0 Shares 1488 Views


Jul 19, 2018
0 1488

[Zawgyi]


OnePlus 6


အောက်ပါ ဓာတ်ပုံများကတော့ OnePlus 6 ရဲ့ ကင်မရာ အရည်အသွေးတွေကို iPhone X, Galaxy S9 Plus တို့နဲ့ နှိုင်းယှဉ်ပြသ ပေးထားတာ ဖြစ်ပါတယ်။

OnePlus 6, High-contrast scene

iPhone X, High-contrast scene

Galaxy S9 Plus, High-contrast scene

OnePlus 6, Color rendering

iPhone X, Color rendering

Galaxy S9 Plus, Color rendering

OnePlus 6 Bokeh

iPhone X Bokeh

Galaxy S9 Plus Bokeh

အထက်ပါ ပုံတွေကတော့ DxOMark ကနေ တဆင့် ကူးယူဖော်ပြထားတဲ့ ပုံများ ဖြစ်ကြပါတယ်။

Ref: dxomark

[Unicode]

DxOMark မှာ ကင်မရာ အကောင်းဆုံး စမတ်ဖုန်းအဖြစ် အဆင့် ၁၀ မှာ ရပ်တည်နေတဲ့ OnePlus 6

DxOMark ဆိုတာကတော့ ကင်မရာ နဲ့ စမတ်ဖုန်း ကင်မရာတွေရဲ့ ဓာတ်ပုံ အရည်အသွေးတွေ၊ ကင်မရာ Sensor တွေနဲ့ ကင်မရာ Lens တွေကို စမ်းသပ် စစ်ဆေးပေးတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ DxOMark အနေနဲ့ OnePlus 6 ရဲ့ ဓာတ်ပုံ အရည်အသွေးတွေကို စမ်းသပ်စစ်ဆေးပြီးတဲ့အခါမှာတော့ OnePlus 6 ဟာ ရမှတ် ၉၆မှတ်နဲ့အတူ DxOMark အမှတ်ပေး ဇယားရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

OnePlus 6 ဟာ ပြီးခဲ့တဲ့ မေလတုန်းက ထွက်ရှိခဲ့တဲ့ Flagship စမတ်ဖုန်း ဖြစ်ပြီး နောက်ကျောဘက်မှာလည်း Dual Camera Setup ကို တပ်ဆင်ထားပါတယ်။ ၆.၂၈ လက်မ AMOLED Display နဲ့အတူ Qualcomm ရဲ့ Snapdragon 845 Processor ကို အသုံးပြုထားပါတယ်။ နောက်ကျောဘက်မှာ တပ်ဆင်ထားတဲ့ Main Camera အတွက် Aperture f/1.7 ရှိတဲ့ 16MP Sensor ကို အသုံးပြုထားပါတယ်။ Aperture f/1.7 ရှိတဲ့ 20MP Sensor က Depth-of-field effects တွေနဲ့ Zoom ဆွဲရိုက်ရင် ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ဖို့အတွက် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ OnePlus 6 က 4K ဗီဒီယိုတွေကို 30/60 fps (frame per second) နဲ့ ရိုက်ကူးနိုင်သလို Slow-motion ဗီဒီယိုတွေကိုလည်း 1080p မှာ 240fps နဲ့ ရိုက်ကူးနိုင်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။

OnePlus 6, iPhone X နဲ့ Galaxy S9 Plus တို့ရဲ့ နှိုင်းယှဥ်ပြသထားသော ဓာတ်ပုံများကို Zawgyi တွင် ကြည့်ရှု့နိုင်ပါတယ်။

Ref: dxomark

You may be interested

အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ
NEWS, Science, Tech Update
0 shares9 views

အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ

Ko Thuya - Jun 26, 2019

အမေရိကန် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲမှုဌာနက ပြီးခဲ့တဲ့ သောကြာနေ့မှာ အမျိုးသမီးများရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဆေးဝါး အသစ်တစ်ခုကို ခွင့်ပြုလိုက်ပါတယ်။ ဆေးရဲ့ အမည်က Vyleesi ဖြစ်ပြီး Bremelanotide လို့လည်း သိကြပါတယ်။ လိင်စိတ်ဆန္ဒ နည်းပါးနေတဲ့ အမျိုးသမီးများကို ကူညီပေးနိုင်မှာ…

Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာလိုက်ပါတယ်။ အရင်ကလည်း ဖုန်း ၄၉ လုံးကို ကြေညာခဲ့ပြီးပါပြီ။ အဲဒီ ၄၉ လုံးဟာလည်း Incremental Update ကို ရရှိမှာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန်တီးနေတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန်တီးနေတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ Ice Universe က ၀ီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။ ဆမ်ဆောင်းက…

Leave a Comment

Most from this category