2309 Shares 6080 Views


Jul 19, 2018
2309 6080




Ref : gsmarena

unicode

Dual Cameras ပါတဲ့ Nokia X5 ကို ကြေညာပြီ

HMD Global က စွမ်းဆောင်ရည်သင့် Nokia X5 (Nokia 5.1 Plus) ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ ယခင်ထွက်ပေါ်ခဲ့တဲ့ သတင်းများ အတိုင်းပဲ သူ့မှာ Notch ပါလာပါတယ်။ သူ့မှာ ၅.၈၆ လက်မ HD+ (720x1520pixels) Display တပ်ဆင်ထားပြီး 19:9 မျက်နှာပြင်အချိုး ပါပါတယ်။ Screen-to-body Ratio မှာ ၈၄ ရာခိုင်နှုန်း ရှိတဲ့အတွက် မျက်နှာပြင်ဟာ ထင်ရှားရှင်းလင်းပါတယ်။ တန်ဖိုးသင့် ဖုန်းများထဲမှာတော့ ဒါဟာ အလွန် ကောင်းမွန်နေပါတယ်။

သူ့မှာ MediaTek Helio P60 Chipset , 3GB RAM , 32GB Storage များ ပါပါတယ်။ 4GB/64GB Model ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ အနောက်ဘက်ကို ဖန်ဖြင့် အုပ်ထားပြီး လက်ဗွေရာ ကိရိယာလည်း မြှပ်နှံထားပါတယ်။ အနောက်ကင်မရာများကတော့ 13MP f/2.0 Main Camera နဲ့ 5MP Secondary Camera များ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 8MP f/2.2 Camera ထည့်သွင်းထားပြီး ၈၀ ဒီဂရီ မြင်ကွင်းကျယ် ကင်မရာ ဖြစ်ပါတယ်။ AI Portraits နဲ့ Beauty Mode များ ပါပါတယ်။

3060mAh Battery , Android 8.1 Oreo များ ထည့်ပေးထားပါတယ်။ Android P ထွက်တာနဲ့ ရရှိမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အနက်၊ အဖြူနဲ့ အပြာရောင်များ ထုတ်လုပ်ပေးထားပြီး 3GB/32GB ကို ၁၄၈ ဒေါ်လာနဲ့ 4GB/64GB ကို ၂၀၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။ X5 ကို အခြား နိုင်ငံများမှာ 5.1 Plus အမည်ဖြင့် ရောင်းချနိုင်ပါတယ်။

Ref : gsmarena

You may be interested

Android ကို Pro လို သုံးနိုင်မယ့် Tips များ
Android, FEATURES, HUBS
0 shares0 views

Android ကို Pro လို သုံးနိုင်မယ့် Tips များ

Ko Thuya - Nov 19, 2018

Android ပေါ်လာတာ ဆယ်စုနှစ်တစ်ခုကျော်လာပါပြီ။ Update တစ်ခုထွက်တိုင်းမှာ လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အချို့ လုပ်ဆောင်ချက်တွေကို လူတွေ သိပ်မသိကြပါဘူး။ ဒီပို့စ်မှာ အန်းဒရွိုက်ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။ ၁။ App များအတွက် သီးခြား Shortcuts…

Instagram မှ User များရဲ့ Password များ ပေါက်ကြား
Facebook, HUBS, NEWS
56 shares7 views

Instagram မှ User များရဲ့ Password များ ပေါက်ကြား

Ko Thuya - Nov 19, 2018

Instagram မကြာခင်က မိတ်ဆက်ခဲ့တဲ့ Download Your Data Tool ကနေ User များရဲ့ Password များ ပေါက်ကြားသွားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့် User အနည်းငယ်သာ ပေါက်ကြားသွားတာ ဖြစ်ပြီး အခုတော့ လုံခြုံရေး ဟာကွက်ကို…

အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်
NEWS, Odd
62 shares21 views

အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်

Ko Thuya - Nov 19, 2018

ချစ်စရာ အနက်နဲ့ အ၀ါရောင် ကြောင်လေး နှစ်ကောင်ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှ အနုပညာ ပြတိုက်ကို တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ်လောက် ၀င်ဖို့ ကြိုးစားနေပါတယ်။ သူတို့ ဒီလိုလုပ်နေတာ ၂ နှစ်လောက် ရှိပါပြီ။ လုံခြုံရေး ၀န်ထမ်းများကြောင့်…

Leave a Comment

Most from this category