0 Shares 14478 Views
Jul 20, 2018
0 14478
Ref : gsmarena
unicode
၆.၉ လက်မ မျက်နှာပြင်၊ 5500mAh Battery များပါတဲ့ Xiaomi Mi Max 3 ကို ကြေညာပြီ
ရှောင်မီက Mi Max 3 ကို တရားဝင်ကြေညာလိုက်ပါပြီ။ သူ့မှာ ၆.၉ လက်မ Full HD+ Display တပ်ဆင်ထားပြီး 18:9 မျက်နှာပြင် အချိုး ဖြစ်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ 5500mAh Battery ပါပါတယ်။ Mi Max 3 မှာ Redmi Note 5 ရဲ့ Specs များစွာ ပါပါတယ်။ တူညီတဲ့ 1.8GHz Octa-Core Snapdragon 636 Chipset , 12MP+5MP Dual Camera , 8MP Selfie Camera များ ပါပါတယ်။ 12MP Camera မှာ Dual-Pixel Phase Detection AF ပါပါတယ်။ ကင်မရာ ၂ လုံး ပေါင်းစပ်ပြီး နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများ ရိုက်ကူးပေးပါတယ်။
Android 8.1 အခြေပြု MIUI 9.5 နဲ့ Scene Recognition , Face Unlock , Voice Assistant များ အပါအဝင် ဉာဏ်ရည်တု နည်းပညာများစွာ ပါပါတယ်။ မကြာခင်မှာ MIUI 10 ကို ရရှိမှာပါ။ Mi Max 3 ဟာ အတွင်းပိုင်းမှာတော့ Redmi Note 5 နဲ့ များစွာ တူညီပေမယ့် အပြင်ပိုင်းမှာတော့ အရွယ်ကြီး Mi 6X နဲ့ တူပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 176.15 x 87.4 x 7.99 mm ဖြစ်ပြီး အလေးချိန်မှာ ၂၂၁ ဂရမ် ဖြစ်ပါတယ်။
အနက်၊ ရှန်ပိန်ရွှေ၊ အပြာရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 4GB RAM/64GB Storage ကို ယွမ် ၁၆၉၉ (၂၅၂ ဒေါ်လာ) နဲ့ 6GB RAM/128GB Storage ကို ယွမ် ၁၉၉၉ ( ၃၀၀ ဒေါ်လာ ) သတ်မှတ်ထားပါတယ်။
Ref : gsmarena
You may be interested
Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views
Triple Rear Cameras များပါမယ့် Motorola One Action
Ko Thuya - Jun 16, 2019
21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…
လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views
လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
Ko Thuya - Jun 16, 2019
ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Ko Thuya - Jun 16, 2019
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…
Leave a Comment
Most from this category