384 Shares 179 Views

သင့္ ဖုန္း ကင္မရာကေန သခၤ်ာပုဒ္စာမ်ားကို ဘယ္လို တြက္မလဲ ?

Jul 21, 2018
384 179

ဒီေန႔ေခတ္ စမတ္ဖုန္းမ်ားဟာ နည္းပညာျမင့္မားလာၾကၿပီး အိတ္ေဆာင္ကြန္ျပဴတာမ်ားလို အသံုးျပဳႏုိင္ပါၿပီ။ စမတ္ဖုန္း Apps မ်ားရဲ႕ အကူအညီျဖင့္ လူမ်ားရဲ႕ က်န္းမာေရး၊ စီးပြားေရး၊ လူေနမႈ စတိုင္၊ အလုပ္ကိစၥမ်ား အပါအ၀င္ က႑ေပါင္းစံုမွာ တိုးတက္ေအာင္ ျပဳလုပ္ေပးႏုိင္လာပါၿပီ။ ေက်ာင္းသားမ်ား၊ ဆရာမ်ားအတြက္လည္း အေထာက္အကူ ျပဳလာႏုိင္ပါၿပီ။ အဲဒီအထဲကမွ စမတ္ဖုန္း ကင္မရာကေန သခၤ်ာပုဒ္စာမ်ားတြက္ခ်က္ေပးႏိုင္တဲ့ App တစ္ခုအေၾကာင္းကို တင္ဆက္ေပးလိုက္ပါတယ္။

သူ႔ရဲ႕ အမည္ကေတာ့ Photomath ျဖစ္ၿပီး စမတ္က်စြာ သခၤ်ာပုဒ္စာမ်ားကို အေျဖထုတ္ေပးႏုိင္ပါတယ္။ ဖုန္း ကင္မရာျဖင့္ သခၤ်ာ ညီမွ်ျခင္းကို ခ်ိန္ရြယ္လိုက္တာနဲ႔ အေျဖကို သူက ထုတ္ေပးမွာပါ။ သူ႔ကို ကမာၻအ၀န္းမွာ အသံုးျပဳသူ သန္းေပါင္းမ်ားစြာ ရွိေနၿပီ ျဖစ္ၿပီး ေက်ာင္းသားမ်ား သခၤ်ာ သင္ၾကားရာမွာ လွ်င္ျမန္ေစမွာပါ။ မိဘမ်ားအေနျဖင့္ ကေလးမ်ားရဲ႕ အိမ္စာကို လွ်င္ျမန္စြာ စစ္ေဆးႏုိင္မွာ ျဖစ္ပါတယ္။

၁။ ေအာက္ပါ လင့္ကေန Play Store မွာ PhotoMath ကို အင္စေတာလုပ္ပါ။

https://play.google.com/store/apps/details?id=com.microblink.photomath&hl=en

၂။ အင္စေတာလုပ္ၿပီးတာနဲ႔ သူက အသံုးျပဳနည္းကို သင္ၾကားျပသေပးမွာ ျဖစ္ပါတယ္။

၃။ ၿပီးရင္ေတာ့ သူ႔ရဲ႕ Home Screen ကို ေရာက္ရွိမွာ ျဖစ္ၿပီး ကင္မရာ ျမင္ကြင္းကို ျပသထားမွာ ျဖစ္ပါတယ္။

၄။ QR Code ကို စကင္ဖတ္သလို သင့္ စာအုပ္မွ သခၤ်ာ ညီမွ်ျခင္းကို စကရင္မွ ေဘာင္ထဲသို႔ ၀င္ေအာင္ ကင္မရာကေန ခ်ိန္ရြယ္ပါ။ စကၠန္႔အနည္းငယ္ေလာက္ ေစာင့္ေပးလိုက္တာနဲ႔ သူက သခၤ်ာ ညီမွ်ျခင္းကို အာရံုခံၿပီး အေျဖကို တြက္ခ်က္ေပးမွာ ျဖစ္ပါတယ္။

အကယ္၍ PhotoMath က သင့္ရဲ႕ သခၤ်ာ ညီမွ်ျခင္းကို မေျဖရွင္းႏုိင္ရင္ ေမးခြန္းနဲ႔တကြ Feedback ကို ေပးပို႔ႏုိင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ သူတို႔ရဲ႕ အကူအညီေပးေရး အဖြဲ႕က အဲဒီ ေမးခြန္းကို အေျဖထုတ္ေပးမွာ ျဖစ္ပါတယ္။ App က ပံုႏွိပ္စာသားမ်ားကို အေကာင္းဆံုး တြက္ခ်က္ေပးႏုိင္ေပမယ့္ တခါတေလမွာ လက္ေရးစာသားမ်ားကို အာရံုခံရာမွာေတာ့ အခက္အခဲမ်ား ရွိတတ္ပါတယ္။

Ref : techviral

unicode

သင့် ဖုန်း ကင်မရာကနေ သင်္ချာပုဒ်စာများကို ဘယ်လို တွက်မလဲ ?

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ နည်းပညာမြင့်မားလာကြပြီး အိတ်ဆောင်ကွန်ပြူတာများလို အသုံးပြုနိုင်ပါပြီ။ စမတ်ဖုန်း Apps များရဲ့ အကူအညီဖြင့် လူများရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူနေမှု စတိုင်၊ အလုပ်ကိစ္စများ အပါအဝင် ကဏ္ဍပေါင်းစုံမှာ တိုးတက်အောင် ပြုလုပ်ပေးနိုင်လာပါပြီ။ ကျောင်းသားများ၊ ဆရာများအတွက်လည်း အထောက်အကူ ပြုလာနိုင်ပါပြီ။ အဲဒီအထဲကမှ စမတ်ဖုန်း ကင်မရာကနေ သင်္ချာပုဒ်စာများတွက်ချက်ပေးနိုင်တဲ့ App တစ်ခုအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

သူ့ရဲ့ အမည်ကတော့ Photomath ဖြစ်ပြီး စမတ်ကျစွာ သင်္ချာပုဒ်စာများကို အဖြေထုတ်ပေးနိုင်ပါတယ်။ ဖုန်း ကင်မရာဖြင့် သင်္ချာ ညီမျှခြင်းကို ချိန်ရွယ်လိုက်တာနဲ့ အဖြေကို သူက ထုတ်ပေးမှာပါ။ သူ့ကို ကမ္ဘာအဝန်းမှာ အသုံးပြုသူ သန်းပေါင်းများစွာ ရှိနေပြီ ဖြစ်ပြီး ကျောင်းသားများ သင်္ချာ သင်ကြားရာမှာ လျှင်မြန်စေမှာပါ။ မိဘများအနေဖြင့် ကလေးများရဲ့ အိမ်စာကို လျှင်မြန်စွာ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

၁။ အောက်ပါ လင့်ကနေ Play Store မှာ PhotoMath ကို အင်စတောလုပ်ပါ။

https://play.google.com/store/apps/details?id=com.microblink.photomath&hl=en

၂။ အင်စတောလုပ်ပြီးတာနဲ့ သူက အသုံးပြုနည်းကို သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။

၃။ ပြီးရင်တော့ သူ့ရဲ့ Home Screen ကို ရောက်ရှိမှာ ဖြစ်ပြီး ကင်မရာ မြင်ကွင်းကို ပြသထားမှာ ဖြစ်ပါတယ်။

၄။ QR Code ကို စကင်ဖတ်သလို သင့် စာအုပ်မှ သင်္ချာ ညီမျှခြင်းကို စကရင်မှ ဘောင်ထဲသို့ ဝင်အောင် ကင်မရာကနေ ချိန်ရွယ်ပါ။ စက္ကန့်အနည်းငယ်လောက် စောင့်ပေးလိုက်တာနဲ့ သူက သင်္ချာ ညီမျှခြင်းကို အာရုံခံပြီး အဖြေကို တွက်ချက်ပေးမှာ ဖြစ်ပါတယ်။

အကယ်၍ PhotoMath က သင့်ရဲ့ သင်္ချာ ညီမျှခြင်းကို မဖြေရှင်းနိုင်ရင် မေးခွန်းနဲ့တကွ Feedback ကို ပေးပို့နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ သူတို့ရဲ့ အကူအညီပေးရေး အဖွဲ့က အဲဒီ မေးခွန်းကို အဖြေထုတ်ပေးမှာ ဖြစ်ပါတယ်။ App က ပုံနှိပ်စာသားများကို အကောင်းဆုံး တွက်ချက်ပေးနိုင်ပေမယ့် တခါတလေမှာ လက်ရေးစာသားများကို အာရုံခံရာမှာတော့ အခက်အခဲများ ရှိတတ်ပါတယ်။

Ref : techviral

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category