IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?
ဒီေန႔ေခတ္ စမတ္ဖုန္းမ်ားဟာ ေရစိုခံတယ္လို႔ ထုတ္လုပ္ေရာင္းခ်တဲ့ ကုမၸဏီမ်ားက ေၾကာ္ညာေနၾကပါတယ္။ ဒါေပမယ့္ ေရစိုခံစံႏႈန္းမ်ားစြာ ရွိတဲ့အတြက္ သင့္ စမတ္ဖုန္းဟာ ဘယ္ေလာက္အထိေရစိုခံသလဲဆိုတာ ေလ့လာထားဖုိ႔ လိုအပ္ပါတယ္။
IP ရဲ႕ အဓိပၸါယ္
IP ရဲ႕ အရွည္ဟာ Ingress Protection ျဖစ္ၿပီး ဖုန္းအတြင္းပိုင္း အစိတ္အပိုင္းမ်ားကို ေရ၊ ဖုန္မ်ား မထိေအာင္ ကာကြယ္ႏိုင္တဲ့ စံႏႈန္း ျဖစ္ပါတယ္။ IP ရဲ႕ ေနာက္မွ ဂဏန္းမ်ားကေတာ့ ကာကြယ္မႈ စြမ္းရည္ကို ေဖာ္ျပပါတယ္။ ဂဏန္းႏွစ္လံုုးရဲ႕ အေရွ႕ဘက္ ဂဏန္းဟာ ၅ နဲ႔ ၆ မ်ား အမ်ားစု ျဖစ္ပါတယ္။ ၅ ဟာ ဖုန္မ်ားကို ရာႏႈန္းျပည့္ မကာကြယ္ႏုိင္ဘူးလို႔ အဓိပၸါယ္ရပါတယ္။ ၆ ကေတာ့ ဖုန္၊ သဲမ်ားကို ရာႏႈန္းျပည့္ ကာကြယ္ႏိုင္ပါတယ္။ တစ္ခါတစ္ေလမွာ IPX8 လို႔ သတ္မွတ္ထားတာကို ေတြ႕ရမွာပါ။ အဲဒါကေတာ့ ကုမၸဏီဟာ IP စံႏႈန္းကို တိက်စြာ မေဖာ္ျပခ်င္လို႔ ျဖစ္ပါတယ္။
ဒုတိယဂဏန္းရဲ႕ အဓိပၸါယ္
IP စံႏႈန္းမွာ ဒုတိယ ဂဏန္းဟာ ေရစိုခံ စြမ္းရည္ကို ကိုယ္စားျပဳပါတယ္။ သူဟာ ပထမ ဂဏန္းထက္ ပိုမို ရႈပ္ေထြးပါတယ္။ ဒီေန႔ေခတ္ စမတ္ဖုန္းမ်ားမွာ ဒုတိယ ဂဏန္းဟာ အနည္းဆံုး ၃ ၊ ၄ ကေန စၿပီး အဲဒါဟာ ေရစက္ေရေပါက္မ်ားကို ခံႏိုင္တယ္လို႔ ေဖာ္ျပပါတယ္။ မိုးေရထဲမွာ အသံုးျပဳႏုိင္ပါတယ္။
ပိုမိုစြမ္းရည္ျမင့္မားတာက နံပါတ္ ၅ က စပါတယ္။ နံပါတ္ ၅ ဟာ ၆.၃ မီလီမီတာ ေရပိုက္ေခါင္းက ထြက္လာတဲ့ ေရဒဏ္ကို ဘက္ေပါင္းစံုကေန ခံႏိုင္ပါတယ္။ နံပါတ္ ၆ ကေတာ့ ၁၂.၅ မီလီမီတာ ေရပိုက္ေခါင္းက ထြက္လာတဲ့ ေရဒဏ္ကို ဘက္ေပါင္းစံုကေန ခံႏိုင္ပါတယ္။
ရာႏႈန္းျပည့္ ေရစိုခံတဲ့ ဖုန္းမ်ားဟာ ဒုတိယ ဂဏန္း ၇ ကေန စပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ စြမ္းရည္မ်ားဟာ ကြဲျပားပါတယ္။ နံပါတ္ ၇ ဟာ ေရအနက္ ၁ မီတာ အထိ္ ေရထဲႏွစ္ျခင္းကို ခံႏုိင္ပါတယ္။ နံပါတ္ ၈ ကေတာ့ ေရအနက္ ၁ မီတာထက္ နက္တဲ့ ေနရာမ်ားအထိ ယူေဆာင္ အသံုးျပဳလို႔ရပါတယ္။
ရာႏႈန္းျပည့္ဆိုေပမယ့္လည္း စိတ္ခ်လို႔ေတာ့ မရပါဘူး။ တရား၀င္ အဓိပၸါယ္ ဖြင့္ဆိုခ်က္မ်ားအရ ေရစိုခံႏိုင္မႈ စြမ္းရည္ အျမင့္ဆံုး နံပါတ္ ၉ ဟာ စမတ္ဖုန္းထုတ္လုပ္သူရဲ႕ သတ္မွတ္ခ်က္အေပၚ မူတည္၍ ေရထဲမွာ ႏွစ္ျမွပ္ ႏိုင္တယ္လို႔ ဆိုပါ တယ္။ သာမာန္အားျဖင့္ေတာ့ နံပါတ္ ၉ စံႏႈန္းပါတဲ့ စမတ္ဖုန္းမ်ားဟာ ေရ လံုး၀ မ၀င္ေအာင္ အလံုပိတ္ထားပါတယ္။ ေရ၀င္ရင္လည္း ဖုန္းကို ပ်က္ဆီးႏိုင္ေစေလာက္တဲ့ ပမာဏအထိ မ၀င္ဘူးလို႔ သိရပါတယ္။
IP စံႏႈန္းမ်ား ပါတဲ့ စမတ္ဖုန္းမ်ား
ေရစိုခံ ဖုန္းမ်ားဟာ ၁၀၀ ရာခုိင္ႏႈန္း စိတ္မခ်ရဘူးလို႔ ထပ္ေျပာပါရေစ။ ဖုန္းကုမၸဏီမ်ားရဲ႕ တရား၀င္ ၀က္ဆိုက္မ်ားမွာ ေဖာ္ျပထားတဲ့ ေရစိုခံ စြမ္းရည္မ်ားကို ေလ့လာသင့္ပါတယ္။ IP စံႏႈန္း ျမင့္မားရင္ေတာ့ ေရခ်ိဳးခန္း၊ ေရကူးကန္ အနီးအနားမွာ ယူေဆာင္အသံုးျပဳဖို႔ စိတ္ခ်ရပါတယ္။
IP67 စံႏႈန္းပါတဲ့ ဖုန္းမ်ားကေတာ့ iPhone X, Huawei Mate 10 Pro, Google Pixel 2 , Pixel XL 2, HTC U11 , iPhone 8 နဲ႔ iPhone 7 တို႔ ျဖစ္ပါတယ္။ IP68 စံႏႈန္းပါတဲ့ ဖုန္းမ်ားမွာ Samsung Galaxy Note 8, Galaxy S9, Galaxy S9 Plus, LG V30, LG G6, Sony Xperia XZ1, Sony Xperia XZ Premium နဲ႔ the Samsung Galaxy S7 & S8 Series မ်ားျဖစ္ပါတယ္။
Ref : techradar
unicode
IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?
ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။
IP ရဲ့ အဓိပ္ပါယ်
IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး ဖုန်းအတွင်းပိုင်း အစိတ်အပိုင်းများကို ရေ၊ ဖုန်များ မထိအောင် ကာကွယ်နိုင်တဲ့ စံနှုန်း ဖြစ်ပါတယ်။ IP ရဲ့ နောက်မှ ဂဏန်းများကတော့ ကာကွယ်မှု စွမ်းရည်ကို ဖော်ပြပါတယ်။ ဂဏန်းနှစ်လုံးရဲ့ အရှေ့ဘက် ဂဏန်းဟာ ၅ နဲ့ ၆ များ အများစု ဖြစ်ပါတယ်။ ၅ ဟာ ဖုန်များကို ရာနှုန်းပြည့် မကာကွယ်နိုင်ဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ၆ ကတော့ ဖုန်၊ သဲများကို ရာနှုန်းပြည့် ကာကွယ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ IPX8 လို့ သတ်မှတ်ထားတာကို တွေ့ရမှာပါ။ အဲဒါကတော့ ကုမ္ပဏီဟာ IP စံနှုန်းကို တိကျစွာ မဖော်ပြချင်လို့ ဖြစ်ပါတယ်။
ဒုတိယဂဏန်းရဲ့ အဓိပ္ပါယ်
IP စံနှုန်းမှာ ဒုတိယ ဂဏန်းဟာ ရေစိုခံ စွမ်းရည်ကို ကိုယ်စားပြုပါတယ်။ သူဟာ ပထမ ဂဏန်းထက် ပိုမို ရှုပ်ထွေးပါတယ်။ ဒီနေ့ခေတ် စမတ်ဖုန်းများမှာ ဒုတိယ ဂဏန်းဟာ အနည်းဆုံး ၃ ၊ ၄ ကနေ စပြီး အဲဒါဟာ ရေစက်ရေပေါက်များကို ခံနိုင်တယ်လို့ ဖော်ပြပါတယ်။ မိုးရေထဲမှာ အသုံးပြုနိုင်ပါတယ်။
ပိုမိုစွမ်းရည်မြင့်မားတာက နံပါတ် ၅ က စပါတယ်။ နံပါတ် ၅ ဟာ ၆.၃ မီလီမီတာ ရေပိုက်ခေါင်းက ထွက်လာတဲ့ ရေဒဏ်ကို ဘက်ပေါင်းစုံကနေ ခံနိုင်ပါတယ်။ နံပါတ် ၆ ကတော့ ၁၂.၅ မီလီမီတာ ရေပိုက်ခေါင်းက ထွက်လာတဲ့ ရေဒဏ်ကို ဘက်ပေါင်းစုံကနေ ခံနိုင်ပါတယ်။
ရာနှုန်းပြည့် ရေစိုခံတဲ့ ဖုန်းများဟာ ဒုတိယ ဂဏန်း ၇ ကနေ စပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စွမ်းရည်များဟာ ကွဲပြားပါတယ်။ နံပါတ် ၇ ဟာ ရေအနက် ၁ မီတာ အထိ ရေထဲနှစ်ခြင်းကို ခံနိုင်ပါတယ်။ နံပါတ် ၈ ကတော့ ရေအနက် ၁ မီတာထက် နက်တဲ့ နေရာများအထိ ယူဆောင် အသုံးပြုလို့ရပါတယ်။
ရာနှုန်းပြည့်ဆိုပေမယ့်လည်း စိတ်ချလို့တော့ မရပါဘူး။ တရားဝင် အဓိပ္ပါယ် ဖွင့်ဆိုချက်များအရ ရေစိုခံနိုင်မှု စွမ်းရည် အမြင့်ဆုံး နံပါတ် ၉ ဟာ စမတ်ဖုန်းထုတ်လုပ်သူရဲ့ သတ်မှတ်ချက်အပေါ် မူတည်၍ ရေထဲမှာ နှစ်မြှပ် နိုင်တယ်လို့ ဆိုပါ တယ်။ သာမာန်အားဖြင့်တော့ နံပါတ် ၉ စံနှုန်းပါတဲ့ စမတ်ဖုန်းများဟာ ရေ လုံး၀ မဝင်အောင် အလုံပိတ်ထားပါတယ်။ ရေဝင်ရင်လည်း ဖုန်းကို ပျက်ဆီးနိုင်စေလောက်တဲ့ ပမာဏအထိ မဝင်ဘူးလို့ သိရပါတယ်။
IP စံနှုန်းများ ပါတဲ့ စမတ်ဖုန်းများ
ရေစိုခံ ဖုန်းများဟာ ၁၀၀ ရာခိုင်နှုန်း စိတ်မချရဘူးလို့ ထပ်ပြောပါရစေ။ ဖုန်းကုမ္ပဏီများရဲ့ တရားဝင် ဝက်ဆိုက်များမှာ ဖော်ပြထားတဲ့ ရေစိုခံ စွမ်းရည်များကို လေ့လာသင့်ပါတယ်။ IP စံနှုန်း မြင့်မားရင်တော့ ရေချိုးခန်း၊ ရေကူးကန် အနီးအနားမှာ ယူဆောင်အသုံးပြုဖို့ စိတ်ချရပါတယ်။
IP67 စံနှုန်းပါတဲ့ ဖုန်းများကတော့ iPhone X, Huawei Mate 10 Pro, Google Pixel 2 , Pixel XL 2, HTC U11 , iPhone 8 နဲ့ iPhone 7 တို့ ဖြစ်ပါတယ်။ IP68 စံနှုန်းပါတဲ့ ဖုန်းများမှာ Samsung Galaxy Note 8, Galaxy S9, Galaxy S9 Plus, LG V30, LG G6, Sony Xperia XZ1, Sony Xperia XZ Premium နဲ့ the Samsung Galaxy S7 & S8 Series များဖြစ်ပါတယ်။
Ref : techradar
You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Ko Thuya - Feb 17, 2019ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Ko Thuya - Feb 17, 2019နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Ko Thuya - Feb 17, 2019Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…
Most from this category

Xiaomi Mi 9 ရဲ႕ ေစ်းႏႈန္းေတြ ထြက္ေပၚလာ
Ko Thuya - Feb 16, 2019
Leave a Comment
You must be logged in to post a comment.