907 Shares 1653 Views
Jul 22, 2018
907 1653
Ref : gsmarena
unicode
Huawei က Nova 3 နဲ့ Nova 3i ကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ရောင်းမည်
Huawei က ဇူလိုင်လ ၂၆ ရက်နေ့မှာ အိန္ဒိယတွင် Nova 3 နဲ့ Nova 3i တို့ကို ရောင်းချမှာ ဖြစ်ပါတယ်။ ဟွာဝေးက ဖုန်း မိတ်ဆက်ပွဲအတွက် ဖိတ်စာများကို မီဒီယာများအား ဝေငှပြီး ဖြစ်ပါတယ်။ ဖုန်းများရဲ့ ဈေးနှုန်းကို မသိရသေးပေမယ့် အမေဇုန် အိန္ဒိယကနေ ရောင်းချမှာပါ။
Nova 3 မှာ Kirin 970 Chipset, 6GB RAM , Tall Screen နဲ့ ကင်မရာ လေးလုံး ပါပါတယ်။ Chipset ဟာ Octa-Core ဖြစ်ပါတယ်။ 6GB RAM + 128GB Storage များပါပါတယ်။ Huawei ရဲ့ Super Charge ပါတဲ့ 3750mAh Battery ထည့်သွင်းထားပါတယ်။ ၆.၃ လက်မ LCD Full HD+ Display ထည့်ထားပါတယ်။ မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာပါပါတယ်။
အနောက်ဘက်မှာ 16MP RGB Camera နဲ့ 24MP Monochrome Camera များ ပါပါတယ်။ အရှေ့ဘက် Notch မှာ 24MP+2MP Camera များ ထည့်သွင်းထားပြီး Android 8.1 Oreo အခြေပြု EMUI 8.2 ထည့်ထားပါတယ်။ GPU Turbo နည်းပညာပါပါတယ်။ Scene Recognition နဲ App Optimization များအပါအဝင် UI နဲ့ Chipset မှာ ဉာဏ်ရည်တု နည်းပညာများ ထည့်သွင်းထားပါတယ်။
Nova 3i ဟာ Nova 3 နဲ့ မတူတာက 4GB RAM , 16+2MP Back Camera , 24MP+2MP Selfie Camera များ ပါလာပါတယ်။ သူဟာ HiSilicon ရဲ့ 12nm Process ဖြင့် တည်ဆောက်ထားတဲ့ Kirin 710 SoC အသစ်ကို သုံးထားတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Chipset မှာ 1.7GHz Cortex-A53 ၄ လုံးနဲ့ 2.2GHz Cortex-A73 ၄ လုံး ပါပါတယ်။
Ref : gsmarena
You may be interested
Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်
Android, HUBS, Mobiles & Tablets
0 shares0 views
Samsung Galaxy S10 မှာ Infinity-O Display နဲ့ Ultrasonic Fingerprint Scanner ပါမည်
Ko Thuya - Nov 14, 2018
လာမယ့်နှစ်မှာ ကြေညာမယ့် Samsung Galaxy S10 ရဲ့ သတင်းအချက်အလက်များ အခု ကတည်းက ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း Evan Blass က သူ့မှာ မျက်နှာပြင်အောက် Selfie ကင်မရာ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ Infinity-O Notch ပါလာနိုင်တာကြောင့်…
Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်
Automobiles, NEWS, Tech Update
34 shares5 views
Waymo ရဲ့ မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို လာမယ့်လမှာ စတင်မည်
Ko Thuya - Nov 14, 2018
Waymo က ဒီဇင်ဘာလ အစောပိုင်းမှာ မောင်းသူမဲ့ တက္ကစီ ၀န်ဆောင်မှုကို စတင်တော့မယ်လို့ အမည်မဖော်ပြထားတဲ့ အရင်းအမြစ်တစ်ခုက Bloomberg ကို ပြောပါတယ်။ Phoenix Arizona မှာ ၀န်ဆောင်မှုကို ပြုလုပ်ပေးမယ်လို့ ထင်ရပါတယ်။ အဲဒီ ဒေသမှာ ကုမ္ပဏီက မောင်းသူမဲ့…
Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day
NEWS
305 shares36 views
Amazon ထက် ရောင်းအားကောင်းခဲ့တဲ့ Alibaba ရဲ့ Singles Day
Ko Thuya - Nov 14, 2018
Alibaba က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ၁၀ ကြိမ်မြောက် Singles Day ဈေးရောင်းပွဲတော်ကို ပြုလုပ်ပေးခဲ့ပြီး ဒေါ်လာ ၃၀.၈ ဘီလီယံဖိုးဖြင့် ရောင်းအား စံချိန်တင်သွားခဲ့ပါတယ်။ ၂၄ နာရီအတွင်းမှာ အဲဒီ ပမာဏကို ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၁ မိနစ်နဲ့…
Leave a Comment
Most from this category