အင်တာနက် ထုတ်လွှင့်ပေးတဲ့ ဂြိုလ်တုများကို ဖန်တီးနေတဲ့ Facebook

၂၀၁၇ ခုနှစ် စက်တင်ဘာလ စစ်တမ်းအရ ကမ္ဘာမှ လူဦးရေ စုစုပေါင်းရဲ့ ထက်ဝက်ဟာ အင်တာနက် ဆက်သွယ်မှုကို မရရှိကြဘူးလို့ သိရပါတယ်။ နည်းပညာ ကုမ္ပဏီများ ဖြစ်တဲ့ Facebook, Google , SpaceX တို့ဟာ ဝေးလံခေါင်ဖျားတဲ့ ဒေသများမှာ အင်တာနက် ထုတ်လွှင့်ပေးဖို့ နည်းပညာ အသစ်များကို ဖန်တီးနေပါတယ်။ Google က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon ကို ဖန်တီးနေပါတယ်။ Facebook နဲ့ SpaceX တို့ကတော့ အာကာသကနေ ဂြိုလ်တုများဖြင့် အင်တာနက် ထုတ်လွှင့်ပေးဖို့ ဖန်တီးနေကြပါတယ်။

Wired က ရရှိထားတဲ့ စာရွက်စာတမ်းများအရ Facebook ဟာ အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) ထံမှာ ဒီနည်းပညာကို မှတ်ပုံတင်ထားပါတယ်။ အဲဒီ စီမံကိန်းကို Facebook က Athena လို့ အမည် ပေးထားပါတယ်။ ကမ္ဘာမြေရဲ့ အထက် မိုင်ပေါင်း ၁၀၀ ကနေ ၁၂၅၀ အတွင်းရှိ ကမ္ဘာပတ်လမ်းကြောင်းကနေ ဂြိုလ်တုများက အင်တာနက် ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

Facebook က လွန်ခဲ့တဲ့ လေးနှစ်က စတင်ပြီး အင်တာနက် ထုတ်လွှင့်ပေးတဲ့ ဒရုန်း စီမံကိန်းကို ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာအဝန်းမှ အင်တာနက် မရရှိသေးတဲ့ နေရာဒေသများမှာ မောင်းသူမဲ့ ဒရုန်းများဖြင့် အင်တာနက် ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။ သိပ်မကြာခင်ကပဲ Facebook က အဲဒီလို နည်းပညာများကို အခြား ကုမ္ပဏီများစွာကလည်း ဖန်တီးနေတဲ့အတွက် သူတို့ကိုယ်ပိုင် ဒရုန်းကို ဖန်တီးမှုကို ရပ်နားလိုက်တယ်လို့ ရေးသားထားပါတယ်။

Ref : theverge

unicode

အင်တာနက် ထုတ်လွှင့်ပေးတဲ့ ဂြိုလ်တုများကို ဖန်တီးနေတဲ့ Facebook

%d bloggers like this: