460 Shares 190 Views

ကမာၻ႕ အေသးငယ္ဆံုး နည္းပညာ ထုတ္ကုန္မ်ား

Jul 20, 2018
460 190

နည္းပညာ ထုတ္ကုန္မ်ားကို အရြယ္အစား ေသးငယ္ေအာင္ ဖန္တီးေနၾကပါတယ္။ အရြယ္ေသးေအာင္ ဖန္တီးထားတဲ့ ဒတ္စေတာ့ ကြန္ျပဴတာမ်ားဟာ ေနအိမ္မွာ ေနရာလြတ္မ်ားစြာ ရေစမွာပါ။ ကီးခ်ိန္းမွာ တြဲလို႔ရေအာင္ ေသးငယ္တဲ့ စမတ္ဖုန္းမ်ားဟာလည္း သင့္ကို ၀န္ေပါ့ေစမွာပါ။

ဆားတစ္ေစ့ထက္ ေသးငယ္တဲ့ IBM ရဲ႕ Chip

နည္းပညာ ကုမၸဏီမ်ားဟာ ကမာၻ႕ အေသးဆံုး ကြန္ျပဴတာမ်ားကို ဖန္တီးေနၾကပါတယ္။ လက္ရွိမွာေတာ့ IBM က ေရွ႕တန္းက ေျပးေနပ ါတယ္။ သူ႔ရဲ႕ စြမ္းရည္ျပည့္ CPU ဟာ ဆားတစ္ေစ့ထက္ေတာင္ ေသးငယ္ပါတယ္။ IBM က သူ႔ကို Think 2018 မွာ ျပသခဲ့ၿပီး ထုတ္လုပ္ဖို႔ ၁၀ ဆင့္သာ ကုန္ပါတယ္။

အလြန္ ေသးငယ္တဲ့ PocketSprite Game System

PocketSprite ဟာ လက္ႏွစ္ဆစ္ေလာက္သာရွိတဲ့ ဂိမ္းစက္ေလး ျဖစ္ပါတယ္။ သူ႔မွာ Storage, RAM , Sound , WiFi , Battery , Controls မ်ား ပါပါတယ္။ ထိန္းခ်ဳပ္ခလုတ္မ်ားထဲမွာ D Pad, A, B Buttons , Start/Select မ်ား ပါပါတယ္။ သူဟာ Game Boy, Game Boy Color, Sega Game Gear နဲ႔ Sega Master System မ်ားမွ Emulators မ်ားနဲ႔လည္းတြဲဖက္ သံုးႏုိင္တဲ့အတြက္ ဂိမ္းအေဟာင္းမ်ားကို ကစားႏုိင္ပါတယ္။

လက္ေခ်ာင္းထိပ္မွာ တင္ထားလို႔ရတဲ့ ဒရုန္း

Aerix အမည္ရ ဒရုန္းဟာ လက္ေခ်ာင္းထိပ္မွာေတာင္ တင္ထားလို႔ရပါတယ္။ သူဟာ အျခား အရြယ္ႀကီး ဒရုန္းမ်ားလို ပ်ံသန္းႏုိင္ပါတယ္။ ၁၅ အားသြင္းရင္ ငါးမိနစ္ၾကာ ပ်ံသန္းႏုိင္ပါတယ္။ သူ႔မွာ 6 Axis Stabilizatioin နည္းပညာလည္း ပါပါတယ္။ LED မီးသီးမ်ား တပ္ထားတဲ့အတြက္ ညဘက္ပ်ံသန္းရင္ လွပပါတယ္။

ကမာၻ႕ အေသးငယ္ဆံုး တေယာ

ကမာၻ႕ အေသးငယ္ဆံုး တေယာကို Project Soli က ဖန္တီးေနပါတယ္။ လက္လႈပ္ရွားမႈကို အာရံုခံႏုိင္ဖို႔ ေရဒါကို အသံုးျပဳတဲ့ ကြန္ျပဴတာ ခ်စ္ပ္ကို အဲဒီ စီမံကိန္းကေန ဖန္တီးေနပါတယ္။ လက္လႈပ္ရွားမႈ အနည္းငယ္ျဖင့္ အသံထြက္ေအာင္ ျပဳလုပ္ၾကမွာ ျဖစ္ပါတယ္။ Sticky-Note Pad အရြယ္သာ ရွိတဲ့ Sensor ကို ဖန္တီးထားပါတယ္။ သူ႔အနားမွ လက္လႈပ္ရွားမႈမ်ားကို သူက သိပါတယ္။

ကမာၻ႕ အေသးငယ္ဆံုး မိုဘိုင္းဖုန္း

Zanco Tiny T1 ဟာ ကမာၻ႕ အေသးငယ္ဆံုး မိုိဘိုင္းဖုန္း ျဖစ္ပါတယ္။ လက္တစ္ဆစ္ အရြယ္ေလာက္သာ ရွိပါတယ္။ သူ႔မွာ စကရင္နဲ႔ ကီးပတ္လည္း ပါပါတယ္။ သူ႔မွာ ဖုန္းနံပတ္ ၃၀၀ ကို မွတ္သားထားႏုိင္ပါတယ္။ သူ႔မွာ Text Message ေပါင္း ၅၀ အထိ သိမ္းထားႏုိင္ပါတယ္။ Nano SIM ထည့္သံုးႏုိင္ပါတယ္။ 2G ကိုသာ ေထာက္ပံ့ပါတယ္။ ဘက္ထရီဟာ မိနစ္ ၁၈၀ ဖုန္းေျပာႏုိင္ပါတယ္။ ဒါဟာ အလြန္ အထင္ႀကီးစရာပါ။

ဆယ္ေက်ာ္သက္ ဖန္တီးထားတဲ့ အေသးငယ္ဆံုး ၿဂိဳလ္တု

အဲဒီ ၿဂိဳလ္တု ဘယ္ေလာက္ေသးသလဲဆိုတာ ဓါတ္ပံုထဲမွာ ၾကည့္ပါ။ သူ႔ကို အိႏၵိယမွ အသက္ ၁၈ ႏွစ္အရြယ္ Rifath Sharook နဲ႔ သူ႔သူငယ္ခ်င္းမ်ားက ဖန္တီးထားတာပါ။ အဲဒီ ၿဂိဳလ္တုကို အိႏၵိယက နာဆာရဲ႕ ဒံုးပ်ံနဲ႔ အာကာသကို ပို႔ခဲ့ၿပီးပါၿပီ။ ၿဂိဳလ္တုဟာ Basic Reading မ်ားကို လက္ခံဖို႔ ဒီဇိုင္းထုတ္ထားတာပါ။

Ref : digitaltrends

unicode

ကမ္ဘာ့ အသေးငယ်ဆုံး နည်းပညာ ထုတ်ကုန်များ

နည်းပညာ ထုတ်ကုန်များကို အရွယ်အစား သေးငယ်အောင် ဖန်တီးနေကြပါတယ်။ အရွယ်သေးအောင် ဖန်တီးထားတဲ့ ဒတ်စတော့ ကွန်ပြူတာများဟာ နေအိမ်မှာ နေရာလွတ်များစွာ ရစေမှာပါ။ ကီးချိန်းမှာ တွဲလို့ရအောင် သေးငယ်တဲ့ စမတ်ဖုန်းများဟာလည်း သင့်ကို ဝန်ပေါ့စေမှာပါ။

ဆားတစ်စေ့ထက် သေးငယ်တဲ့ IBM ရဲ့ Chip

နည်းပညာ ကုမ္ပဏီများဟာ ကမ္ဘာ့ အသေးဆုံး ကွန်ပြူတာများကို ဖန်တီးနေကြပါတယ်။ လက်ရှိမှာတော့ IBM က ရှေ့တန်းက ပြေးနေပ ါတယ်။ သူ့ရဲ့ စွမ်းရည်ပြည့် CPU ဟာ ဆားတစ်စေ့ထက်တောင် သေးငယ်ပါတယ်။ IBM က သူ့ကို Think 2018 မှာ ပြသခဲ့ပြီး ထုတ်လုပ်ဖို့ ၁၀ ဆင့်သာ ကုန်ပါတယ်။

အလွန် သေးငယ်တဲ့ PocketSprite Game System

PocketSprite ဟာ လက်နှစ်ဆစ်လောက်သာရှိတဲ့ ဂိမ်းစက်လေး ဖြစ်ပါတယ်။ သူ့မှာ Storage, RAM , Sound , WiFi , Battery , Controls များ ပါပါတယ်။ ထိန်းချုပ်ခလုတ်များထဲမှာ D Pad, A, B Buttons , Start/Select များ ပါပါတယ်။ သူဟာ Game Boy, Game Boy Color, Sega Game Gear နဲ့ Sega Master System များမှ Emulators များနဲ့လည်းတွဲဖက် သုံးနိုင်တဲ့အတွက် ဂိမ်းအဟောင်းများကို ကစားနိုင်ပါတယ်။

လက်ချောင်းထိပ်မှာ တင်ထားလို့ရတဲ့ ဒရုန်း

Aerix အမည်ရ ဒရုန်းဟာ လက်ချောင်းထိပ်မှာတောင် တင်ထားလို့ရပါတယ်။ သူဟာ အခြား အရွယ်ကြီး ဒရုန်းများလို ပျံသန်းနိုင်ပါတယ်။ ၁၅ အားသွင်းရင် ငါးမိနစ်ကြာ ပျံသန်းနိုင်ပါတယ်။ သူ့မှာ 6 Axis Stabilizatioin နည်းပညာလည်း ပါပါတယ်။ LED မီးသီးများ တပ်ထားတဲ့အတွက် ညဘက်ပျံသန်းရင် လှပပါတယ်။

ကမ္ဘာ့ အသေးငယ်ဆုံး တယော

ကမ္ဘာ့ အသေးငယ်ဆုံး တယောကို Project Soli က ဖန်တီးနေပါတယ်။ လက်လှုပ်ရှားမှုကို အာရုံခံနိုင်ဖို့ ရေဒါကို အသုံးပြုတဲ့ ကွန်ပြူတာ ချစ်ပ်ကို အဲဒီ စီမံကိန်းကနေ ဖန်တီးနေပါတယ်။ လက်လှုပ်ရှားမှု အနည်းငယ်ဖြင့် အသံထွက်အောင် ပြုလုပ်ကြမှာ ဖြစ်ပါတယ်။ Sticky-Note Pad အရွယ်သာ ရှိတဲ့ Sensor ကို ဖန်တီးထားပါတယ်။ သူ့အနားမှ လက်လှုပ်ရှားမှုများကို သူက သိပါတယ်။

ကမ္ဘာ့ အသေးငယ်ဆုံး မိုဘိုင်းဖုန်း

Zanco Tiny T1 ဟာ ကမ္ဘာ့ အသေးငယ်ဆုံး မိုဘိုင်းဖုန်း ဖြစ်ပါတယ်။ လက်တစ်ဆစ် အရွယ်လောက်သာ ရှိပါတယ်။ သူ့မှာ စကရင်နဲ့ ကီးပတ်လည်း ပါပါတယ်။ သူ့မှာ ဖုန်းနံပတ် ၃၀၀ ကို မှတ်သားထားနိုင်ပါတယ်။ သူ့မှာ Text Message ပေါင်း ၅၀ အထိ သိမ်းထားနိုင်ပါတယ်။ Nano SIM ထည့်သုံးနိုင်ပါတယ်။ 2G ကိုသာ ထောက်ပံ့ပါတယ်။ ဘက်ထရီဟာ မိနစ် ၁၈၀ ဖုန်းပြောနိုင်ပါတယ်။ ဒါဟာ အလွန် အထင်ကြီးစရာပါ။

ဆယ်ကျော်သက် ဖန်တီးထားတဲ့ အသေးငယ်ဆုံး ဂြိုလ်တု

အဲဒီ ဂြိုလ်တု ဘယ်လောက်သေးသလဲဆိုတာ ဓါတ်ပုံထဲမှာ ကြည့်ပါ။ သူ့ကို အိန္ဒိယမှ အသက် ၁၈ နှစ်အရွယ် Rifath Sharook နဲ့ သူ့သူငယ်ချင်းများက ဖန်တီးထားတာပါ။ အဲဒီ ဂြိုလ်တုကို အိန္ဒိယက နာဆာရဲ့ ဒုံးပျံနဲ့ အာကာသကို ပို့ခဲ့ပြီးပါပြီ။ ဂြိုလ်တုဟာ Basic Reading များကို လက်ခံဖို့ ဒီဇိုင်းထုတ်ထားတာပါ။

Ref : digitaltrends

You may be interested

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား
Android, FEATURES, HUBS
115 shares31 views

Android ကို Pro လို သံုးနိုင္မယ့္ Tips မ်ား

Ko Thuya - Nov 19, 2018

Android ေပၚလာတာ ဆယ္စုႏွစ္တစ္ခုေက်ာ္လာပါၿပီ။ Update တစ္ခုထြက္တိုင္းမွာ လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ အခ်ိဳ႕ လုပ္ေဆာင္ခ်က္ေတြကို လူေတြ သိပ္မသိၾကပါဘူး။ ဒီပို႔စ္မွာ အန္းဒရြိဳက္ကို ဆရာတစ္ဆူလို သံုးႏိုင္မယ့္ နည္းလမ္းမ်ားကို ေဖာ္ျပလိုက္ပါတယ္။ ၁။ App မ်ားအတြက္ သီးျခား Shortcuts…

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား
Facebook, HUBS, NEWS
56 shares10 views

Instagram မွ User မ်ားရဲ႕ Password မ်ား ေပါက္ၾကား

Ko Thuya - Nov 19, 2018

Instagram မၾကာခင္က မိတ္ဆက္ခဲ့တဲ့ Download Your Data Tool ကေန User မ်ားရဲ႕ Password မ်ား ေပါက္ၾကားသြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါေပမယ့္ User အနည္းငယ္သာ ေပါက္ၾကားသြားတာ ျဖစ္ၿပီး အခုေတာ့ လံုျခံဳေရး ဟာကြက္ကို…

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္
NEWS, Odd
86 shares25 views

အင္တာနက္မွာ ဆယ္လီ ျဖစ္လာတဲ့ ဂ်ပန္မွ ေၾကာင္ႏွစ္ေကာင္

Ko Thuya - Nov 19, 2018

ခ်စ္စရာ အနက္နဲ႔ အ၀ါေရာင္ ေၾကာင္ေလး ႏွစ္ေကာင္ဟာ ဂ်ပန္ႏုိင္ငံ ဟီရိုရွီးမားၿမိဳ႕မွ အနုပညာ ျပတိုက္ကို တစ္ပတ္လွ်င္ ၂ ႀကိမ္၊ ၃ ႀကိမ္ေလာက္ ၀င္ဖို႔ ႀကိဳးစားေနပါတယ္။ သူတို႔ ဒီလိုလုပ္ေနတာ ၂ ႏွစ္ေလာက္ ရွိပါၿပီ။ လံုျခံဳေရး ၀န္ထမ္းမ်ားေၾကာင့္…

Leave a Comment

Most from this category