0 Shares 508 Views
တန်ဖိုးနည်း စမတ်ဖုန်းတွေထဲက အသင့်တော်ဆုံး စမတ်ဖုန်း Redmi 6 Pro (Budgeteer)
Jul 19, 2018
0 508
[Zawgyi]
Specs ref: gsmarena
[Unicode]
တန်ဖိုးနည်း စမတ်ဖုန်းတွေထဲက အသင့်တော်ဆုံး စမတ်ဖုန်း Redmi 6 Pro
ဒီတပတ် Budgeteer ကဏ္ဍအတွက် ရွေးချယ်ပေးဖြစ်တယ့် စမတ်ဖုန်းလေးကတော့ မိတ်ဆက်ထားတာ မကြာသေးတဲ့ ပူပူနွေးနွေး စမတ်ဖုန်းလေးဘဲ ဖြစ်ပါတယ်။ သူကတော့ Xiaomi ရဲ့ Redmi 6 Pro ဘဲ ဖြစ်ပါတယ်။
Redmi 6 Pro ဟာ ၅.၈၄ လက်မ မျက်နှာပြင် အကျယ်ရှိ IPS LCD Display အမျိူးအစားကို အသုံးပြုထားတဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပြီး Resolution ကတော့ 1080 x 2280 pixels ပါဝင်မှာပါ။ ငွေကျပ် ၂သိန်း ဝန်းကျင် သုံးရုံနဲ့ ဒီလို Resolution ရှိတဲ့ Display ကို ပိုင်ဆိုင်နိုင်ဖို့ ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါ။ AMOLED Display ကို သုံးထားတဲ့ Mi 8 တောင်မှ 1080 x 2248 pixels ဘဲ ရှိပါတယ်။ ဆိုတော့ကား Display Resolution အပိုင်းမှာ Very Good ပေါ့နော်။
Processor အပိုင်းကို ပြောရမယ် ဆိုရင်တော့ Qualcomm ရဲ့ Snapdragon 625 SoC ကို အသုံးပြုထားပြီး Adreno 506 GPU ပါဝင်မှာပါ။ Xiaomi ဖုန်း အချင်းချင်း ယှဥ်ရင် သိပ်မသိသာပေမယ့် တခြား Brand တွေနဲ့ ယှဥ်ရင်တော့ ၂သိန်း ဝန်းကျင်နဲ့ ပိုင်ဆိုင်နိုင်မယ့် Snapdragon 625 ကြီးက အားရစရာပါ။ ဒါပေမယ့်လည်း Specification တွေကို ကြည့်ပြီး စမတ်ဖုန်း ကောင်း၊ မကောင်းဆိုတာ ၁၀၀% အပြည့် ဆုံးဖြတ်လို့ မရပြန်ပါဘူး။ Specification တွေက မြင့်တယ်၊ ပေးရတယ့် စျေးနဲ့ တန်တယ် ဆိုပြီး ဝယ်ပြီးခါမှ လက်ထဲ တကယ်ကိုင်ရတဲ့အခါမှာ အထာက မကျ၊ ဟို Error တက်လိုက် ဒီ Error တက်လိုက်နဲ့ ဒီကြားထဲ Update က မရ၊ “ငါ့ဖုန်းက ကင်မရာ ၂လုံးပါပြီး၊ ကင်မရာ ၁လုံးတည်း ပါတဲ့ မင်းဖုန်းက ဓာတ်ပုံတွေလောက် ဘာလို့ မမိုက်တာလဲ” စတဲ့ ပြဿနာမျိူးတွေ ကြုံတွေ့ရတတ်ပါတယ်။
ကင်မရာ အပိုင်းမှာတော့ Redmi Note 5 မှာလိုမျိူး Aperture f/2.2 ရှိတဲ့ 12MP+5MP Camera တွေကို နောက်ကျောဘက်မှာ တွဲလျက် တပ်ဆင်ထားပါတယ်။(Redmi Note 5 ရဲ့ 5MP Camera က Aperture f/2.0 ရှိပါတယ်) Selfie ရိုက်ဖို့အတွက် 5MP Camera ကို တပ်ဆင်ထားပါတယ်။ အားတိုင်း Selfie တွေဘဲ နင်း၊ ကန်၊ စောင့် ဆွဲမယ့် သူတွေအတွက် ဆိုရင်တော့ 13MP Camera ပါတဲ့ Redmi Note 5 က ပိုပြီး သင့်တော်ပါလိမ့်မယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏကို 4000mAh အထိ ထည့်သွင်းပေးထားတာကြောင့် အားကုန်မြန်မှာ အတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ Security အပိုင်းမှာလည်း Fingerprint အပြင်၊ AI Face Unlock ကိုပါ အသုံးပြုနိုင်ဦးမှာပါ။
Redmi 6 Pro ဟာ Android 8.1 Oreo ကို Customize ပြုလုပ်ထားတဲ့ MIUI 9 နဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Redmi 6 Pro ရဲ့ ဒီဇိုင်း ကာလာ အနေအထားတွေကိုတော့ ကြိုက်တယ်၊ MIUI ကြီးမို့ မသုံးချင်ဘူး ဆိုသူများအတွက် လာမယ့် ဇူလိုင်လ ၂၄ရက်နေ့မှာ Mi A2 Lite (Android One) လို့ ကင်ပွန်းတပ်ထားတဲ့ Redmi 6 Pro ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ စျေးနှုန်းကတော့ အနည်းငယ် ကွာခြားသွားနိုင်ပါတယ်။ Redmi 6 Pro ကို မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ စျေးနှုန်းကတော့ RAM 3GB/ ROM 32GB မော်ဒယ်ကို မြန်မာငွေ ၂၀၉,၀၀၀ ကျပ်၊ RAM 4GB/ROM 64GB မော်ဒယ်ကို မြန်မာငွေ ၂၄၇,၀၀၀ ကျပ်နဲ့ ရောင်းချနေကြောင်း Win Mobile World ကနေ တဆင့် သိရပါတယ်။
Specs ref: gsmarena
You may be interested
Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views
Triple Rear Cameras များပါမယ့် Motorola One Action
Ko Thuya - Jun 16, 2019
21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…
လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views
လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
Ko Thuya - Jun 16, 2019
ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Ko Thuya - Jun 16, 2019
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…
Leave a Comment
Most from this category