Xiaomi Mi A2 နဲ႔ Mi A2 Lite တို႔ရဲ႕ ေစ်းႏႈန္းကို သိရၿပီ

Xiaomi Mi A2 နဲ႔ Mi A2 Lite တို႔ကို လာမယ့္တစ္ပတ္မွာ ေၾကညာေတာ့မွာပါ။ အခုေတာ့ သူတို႔ကို ရိုေမးနီးယား အြန္လိုင္းစတိုးက စာရင္းတင္ထားပါတယ္။ 32GB Mi A2 ကို ယူရို ၂၇၅ နဲ႔ 64GB Model ကို ယူရို ၃၀၀ သတ္မွတ္ထားပါတယ္။ ေမာ္ဒယ္ႏွစ္ခုစလံုးမွာ 4GB RAM ပါပါတယ္။ 3GB/32GB Mi A2 Lite ကို ယူရို ၂၀၀ နဲ 4GB/64GB Model ကို ယူရို ၂၄၅ သတ္မွတ္ထားပါတယ္။

Mi A2 နဲ႔ Lite ရဲ႕ သတင္းအခ်က္အလက္မ်ား အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚေနပါတယ္။ သူတို႔ ႏွစ္လံုးရဲ႕ ကြာျခားခ်က္မ်ားကေတာ့ Lite Version မွာ ၅.၈၄ လက္မ မ်က္ႏွာျပင္နဲ႔ Mi A2 မွာ ၅.၉၉ လက္မ မ်က္ႏွာျပင္မ်ား ပါတာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ အရည္အေသြးမ်ားကေတာ့ တူညီၾကပါတယ္။ အႀကီးမားဆံုး ကြာျခားခ်က္ကေတာ့ Snapdragon 660 Chipset ကို Mi A2 မွာ ထည့္သြင္းထားၿပီး Lite Version မွာေတာ့ Snapdragon 625 Chipset အေဟာင္းသာ ပါပါတယ္။

ကင္မရာ အပိုင္းမွာလည္း Lite Model ရဲ႕ Selfie Camera နဲ႔ Depth Sensing Camera မ်ားဟာ အနည္းငယ္ အားနည္းပါတယ္။ Lite Model ရဲ႕ ေကာင္းတဲ့ အခ်က္က အရြယ္ႀကီး ဘက္ထရီ ထည့္သြင္းထားတာ ျဖစ္ပါတယ္။ ဖုန္း ၂ လံုးစလံုးကို ဇူလိုင္လ ၂၄ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္ၿပီး အဲဒီေနာက္ မၾကာခင္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Ref : gsmarena

unicode

Xiaomi Mi A2 နဲ့ Mi A2 Lite တို့ရဲ့ ဈေးနှုန်းကို သိရပြီ

Xiaomi Mi A2 နဲ့ Mi A2 Lite တို့ကို လာမယ့်တစ်ပတ်မှာ ကြေညာတော့မှာပါ။ အခုတော့ သူတို့ကို ရိုမေးနီးယား အွန်လိုင်းစတိုးက စာရင်းတင်ထားပါတယ်။ 32GB Mi A2 ကို ယူရို ၂၇၅ နဲ့ 64GB Model ကို ယူရို ၃၀၀ သတ်မှတ်ထားပါတယ်။ မော်ဒယ်နှစ်ခုစလုံးမှာ 4GB RAM ပါပါတယ်။ 3GB/32GB Mi A2 Lite ကို ယူရို ၂၀၀ နဲ 4GB/64GB Model ကို ယူရို ၂၄၅ သတ်မှတ်ထားပါတယ်။

Mi A2 နဲ့ Lite ရဲ့ သတင်းအချက်အလက်များ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူတို့ နှစ်လုံးရဲ့ ကွာခြားချက်များကတော့ Lite Version မှာ ၅.၈၄ လက်မ မျက်နှာပြင်နဲ့ Mi A2 မှာ ၅.၉၉ လက်မ မျက်နှာပြင်များ ပါတာ ဖြစ်ပါတယ်။ မျက်နှာပြင် အရည်အသွေးများကတော့ တူညီကြပါတယ်။ အကြီးမားဆုံး ကွာခြားချက်ကတော့ Snapdragon 660 Chipset ကို Mi A2 မှာ ထည့်သွင်းထားပြီး Lite Version မှာတော့ Snapdragon 625 Chipset အဟောင်းသာ ပါပါတယ်။

ကင်မရာ အပိုင်းမှာလည်း Lite Model ရဲ့ Selfie Camera နဲ့ Depth Sensing Camera များဟာ အနည်းငယ် အားနည်းပါတယ်။ Lite Model ရဲ့ ကောင်းတဲ့ အချက်က အရွယ်ကြီး ဘက်ထရီ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဖုန်း ၂ လုံးစလုံးကို ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး အဲဒီနောက် မကြာခင်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: