47 Shares 72 Views

OnePlus 6 ရဲ႕ OxygenOS 5.1.9 မွာ Google Lens ပါလာ

Jul 19, 2018
47 72

OnePlus က သူ႔ရဲ႕ ေနာက္ဆံုးထုတ္ စြမ္းရည္ျမင့္ OnePlus 6 အတြက္ OxygenOS 5.1.9 ကို ျဖန္႔ခ်ီေပးလိုက္ပါတယ္။ Software Update မွာ Oil Painting Effect ကို ဖန္တီးရာမွာ ျဖစ္ပြားတဲ့ ကင္မရာ ျပႆနာကို ေျဖရွင္းေပးထားတဲ့အတြက္ ဓါတ္ပံုမ်ား ပိုမို ၾကည္လင္ျပတ္သားလာပါတယ္။ ဒါ့အျပင္ Overall Image Quality ကလည္း ပိုမို ေကာင္းလာပါတယ္။

Camera App မွာလည္း Google Lens ပါလာပါတယ္။ Google Lens ဟာ ပတ္၀န္းက်င္မွ အထင္ကရ အေဆာက္အဦးမ်ား၊ ကုန္ပစၥည္းမ်ားကို ကင္မရာကေန ခ်ိန္ရြယ္လိုက္တာနဲ႔ သူတို႔ရဲ႕ သတင္းအခ်က္အလက္မ်ားကို ျပသေပးပါတယ္။ ဒါ့အျပင္ ဘာသာျပန္စြမ္းရည္လည္း ပါပါတယ္။

အေရွ႕ကင္မရာဟာ Selfie Portrait Mode အတြက္ Beauty Effect ကို ေထာက္ပံ့လာပါတယ္။ ေဆာ့ဖ္၀ဲ အပိုင္းမွာ V Gesture ကို မေတာ္တဆ ျပဳလုပ္မိတဲ့ ျပႆနာကို ေျဖရွင္းေပးထားပါတယ္။ Patch မွာ Telia Finland VoLTE , VoWiFi တို႔ကို ေထာက္ပံ့လာပါတယ္။ ၀ိုင္ဖိုင္ ဆက္သြယ္မႈဟာလည္း ပိုမို တည္ၿငိမ္လာပါတယ္။ ကားမ်ားအတြက္ ဘလူးတု ဆက္သြယ္မႈကလည္း တိုးတက္လာပါတယ္။

Changelog မွာ အထက္ပါ လုပ္ေဆာင္ခ်က္ အသစ္မ်ားနဲ႔အတူ အေထြေထြ Bugs မ်ားကို ျပင္ဆင္ထားတယ္လို႔ ေဖာ္ျပထားပါတယ္။ Update မွာ July Security Patch ကိုလည္း OnePlus က ထည့္သြင္းေပးထားပါတယ္။

Ref : gsmarena

unicode

OnePlus 6 ရဲ့ OxygenOS 5.1.9 မှာ Google Lens ပါလာ

OnePlus က သူ့ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် OnePlus 6 အတွက် OxygenOS 5.1.9 ကို ဖြန့်ချီပေးလိုက်ပါတယ်။ Software Update မှာ Oil Painting Effect ကို ဖန်တီးရာမှာ ဖြစ်ပွားတဲ့ ကင်မရာ ပြဿနာကို ဖြေရှင်းပေးထားတဲ့အတွက် ဓါတ်ပုံများ ပိုမို ကြည်လင်ပြတ်သားလာပါတယ်။ ဒါ့အပြင် Overall Image Quality ကလည်း ပိုမို ကောင်းလာပါတယ်။

Camera App မှာလည်း Google Lens ပါလာပါတယ်။ Google Lens ဟာ ပတ်ဝန်းကျင်မှ အထင်ကရ အဆောက်အဦးများ၊ ကုန်ပစ္စည်းများကို ကင်မရာကနေ ချိန်ရွယ်လိုက်တာနဲ့ သူတို့ရဲ့ သတင်းအချက်အလက်များကို ပြသပေးပါတယ်။ ဒါ့အပြင် ဘာသာပြန်စွမ်းရည်လည်း ပါပါတယ်။

အရှေ့ကင်မရာဟာ Selfie Portrait Mode အတွက် Beauty Effect ကို ထောက်ပံ့လာပါတယ်။ ဆော့ဖ်ဝဲ အပိုင်းမှာ V Gesture ကို မတော်တဆ ပြုလုပ်မိတဲ့ ပြဿနာကို ဖြေရှင်းပေးထားပါတယ်။ Patch မှာ Telia Finland VoLTE , VoWiFi တို့ကို ထောက်ပံ့လာပါတယ်။ ဝိုင်ဖိုင် ဆက်သွယ်မှုဟာလည်း ပိုမို တည်ငြိမ်လာပါတယ်။ ကားများအတွက် ဘလူးတု ဆက်သွယ်မှုကလည်း တိုးတက်လာပါတယ်။

Changelog မှာ အထက်ပါ လုပ်ဆောင်ချက် အသစ်များနဲ့အတူ အထွေထွေ Bugs များကို ပြင်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။ Update မှာ July Security Patch ကိုလည်း OnePlus က ထည့်သွင်းပေးထားပါတယ်။

Ref : gsmarena

You may be interested

ျမန္မာႏိုင္ငံကို သြားလည္ၾကည့္ဖို႕ တိုက္တြန္းတဲ့ Twitter CEO ေဝဖန္ခံရ
NEWS
732 shares236 views

ျမန္မာႏိုင္ငံကို သြားလည္ၾကည့္ဖို႕ တိုက္တြန္းတဲ့ Twitter CEO ေဝဖန္ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ ျမန္မာႏိုင္ငံအေၾကာင္း ခ်ီးက်ဴးေျပာဆိုမွဳေၾကာင့္ ေဝဖန္ခံေနရပါတယ္။ လူ႕အခြင့္အေရးခ်ိဳးေဖာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ ထြက္ေနတဲ့ ျမန္မာႏိုင္ငံကို လည္ပတ္ဖို႕ အေကာင္းဆုံးေနရာတခု ျဖစ္ေၾကာင္း Jack Dorsey က တနဂၤေႏြေန႕မွာ ေရးသားခဲ့အျပီးမွာ ေဝဖန္ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထြက္ရွိ
HUBS, Mobiles & Tablets, NEWS
143 shares51 views

512GB ပါတဲ့ ZTE Nubia X Starry Night ထြက္ရွိ

Ko Thuya - Dec 10, 2018

ZTE က မၾကာခင္ကပဲ မ်က္ႏွာျပင္ ႏွစ္ခု ပါတဲ့ Nubia X ကို ေၾကညာခဲ့ပါတယ္။ သူ႕အတြက္ 64 or 256GB မ်ား ထုတ္လုပ္ေပးထားပါတယ္။ အခုေတာ့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင္းေရာင္ကို သဘာ၀က်က် အလွပဆံုး ဖမ္းယူႏုိင္တဲ့ ၈၉၉,၉၀၀ က်ပ္တန္ OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင္းေရာင္ကို သဘာ၀က်က် အလွပဆံုး ဖမ္းယူႏုိင္တဲ့ ၈၉၉,၉၀၀ က်ပ္တန္ OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ေခါင္းစဥ္နဲ႔အတူ မိတ္ဆက္ေပးလာတဲ့ high-end R series အသစ္ OPPO R17 Pro ကိုေတာ့ (၈၉၉,၉၀၀) က်ပ္ျဖင့္ ဒီဇင္ဘာ (၁၀) ရက္ေန႕ ကစၿပီး…

Leave a Comment

Most from this category