာင္းဖို႔အတြက္ အေပၚထိပ္မွ Read Tab ကို သြားပါ။

Recent Headlines မွာ က႑မ်ားကို ေရြးခ်ယ္ႏုိင္ပါတယ္။ Default အားျဖင့္ Recent Headlines ကို ျပသေပးထားပါတယ္။ အႏုပညာ၊ စီးပြားေရး၊ ပညာေရး၊ ေဖ်ာ္ေျဖေရး၊ အစားအစာ၊ နည္းပညာ စသျဖင့္ ႏွစ္သက္ရာ က႑မ်ားကို ေရြးခ်ယ္ႏုိင္ပါတယ္။

သတင္းတစ္ပုဒ္ကို ႏွိပ္ၿပီး အက်ဥ္းခ်ဳပ္ကို ဖတ္ႏုိင္ပါတယ္။ အျပည့္အစံုဖတ္ခ်င္ရင္ Read more ကို ႏွိပ္ပါ။

ဒါဆိုရင္ App ထဲမွာပဲ သတင္း၊ ေဆာင္းပါး အျပည့္အစံုကို ျပသေပးမွာျဖစ္ပါတယ္။ အဓိပၸါယ္သိခ်င္တဲ့ စကားလံုးတစ္ခုကိုေတြ႔ရင္ အဲဒီစကားလံုးကို တစ္ခ်က္ႏွိပ္ပါ။ ဒါဆိုရင္ အဓိပၸါယ္ကို ေဖာ္ျပေပးမွာျဖစ္ၿပီး ေနာက္ပိုင္းမွာျပန္လည္ေလ့လာဖို႔ Words Tab ထဲမွာသိမ္းေပးထားမွာပါ။ စကားလံုးတစ္ခုရဲ႕ အဓိပၸါယ္ဟာ အမ်ားအျပားရွိတဲ့အတြက္ သင္ႏွစ္သက္တဲ့ အဓိပၸါယ္မ်ားကို တစ္ခ်က္ႏွိပ္ၿပီး ထည့္သြင္းႏုိင္ပါတယ္။ ထည့္သြင္းထားတာေတြကို အမွန္ျခစ္နဲ႔ ေဖာ္ျပေပးထားပါတယ္။

Practice Tab ထဲမွာ သင္သိမ္းဆည္းထားတဲ့ စကားလံုးမ်ားရဲ႕ အဓိပၸါယ္ကို ျပန္လည္ေလ့့က်င့္က်က္မွတ္ႏုိင္ပါတယ္။ အားလပ္ခ်ိန္အလိုက္ Coffee Break, Regular Size, Word Feast ဆိုၿပီး ေလ့က်င့္ခန္းသံုးမ်ိဳးကို ပံ့ပိုးေပးထားပါတယ္။

ေလ့က်င့္ခန္းတစ္ခုကို ေရြးခ်ယ္ၿပီးရင္ စကားလံုးတစ္ခုကို ျပသေပးမွာျဖစ္ၿပီး သင္ အဲဒီ စကားလံုးကို သိသလားလို႔ ေမးျမန္းမွာပါ။ မသိရင္ No ကို ႏွိပ္ပါ။ ဒါဆိုရင္ စကားလံုးရဲ႕ အဓိပၸါယ္ကို ျပသေပးမွာပါ။ သိတယ္ဆိုရင္ေတာ့ Yes ကို ႏွိပ္ပါ။

ဒါဆိုရင္ ေရြးခ်ယ္စရာမ်ားကို ျပသေပးမွာျဖစ္ၿပီး သင္က မွန္ကန္တဲ့ တစ္ခုကို ေရြးခ်ယ္ေပးရမွာပါ။ Coffee Break ကို ေရြးခ်ယ္ထားရင္ စကားလံုး ငါးလံုးအထိ မွန္ကန္ေအာင္ ေျဖဆိုေပးရမွာျဖစ္ပါတယ္။

Settings Tab ထဲမွာ သင္ ေလ့လာခ်င္တဲ့ ဘာသာစကားကို ေရြးခ်ယ္ႏုိင္ပါတယ္။ စကားလံုးမ်ားကို အသံထြက္ဖတ္ျပေပးႏုိင္ေအာင္ Sound မွာ On လုပ္ေပးထားပါတယ္။ Lingualy ဟာ Vocabulary တိုးတက္ေစဖို႔အတြက္ အလြန္ အသံုး၀င္တဲ့ Android App ေကာင္းတစ္ခုျဖစ္ပါတယ္။

သူ႔ရဲ႕ ဖိုင္အရြယ္အစားမွာ 15.4MB ရွိၿပီး Android 4.0 နဲ႔ သူ႔အထက္မွာ အသံုးျပဳႏုိင္ပါတယ္။

Download

unicode

စမတ်ကျတဲ့ Lingualy Dictionary App

Lingualy ဟာ ဘာသာစကားသင်ကြားရေးအတွက် အထောက်အကူပြုတဲ့ Android App ဖြစ်ပါတယ်။ စမတ်ကျတဲ့ Dictionary ဖြစ်ပြီး သတင်း၊ ဆောင်းပါးများ ဖတ်ရင်း သင်မသိတဲ့ စကားလုံးများရဲ့ အဓိပ္ပါယ်များကို သင်ယူနိုင်သလို အဲဒီ စကားလုံးများကို နောက်ပိုင်းမှာ ပြန်လည် ဖတ်မှတ်လေ့လာနိုင်ဖို့အတွက် သိမ်းဆည်းထားနိုင်ပါတယ်။ သိမ်းဆည်းထားတဲ့ စကားလုံးများနဲ့ လေ့ကျင့်ခန်းများကို Android, iOS , Web တစ်လွှားမှာ Sync လုပ်ပေးထားတဲ့အတွက် Device မျိုးစုံကနေ သင်ယူနိုင်ပါတယ်။ App မှာ နောက်ဆုံး သတင်း၊ ဆောင်းပါးများကို ဖတ်ရှုနိုင်ပြီး Vocabulary များကို လေ့လာနိုင်ပါတယ်။ Web Browser များမှာတော့ Extension ကို ထည့်သွင်းထားပြီး ဝက်ဆိုက်များမှ စကားလုံးများရဲ့ အဓိပ္ပါယ်ကို လေ့လာနိုင်ပြီး သိမ်းဆည်းမှတ်သားထားနိုင်ပါတယ်။ Lingua.ly ဝက်ဆိုက်ကနေလည်း ဘာသာစကားများ၊ Vocabulary များကို လေ့လာနိုင်ပါတယ်။ Lingualy က သင်နှစ်သက်တဲ့ သတင်း၊ ဆောင်းပါးများကို လေ့လာထားပြီး သင့်ကို ရွေးချယ်ပြသပေးမှာဖြစ်ပါတယ်။ App မှာ လေ့ကျင့်ခန်းပြုလုပ်ဖို့ ကဏ္ဍလည်းပါရှိပြီး သင်အားလပ်တဲ့ အချိန်အပေါ်မူတည်ပြီး ကျက်မှတ်နိုင်ပါတယ်။ အင်္ဂလိပ်ဘာသာစကားအပြင်၊ စပိန်၊ ဂျာမနီ၊ အာရေဗစ်၊ ဟီဘရူး၊ အီတလီ၊ နယ်သာလန်၊ ရုရှား၊ ပေါ်တူဂီ ဘာသာစကားများကို လေ့လာနိုင်ပါတယ်။ App က စကားလုံးများကိုလည်း အသံထွက်ဖတ်ပြပေးနိုင်တဲ့အတွက် အသံထွက်လေ့ကျင့်နေသူများအတွက် အဆင်ပြေစေပါတယ်။

အရင်ဆုံး အကောင့်တစ်ခုပြုလုပ်ရမှာဖြစ်ပြီး Facebook , Google အကောင့်များနဲ့ Signup လုပ်နိုင်ပါတယ်။ နောက်အဆင့်မှာတော့ Permission ပေးဖို့ Allow ကို နှိပ်ပါ။ App ရဲ့ Home Page မှာ သင်စုဆောင်းထားတဲ့ စကားလုံးများကို ပြသပေးမှာပါ။ အခုမှစတင်ပြီး စကားလုံးများ စုဆောင်းဖို့အတွက် အပေါ်ထိပ်မှ Read Tab ကို သွားပါ။

Recent Headlines မှာ ကဏ္ဍများကို ရွေးချယ်နိုင်ပါတယ်။ Default အားဖြင့် Recent Headlines ကို ပြသပေးထားပါတယ်။ အနုပညာ၊ စီးပွားရေး၊ ပညာရေး၊ ဖျော်ဖြေရေး၊ အစားအစာ၊ နည်းပညာ စသဖြင့် နှစ်သက်ရာ ကဏ္ဍများကို ရွေးချယ်နိုင်ပါတယ်။

သတင်းတစ်ပုဒ်ကို နှိပ်ပြီး အကျဉ်းချုပ်ကို ဖတ်နိုင်ပါတယ်။ အပြည့်အစုံဖတ်ချင်ရင် Read more ကို နှိပ်ပါ။

ဒါဆိုရင် App ထဲမှာပဲ သတင်း၊ ဆောင်းပါး အပြည့်အစုံကို ပြသပေးမှာဖြစ်ပါတယ်။ အဓိပ္ပါယ်သိချင်တဲ့ စကားလုံးတစ်ခုကိုတွေ့ရင် အဲဒီစကားလုံးကို တစ်ချက်နှိပ်ပါ။ ဒါဆိုရင် အဓိပ္ပါယ်ကို ဖော်ပြပေးမှာဖြစ်ပြီး နောက်ပိုင်းမှာပြန်လည်လေ့လာဖို့ Words Tab ထဲမှာသိမ်းပေးထားမှာပါ။ စကားလုံးတစ်ခုရဲ့ အဓိပ္ပါယ်ဟာ အများအပြားရှိတဲ့အတွက် သင်နှစ်သက်တဲ့ အဓိပ္ပါယ်များကို တစ်ချက်နှိပ်ပြီး ထည့်သွင်းနိုင်ပါတယ်။ ထည့်သွင်းထားတာတွေကို အမှန်ခြစ်နဲ့ ဖော်ပြပေးထားပါတယ်။

Practice Tab ထဲမှာ သင်သိမ်းဆည်းထားတဲ့ စကားလုံးများရဲ့ အဓိပ္ပါယ်ကို ပြန်လည်လေ့ကျင့်ကျက်မှတ်နိုင်ပါတယ်။ အားလပ်ချိန်အလိုက် Coffee Break, Regular Size, Word Feast ဆိုပြီး လေ့ကျင့်ခန်းသုံးမျိုးကို ပံ့ပိုးပေးထားပါတယ်။

လေ့ကျင့်ခန်းတစ်ခုကို ရွေးချယ်ပြီးရင် စကားလုံးတစ်ခုကို ပြသပေးမှာဖြစ်ပြီး သင် အဲဒီ စကားလုံးကို သိသလားလို့ မေးမြန်းမှာပါ။ မသိရင် No ကို နှိပ်ပါ။ ဒါဆိုရင် စကားလုံးရဲ့ အဓိပ္ပါယ်ကို ပြသပေးမှာပါ။ သိတယ်ဆိုရင်တော့ Yes ကို နှိပ်ပါ။

ဒါဆိုရင် ရွေးချယ်စရာများကို ပြသပေးမှာဖြစ်ပြီး သင်က မှန်ကန်တဲ့ တစ်ခုကို ရွေးချယ်ပေးရမှာပါ။ Coffee Break ကို ရွေးချယ်ထားရင် စကားလုံး ငါးလုံးအထိ မှန်ကန်အောင် ဖြေဆိုပေးရမှာဖြစ်ပါတယ်။

Settings Tab ထဲမှာ သင် လေ့လာချင်တဲ့ ဘာသာစကားကို ရွေးချယ်နိုင်ပါတယ်။ စကားလုံးများကို အသံထွက်ဖတ်ပြပေးနိုင်အောင် Sound မှာ On လုပ်ပေးထားပါတယ်။ Lingualy ဟာ Vocabulary တိုးတက်စေဖို့အတွက် အလွန် အသုံးဝင်တဲ့ Android App ကောင်းတစ်ခုဖြစ်ပါတယ်။

သူ့ရဲ့ ဖိုင်အရွယ်အစားမှာ 15.4MB ရှိပြီး Android 4.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category