176 Shares 155 Views

သင့္ဖုန္းမွ အရာမ်ားကို လွ်င္ျမန္စြာ ရွာေဖြႏိုင္မယ့္ Gesture Search

Jul 19, 2018
176 155

Chrome, Google Maps , YouTube တို႔ကို သင္ၾကားဖူးမွာပါ။ ဒါေပမယ့္ Anndroid Device မ်ားမွာ ႀကိဳတင္ထည့္သြင္းထားျခင္းမရွိတဲ့ Google ရဲ႕ အရမ္းေကာင္းတဲ့ Applications မ်ားရွိေနပါေသးတယ္။ အဲဒီထဲက တစ္ခုမွာ Google Gesture Search ျဖစ္ပါတယ္။ သင့္ရဲ႕ စမတ္ဖုန္းမွာ Contacts, Apps, Settings မ်ားကို ရွာေဖြရတာ အခ်ိန္အရမ္းကုန္ပါတယ္။ အထူးသျဖင့္ Apps မ်ားစြာကို ထည့္သြင္းထားရင္ Home Screen မ်ားစြာမွာ အသံုးျပဳခ်င္တဲ့ App ကို ရွာေဖြရတာ အလြန္ အခ်ိန္ကုန္၊ အလုပ္ရႈပ္ပါတယ္။ အဲဒီ ျပႆနာကို ေျဖရွင္းဖို႔ Google က Gesture Search ကို ဖန္တီးေပးထားပါတယ္။ Gesture Search ဟာ လူသိနည္းေပမယ့္ အလြန္ အစြမ္းထက္ပါတယ္။ စကရင္ေပၚမွာ Contacts, Apps, Settings မ်ားရဲ႕ အေရွ႕ဆံုး အကၡရာကို လက္နဲ႔ ေရးလိုက္တာနဲ႔ အဆင္ေျပေစပါတယ္။ အားနည္းခ်က္ကေတာ့ အဲဒီ စြမ္းေဆာင္ခ်က္ကို အသံုးျပဳခ်င္တိုင္း App ကို ဖြင့္ရတာျဖစ္ပါတယ္။ ဒါေပမယ့္ Home Screen မ်ားမွာ App ကို ရွာျခင္း၊ Main Settings ထဲသြားၿပီး အျခား Settings မ်ားကို ရွာျခင္း၊ Contacts App ထဲသြားၿပီး သင္ ဖုန္းေခၚခ်င္တဲ့ လူကို ရွာျခင္းတို႔ထက္ လြယ္ကူ အဆင္ေျပေစပါတယ္။

Gesture Search ကို ဖြင့္ၿပီးရင္ေတာ့ Accept ကို ႏွိပ္ပါ။ ေနာက္အဆင့္မွာ App ကေန သီခ်င္းမ်ားကိုပါ ရွာခ်င္ရင္ Music မွာ အမွန္ျခစ္ေပးပါ။ Done ကို ႏွိပ္ပါ။

ေနာက္အဆင့္မွာ Indexing လုပ္မွာပါ။ အခ်ိန္ခဏေစာင့္ေပးပါ။

ၿပီးရင္ေတာ့ Gesture မ်ား ေရးသားႏုိင္တဲ့ စကရင္ကို ေရာက္မွာပါ။ Contact တစ္ခုကို ရွာေဖြဖို႔အတြက္ ဥပမာအားျဖင့္ စကရင္ေပၚမွာ K လို႔ လက္နဲ႔ ေရးေပးပါ။ ဒါဆိုရင္ K နဲ႔စတဲ့ သင့္ရဲ႕ Contacts မ်ားကို ျပသေပးမွာျဖစ္ပါတယ္။ Contact ရဲ႕ ေဘးဘက္မွ ဖုန္းအိုင္ကြန္ကို ဖိထားပါ။


ဒါဆိုရင္ Menu တစ္ခုေပၚလာမွာပါ။ Call, Messaging, Email ထဲမွ သင္ႏွစ္သက္တဲ့ Option ကို ေရြးေပးပါ။ ဒါဆိုရင္ ေနာက္တစ္ခါ သင္ ဖုန္းအိုင္ကြန္ကို ႏွိပ္ရင္ သင္ေရြးခ်ယ္ထားတဲ့ အလုပ္ကို ျပဳလုပ္ေပးမွာပါ။

App တစ္ခုကို ရွာဖို႔အတြက္ Gesture Search ထဲ ျပန္သြားၿပီး App ရဲ႕ ေရွ႕ဆံုး အကၡရာကို ေရးပါ။ F လို႔ ေရးလိုက္ရင္ Facebook အပါအ၀င္ အျခား F နဲ႔ စတဲ့ Apps မ်ားကို ျပသေပးမွာပါ။ Facebook လို႔ အရွည္ ေရးသားလို႔လည္း ရပါတယ္။ ၿပီးရင္ေတာ့ App ကို တစ္ခ်က္ႏွိပ္ၿပီး ဖြင့္ႏုိင္ပါၿပီ။


Gesture Search Screen မွာ Acc လို႔ ေရးလိုက္ရင္ Accessibility Setting နဲ႔အတူ အျခား A နဲ႔ စတဲ့ အရာမ်ားကို ျပသေပးမွာျဖစ္ပါတယ္။ အဲဒီကေန Accessibility Setting ထဲ လြယ္ကူစြာ သြားႏုိင္ပါတယ္။

Search Screen မွာ စကားလံုးတစ္ခုကို ေရးသားၿပီးတဲ့အခါမွာ သူ႔ရဲ႕ ေနာက္ဆံုး အကၡရာကို ဖ်က္ခ်င္ရင္ ညာဘက္ကေန ဘယ္ဘက္သို႔ ပြတ္ဆြဲႏုိင္ပါတယ္။ စကားလံုးတစ္ခုလံုးကို ဖ်က္ခ်င္ရင္ ေအာက္ေျခမွ X Button ကို ႏွိပ္ႏုိင္ပါတယ္။ ေအာက္ေျခ ဧရိယာထဲမွာပဲ ဘယ္ဘက္ကေန ညာဘက္သို႔ ပြတ္ဆြဲရင္လည္း စကားလံုးတစ္ခုလံုးကို ဖ်က္ေပးမွာျဖစ္ပါတယ္။

Search Screen ရဲ႕ အေပၚညာဘက္ထိပ္မွ အစက္သံုးစက္ကို ႏွိပ္ၿပီး Help ထဲသြားႏုိင္ပါတယ္။ အဲဒီမွာ အျခား စြမ္းေဆာင္ခ်က္မ်ားကို ေလ့လာႏုိင္ပါေသးတယ္။

သူ႔ရဲ႕ ဖိုင္အရြယ္အစားဟာ 5MB ရွိၿပီးအသံုးျပဳႏုိင္တဲ့ Android Version ကေတာ့ ဖုန္းတစ္လံုးနဲ႔ တစ္လံုးမတူညီပါဘူး။

Download

unicode

သင့်ဖုန်းမှ အရာများကို လျှင်မြန်စွာ ရှာဖွေနိုင်မယ့် Gesture Search

Chrome, Google Maps , YouTube တို့ကို သင်ကြားဖူးမှာပါ။ ဒါပေမယ့် Anndroid Device များမှာ ကြိုတင်ထည့်သွင်းထားခြင်းမရှိတဲ့ Google ရဲ့ အရမ်းကောင်းတဲ့ Applications များရှိနေပါသေးတယ်။ အဲဒီထဲက တစ်ခုမှာ Google Gesture Search ဖြစ်ပါတယ်။ သင့်ရဲ့ စမတ်ဖုန်းမှာ Contacts, Apps, Settings များကို ရှာဖွေရတာ အချိန်အရမ်းကုန်ပါတယ်။ အထူးသဖြင့် Apps များစွာကို ထည့်သွင်းထားရင် Home Screen များစွာမှာ အသုံးပြုချင်တဲ့ App ကို ရှာဖွေရတာ အလွန် အချိန်ကုန်၊ အလုပ်ရှုပ်ပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ Google က Gesture Search ကို ဖန်တီးပေးထားပါတယ်။ Gesture Search ဟာ လူသိနည်းပေမယ့် အလွန် အစွမ်းထက်ပါတယ်။ စကရင်ပေါ်မှာ Contacts, Apps, Settings များရဲ့ အရှေ့ဆုံး အက္ခရာကို လက်နဲ့ ရေးလိုက်တာနဲ့ အဆင်ပြေစေပါတယ်။ အားနည်းချက်ကတော့ အဲဒီ စွမ်းဆောင်ချက်ကို အသုံးပြုချင်တိုင်း App ကို ဖွင့်ရတာဖြစ်ပါတယ်။ ဒါပေမယ့် Home Screen များမှာ App ကို ရှာခြင်း၊ Main Settings ထဲသွားပြီး အခြား Settings များကို ရှာခြင်း၊ Contacts App ထဲသွားပြီး သင် ဖုန်းခေါ်ချင်တဲ့ လူကို ရှာခြင်းတို့ထက် လွယ်ကူ အဆင်ပြေစေပါတယ်။

Gesture Search ကို ဖွင့်ပြီးရင်တော့ Accept ကို နှိပ်ပါ။ နောက်အဆင့်မှာ App ကနေ သီချင်းများကိုပါ ရှာချင်ရင် Music မှာ အမှန်ခြစ်ပေးပါ။ Done ကို နှိပ်ပါ။

နောက်အဆင့်မှာ Indexing လုပ်မှာပါ။ အချိန်ခဏစောင့်ပေးပါ။

ပြီးရင်တော့ Gesture များ ရေးသားနိုင်တဲ့ စကရင်ကို ရောက်မှာပါ။ Contact တစ်ခုကို ရှာဖွေဖို့အတွက် ဥပမာအားဖြင့် စကရင်ပေါ်မှာ K လို့ လက်နဲ့ ရေးပေးပါ။ ဒါဆိုရင် K နဲ့စတဲ့ သင့်ရဲ့ Contacts များကို ပြသပေးမှာဖြစ်ပါတယ်။ Contact ရဲ့ ဘေးဘက်မှ ဖုန်းအိုင်ကွန်ကို ဖိထားပါ။


ဒါဆိုရင် Menu တစ်ခုပေါ်လာမှာပါ။ Call, Messaging, Email ထဲမှ သင်နှစ်သက်တဲ့ Option ကို ရွေးပေးပါ။ ဒါဆိုရင် နောက်တစ်ခါ သင် ဖုန်းအိုင်ကွန်ကို နှိပ်ရင် သင်ရွေးချယ်ထားတဲ့ အလုပ်ကို ပြုလုပ်ပေးမှာပါ။

App တစ်ခုကို ရှာဖို့အတွက် Gesture Search ထဲ ပြန်သွားပြီး App ရဲ့ ရှေ့ဆုံး အက္ခရာကို ရေးပါ။ F လို့ ရေးလိုက်ရင် Facebook အပါအဝင် အခြား F နဲ့ စတဲ့ Apps များကို ပြသပေးမှာပါ။ Facebook လို့ အရှည် ရေးသားလို့လည်း ရပါတယ်။ ပြီးရင်တော့ App ကို တစ်ချက်နှိပ်ပြီး ဖွင့်နိုင်ပါပြီ။


Gesture Search Screen မှာ Acc လို့ ရေးလိုက်ရင် Accessibility Setting နဲ့အတူ အခြား A နဲ့ စတဲ့ အရာများကို ပြသပေးမှာဖြစ်ပါတယ်။ အဲဒီကနေ Accessibility Setting ထဲ လွယ်ကူစွာ သွားနိုင်ပါတယ်။

Search Screen မှာ စကားလုံးတစ်ခုကို ရေးသားပြီးတဲ့အခါမှာ သူ့ရဲ့ နောက်ဆုံး အက္ခရာကို ဖျက်ချင်ရင် ညာဘက်ကနေ ဘယ်ဘက်သို့ ပွတ်ဆွဲနိုင်ပါတယ်။ စကားလုံးတစ်ခုလုံးကို ဖျက်ချင်ရင် အောက်ခြေမှ X Button ကို နှိပ်နိုင်ပါတယ်။ အောက်ခြေ ဧရိယာထဲမှာပဲ ဘယ်ဘက်ကနေ ညာဘက်သို့ ပွတ်ဆွဲရင်လည်း စကားလုံးတစ်ခုလုံးကို ဖျက်ပေးမှာဖြစ်ပါတယ်။

Search Screen ရဲ့ အပေါ်ညာဘက်ထိပ်မှ အစက်သုံးစက်ကို နှိပ်ပြီး Help ထဲသွားနိုင်ပါတယ်။ အဲဒီမှာ အခြား စွမ်းဆောင်ချက်များကို လေ့လာနိုင်ပါသေးတယ်။

သူ့ရဲ့ ဖိုင်အရွယ်အစားဟာ 5MB ရှိပြီးအသုံးပြုနိုင်တဲ့ Android Version ကတော့ ဖုန်းတစ်လုံးနဲ့ တစ်လုံးမတူညီပါဘူး။

Download

You may be interested

အေရျပား ကင္ဆာ ျဖစ္ပြားျခင္းကို ေလွ်ာ့ခ်ေပးမယ့္ တန္ဖိုးနည္း လက္ေကာက္
Gadgets, NEWS
0 shares0 views

အေရျပား ကင္ဆာ ျဖစ္ပြားျခင္းကို ေလွ်ာ့ခ်ေပးမယ့္ တန္ဖိုးနည္း လက္ေကာက္

Ko Thuya - Sep 26, 2018

အေမရိကန္ လူမ်ိဳး ၁၀ ကေန ၈၀ ရာခုိင္ႏႈန္းဟာ ဗီတာမင္ ဒီ အားနည္းေနပါတယ္။ ၾသစေၾတးလ်ႏိုင္ငံ၊ မဲလ္ဘုန္း နည္းပညာ တကၠသိုလ္၊ အသံုးခ် ဓါတုေဗဒနဲ႔ ပတ္၀န္းက်င္ သိပၸံပညာ ဌာနမွ ပါေမာကၡ ျဖစ္သူ Bansal က ဒီ…

ျပီးျပည့္စံုေသာ ဓာတ္ပံုရိုက္ခ်က္မ်ားႏွင့္ ဆန္းသစ္ေသာ ဒီဇိုင္းကို အာမခံထားသည့္ Vivo V11 AI စမတ္ဖုန္းကို ျမန္မာႏိုုင္ငံတြင္ စတင္မိတ္ဆက္
HUBS, Vivo
0 shares0 views

ျပီးျပည့္စံုေသာ ဓာတ္ပံုရိုက္ခ်က္မ်ားႏွင့္ ဆန္းသစ္ေသာ ဒီဇိုင္းကို အာမခံထားသည့္ Vivo V11 AI စမတ္ဖုန္းကို ျမန္မာႏိုုင္ငံတြင္ စတင္မိတ္ဆက္

Creepy Tyler - Sep 26, 2018

ရန္ကုန္၊ ျမန္မာ၊ စက္တင္ဘာ ၂၅၊ ၂၀၁၈ - Vivo မွ ၎၏ထုတ္ကုန္သစ္ျဖစ္သည့္ ဆန္းသစ္ေသာ Vivo V11 စမတ္ဖုုန္း ကို ယေန႔တြင္ ျမန္မာႏိုင္ငံတြင္ မိတ္ဆက္ခဲ့သည္။ နာမည္ေက်ာ္ လူၾကိဳက္မ်ားေသာ V အမ်ိဳးအစား စမတ္ဖုန္းမ်ား စာရင္းဝင္ ဤ ဥာဏ္ရည္တု AI…

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
67 shares25 views

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထြက္ရွိၿပီး သိပ္မၾကာခင္မွာပဲ DisplayMate က သူ႔ကို စမ္းသပ္ခဲ့ၿပီး ထြက္ရွိၿပီး သမွ် စမတ္ဖုန္းမ်ားထဲမွာ သူဟာ အေကာင္းဆံုး မ်က္ႏွာျပင္ကို ပိုင္ဆိုင္ထားတယ္လို႔ သံုးသပ္ခဲ့ပါတယ္။ အခုေတာ့ Note 9 ရဲ႕ သရဖူကို…

Leave a Comment

Most from this category