Nokia X6 ကို ကမာၻအ၀န္းမွာ ေရာင္းၿပီ
HMD Global က ကမာၻအ၀န္းမွာ Nokia X6 ကို Nokia 6.1 Plus အမည္ျဖင့္ ေရာင္းခ်ေပးလိုက္ပါတယ္။ ေဟာင္ေကာင္မွာ ပထမဆံုးေရာင္းခ်ေပးလိုက္တာပါ။ သူဟာ တရုတ္မွာ ေရာင္းခ်ေပးခဲ့တဲ့ ေမာ္ဒယ္နဲ႔ Specs မ်ား တူညီပါတယ္။ ဒါေပမယ့္ ေဆာ့ဖ္၀ဲသာ ကြာျခားပါတယ္။ သူ႔မွာ Android 8.1 Oreo ထည့္သြင္းထားၿပီး Android One Phone ျဖစ္ပါတယ္။ မူလ Nokia X6 အတြက္ Storage , RAM အမ်ိဳးအစားမ်ားစြာ ထုတ္လုပ္ေပးထားေပမယ့္ Nokia 6.1 Plus မွာ 4GB/64GB သာ ပါပါတယ္။ ၂၉၂ ေဒၚလာ သတ္မွတ္ထားၿပီး ၂၄ ရက္ေန႔မွာ ေရာင္းမွာပါ။
HMD Global အေနနဲ႔ Nokia ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း Nokia X6 ကို ၿပီးခဲ့တဲ့ ေမလ ၁၆ရက္ေန႔က တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Nokia X6 ဟာ Nokia ရဲ႕ ပထမဦးဆုံး Notch ပါဝင္တဲ့ စမတ္ဖုန္း ျဖစ္ၿပီး ၅.၈ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ FHD+ Display ကို အသုံးျပဳထားပါတယ္။ Resolution 1080 x 2280 pixels ပါဝင္ၿပီး 19:9 Aspect Ratio Display အမ်ိဴးအစားကို အသုံးျပဳထားတာ ျဖစ္ပါတယ္။
Processor အပိုင္းအတြက္ Snapdragon 636 SoC (System-on-chip) ကို အသုံးျပဳထားၿပီး Graphic အပိုင္းအတြက္ Adreno 509 ကို အသုံးျပဳထားပါတယ္။ Storage မေလာက္ဘူးဆိုရင္လည္း MicroSD 256 GB ထိ ထပ္စိုက္ႏိုင္မွာပါ။
Security အပိုင္းအတြက္ Fingerprint Sensor ထည့္သြင္းေပးထားၿပီး Face Unlock စနစ္လည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3060 mAh ထည့္သြင္းေပးထားၿပီး USB-C အမ်ိဴးအစားကို အသုံးျပဳထားပါတယ္။ အျမန္အားသြင္းစနစ္ ပါဝင္ၿပီး ၅၀% ကို မိနစ္ ၃၀ အတြင္း အားသြင္းႏိုင္မွာ ျဖစ္ပါတယ္။
ေရွ႕ဘက္ မ်က္ႏွာျပင္မွာ 16-Megapixel (f/2.0 Aperture) ကင္မရာကို တပ္ဆင္ထားၿပီး ေနာက္ေက်ာဘက္မွာေတာ့ 16-Megapixel (f/2.0 Aperture) နဲ႔ 5-Megapixel (f/2.2 Aperture) ကင္မရာေတြကို ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။
Ref ; gsmarena
unicode
Nokia X6 ကို ကမ္ဘာအဝန်းမှာ ရောင်းပြီ
HMD Global က ကမ္ဘာအဝန်းမှာ Nokia X6 ကို Nokia 6.1 Plus အမည်ဖြင့် ရောင်းချပေးလိုက်ပါတယ်။ ဟောင်ကောင်မှာ ပထမဆုံးရောင်းချပေးလိုက်တာပါ။ သူဟာ တရုတ်မှာ ရောင်းချပေးခဲ့တဲ့ မော်ဒယ်နဲ့ Specs များ တူညီပါတယ်။ ဒါပေမယ့် ဆော့ဖ်ဝဲသာ ကွာခြားပါတယ်။ သူ့မှာ Android 8.1 Oreo ထည့်သွင်းထားပြီး Android One Phone ဖြစ်ပါတယ်။ မူလ Nokia X6 အတွက် Storage , RAM အမျိုးအစားများစွာ ထုတ်လုပ်ပေးထားပေမယ့် Nokia 6.1 Plus မှာ 4GB/64GB သာ ပါပါတယ်။ ၂၉၂ ဒေါ်လာ သတ်မှတ်ထားပြီး ၂၄ ရက်နေ့မှာ ရောင်းမှာပါ။
HMD Global အနေနဲ့ Nokia ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း Nokia X6 ကို ပြီးခဲ့တဲ့ မေလ ၁၆ရက်နေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Nokia X6 ဟာ Nokia ရဲ့ ပထမဦးဆုံး Notch ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်ပြီး ၅.၈ လက်မ မျက်နှာပြင် အကျယ်ရှိ FHD+ Display ကို အသုံးပြုထားပါတယ်။ Resolution 1080 x 2280 pixels ပါဝင်ပြီး 19:9 Aspect Ratio Display အမျိူးအစားကို အသုံးပြုထားတာ ဖြစ်ပါတယ်။
Processor အပိုင်းအတွက် Snapdragon 636 SoC (System-on-chip) ကို အသုံးပြုထားပြီး Graphic အပိုင်းအတွက် Adreno 509 ကို အသုံးပြုထားပါတယ်။ Storage မလောက်ဘူးဆိုရင်လည်း MicroSD 256 GB ထိ ထပ်စိုက်နိုင်မှာပါ။
Security အပိုင်းအတွက် Fingerprint Sensor ထည့်သွင်းပေးထားပြီး Face Unlock စနစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3060 mAh ထည့်သွင်းပေးထားပြီး USB-C အမျိူးအစားကို အသုံးပြုထားပါတယ်။ အမြန်အားသွင်းစနစ် ပါဝင်ပြီး ၅၀% ကို မိနစ် ၃၀ အတွင်း အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
ရှေ့ဘက် မျက်နှာပြင်မှာ 16-Megapixel (f/2.0 Aperture) ကင်မရာကို တပ်ဆင်ထားပြီး နောက်ကျောဘက်မှာတော့ 16-Megapixel (f/2.0 Aperture) နဲ့ 5-Megapixel (f/2.2 Aperture) ကင်မရာတွေကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။
Ref ; gsmarena
You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Ko Thuya - Feb 17, 2019ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Ko Thuya - Feb 17, 2019နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Ko Thuya - Feb 17, 2019Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…
Most from this category

Xiaomi Mi 9 ရဲ႕ ေစ်းႏႈန္းေတြ ထြက္ေပၚလာ
Ko Thuya - Feb 16, 2019
Leave a Comment
You must be logged in to post a comment.