687 Shares 437 Views

မိုဘိုင္းဖုန္းမ်ားအတြက္ 8GB LPDDR5 DRAM ေတြကို ထုတ္လုပ္ေတာ့မယ့္ Samsung

Jul 18, 2018
687 437

[Zawgyi]

Samsung အေနနဲ႔ 8GB LPDDR5 DRAM Chip အေၾကာင္းေတြကို မေန႔ ညေနတုန္းက ေၾကျငာခဲ့တာ ျဖစ္ပါတယ္။ 8GB LPDDR5 ေတြဟာ ကုမၸဏီရဲ႕ ပထမဦးဆုံး 10nm အမ်ိဴးအစား Chip မ်ား ျဖစ္သလို 5G နဲ႔ AI-powered Mobile Applications မ်ားအတြက္ ရည္႐ြယ္ၿပီး ထုတ္လုပ္ထားတာ ျဖစ္ေၾကာင္း Samsung က တရားဝင္ ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၄ခုႏွစ္တုန္းကလဲ Samsung အေနနဲ႔ 8GB LPDDR4 Chip ေတြကို ထုတ္လုပ္ခဲ့ပါေသးတယ္။ အခု ထပ္မံ ထုတ္လုပ္သြားမယ့္ Chip ေတြကေတာ့ LPDDR5 အမ်ိဴးအစားမ်ား ျဖစ္ၾကပါတယ္။ ဒါ့အျပင္ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလတုန္းက 10nm 16GB GDDR6 DRAM ေတြကို ထုတ္လုပ္ခဲ့ၿပီး ေဖေဖာ္ဝါရီလမွာေတာ့ 16GB DDR5 DRAM ေတြကို ထုတ္လုပ္ခဲ့ပါတယ္။ အခု 8GB LPDDR5 ကေတာ့ Samsung ရဲ႕ Premium DRAM အမ်ိဴးအစားေတြ ျဖစ္တဲ့ 16GB GDDR6 နဲ႔ 16GB DDR5 တို႔ရဲ႕ ေနာက္ဆုံးေပၚ နည္းပညာေတြကို ေပါင္းစပ္လုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

8GB LPDDR5 ရဲ႕ Data rate က 6400 Mb/s ရွိၿပီး လက္ရွိ Flagship devices ေတြမွာ အသုံးျပဳေနတဲ့ DRAM chips ေတြထက္ ၁.၅ ဆ အထိ ပိုမို ျမန္ဆန္တယ္လို႔ သိရပါတယ္။ Samsung ရဲ႕ ေနာက္ဆုံးထြက္ရွိထားတဲ့ Flagship စမတ္ဖုန္း Galaxy S9 မွာ LPDDR4X RAM Chip ကို အသုံးျပဳထားၿပီး Data rate က 4266 Mb/s ရွိပါတယ္။ LPDDR5 ျဖစ္သြားတဲ့အတြက္ Data rate ေတြကလည္း ပိုမိုေကာင္းမြန္လာပါတယ္။ Data rate ပိုမိုေကာင္းမြန္လာတဲ့အတြက္ 51.2GB ကို ၁စကၠန္႔အတြင္း ေပးပို႔ႏိုင္မွာ ျဖစ္ပါတယ္။ ဒါဟာ Full-HD ဇာတ္ကား ၁၄ကားကို ၁စကၠန္႔အတြင္း ေပးပို႔ႏိုင္တာနဲ႔ ညီမွ်ပါတယ္။

8GB LPDDR5 ေတြကို 6400 Mb/s @ 1.1 Operating Voltage (V) နဲ႔ 5500 Mb/s @ 1.05V ဆိုၿပီး Bandwidth ၂မ်ိဴးနဲ႔ ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ ဘက္ထရီအား စားသုံးမႈ အပိုင္းမွာလည္း ယခင္ LPDDR4X DRAM ေတြထက္ ၃၀% အထိ ေလ်ာ့က်သြားမွာ ျဖစ္တယ္လို႔ Samsung က ေျပာၾကားထားပါတယ္။ ဒါ့အျပင္ Artificial Intelligence (A.I.) နဲ႔ Machine Learning Applications ေတြကိုလည္း မ်ားစြာ အေထာက္အကူျပဳတယ္လို႔ သိရပါတယ္။

ေလာေလာဆယ္မွာေတာ့ 8GB LPDDR5 DRAM ေတြကို Prototype အေနနဲ႔သာ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း 8GB LPDDR5 DRAM ပါဝင္တဲ့ စမတ္ဖုန္းေတြကို မၾကာခင္မွာ ျမင္ေတြ႕ရႏိုင္ဖြယ္ ရွိပါတယ္။ ေနာက္လ ၉ရက္ေန႔မွာ မိတ္ဆက္သြားမယ့္ Galaxy Note 9 မွာေတာ့ LPDDR5 DRAM ေတြ ပါဝင္ႏိုင္ျခင္း မရွိဘဲ Galaxy S10 မွာ စတင္ျမင္ေတြ႕ႏိုင္ေၾကာင္း ကြၽမ္းက်င္ ပညာရွင္မ်ားက ခန္႔မွန္း ေျပာဆိုထားၾကပါတယ္။

Ref: sammobile, samsung

[Unicode]

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung

Samsung အနေနဲ့ 8GB LPDDR5 DRAM Chip အကြောင်းတွေကို မနေ့ ညနေတုန်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ 8GB LPDDR5 တွေဟာ ကုမ္ပဏီရဲ့ ပထမဦးဆုံး 10nm အမျိူးအစား Chip များ ဖြစ်သလို 5G နဲ့ AI-powered Mobile Applications များအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်ကြောင်း Samsung က တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းကလဲ Samsung အနေနဲ့ 8GB LPDDR4 Chip တွေကို ထုတ်လုပ်ခဲ့ပါသေးတယ်။ အခု ထပ်မံ ထုတ်လုပ်သွားမယ့် Chip တွေကတော့ LPDDR5 အမျိူးအစားများ ဖြစ်ကြပါတယ်။ ဒါ့အပြင် ၂၀၁၇ခုနှစ် ဒီဇင်ဘာလတုန်းက 10nm 16GB GDDR6 DRAM တွေကို ထုတ်လုပ်ခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ 16GB DDR5 DRAM တွေကို ထုတ်လုပ်ခဲ့ပါတယ်။ အခု 8GB LPDDR5 ကတော့ Samsung ရဲ့ Premium DRAM အမျိူးအစားတွေ ဖြစ်တဲ့ 16GB GDDR6 နဲ့ 16GB DDR5 တို့ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို ပေါင်းစပ်လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

8GB LPDDR5 ရဲ့ Data rate က 6400 Mb/s ရှိပြီး လက်ရှိ Flagship devices တွေမှာ အသုံးပြုနေတဲ့ DRAM chips တွေထက် ၁.၅ ဆ အထိ ပိုမို မြန်ဆန်တယ်လို့ သိရပါတယ်။ Samsung ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Flagship စမတ်ဖုန်း Galaxy S9 မှာ LPDDR4X RAM Chip ကို အသုံးပြုထားပြီး Data rate က 4266 Mb/s ရှိပါတယ်။ LPDDR5 ဖြစ်သွားတဲ့အတွက် Data rate တွေကလည်း ပိုမိုကောင်းမွန်လာပါတယ်။ Data rate ပိုမိုကောင်းမွန်လာတဲ့အတွက် 51.2GB ကို ၁စက္ကန့်အတွင်း ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ Full-HD ဇာတ်ကား ၁၄ကားကို ၁စက္ကန့်အတွင်း ပေးပို့နိုင်တာနဲ့ ညီမျှပါတယ်။

8GB LPDDR5 တွေကို 6400 Mb/s @ 1.1 Operating Voltage (V) နဲ့ 5500 Mb/s @ 1.05V ဆိုပြီး Bandwidth ၂မျိူးနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဘက်ထရီအား စားသုံးမှု အပိုင်းမှာလည်း ယခင် LPDDR4X DRAM တွေထက် ၃၀% အထိ လျော့ကျသွားမှာ ဖြစ်တယ်လို့ Samsung က ပြောကြားထားပါတယ်။ ဒါ့အပြင် Artificial Intelligence (A.I.) နဲ့ Machine Learning Applications တွေကိုလည်း များစွာ အထောက်အကူပြုတယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ 8GB LPDDR5 DRAM တွေကို Prototype အနေနဲ့သာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း 8GB LPDDR5 DRAM ပါဝင်တဲ့ စမတ်ဖုန်းတွေကို မကြာခင်မှာ မြင်တွေ့ရနိုင်ဖွယ် ရှိပါတယ်။ နောက်လ ၉ရက်နေ့မှာ မိတ်ဆက်သွားမယ့် Galaxy Note 9 မှာတော့ LPDDR5 DRAM တွေ ပါဝင်နိုင်ခြင်း မရှိဘဲ Galaxy S10 မှာ စတင်မြင်တွေ့နိုင်ကြောင်း ကျွမ်းကျင် ပညာရှင်များက ခန့်မှန်း ပြောဆိုထားကြပါတယ်။

Ref: sammobile, samsung

You may be interested

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ
Android, Huawei, HUBS
0 shares0 views

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ အျပာ၊ အနက္နဲ႔ မိုးျပာေရာင္မ်ား ျဖစ္ပါတယ္။ စြဲေဆာင္မႈ အေကာင္းဆံုးက Twilight အမည္ရ မုိုးျပာေရာင္ ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ လက IFA ပြဲမွာ ေၾကညာခဲ့တဲ့…

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max
Apple, HUBS, Mobiles & Tablets
215 shares58 views

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max

Ko Thuya - Sep 25, 2018

Apple ကေတာ့ iPhone XS နဲ႔ XS Max မွာ သံုးထားတဲ့ ဖန္သားဟာ အလြန္ မာေက်ာၾကံ႕ခိုင္တယ္လို႔ ေၾကညာထားပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းမ်ားရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ ဗီဒီယိုတစ္ခု ထြက္ေပၚလာပါတယ္။ Drop Test မွာ…

iPhone XS နဲ႔ iPhone XS Max တို႔အတြက္ Tips & Tricks မ်ား (အပိုင္း ၂)
Apple, FEATURES, HOW TO
141 shares52 views

iPhone XS နဲ႔ iPhone XS Max တို႔အတြက္ Tips & Tricks မ်ား (အပိုင္း ၂)

Ko Thuya - Sep 24, 2018

iPhone XS နဲ႔ iPhone XS Max တို႔မွာ ယခင္ႏွစ္ iPhone X ထက္ ေျပာင္းလဲတိုးတက္လာမႈမ်ား ပါ၀င္လာပါတယ္။ ေျပာင္းလဲသြားတဲ့ Tips & Tricks မ်ားလည္း ပါလာပါတယ္။ အိုင္ဖုန္း အေဟာင္း ကိုင္ထားသူမ်ားအတြက္လည္း နည္းလမ္းအခ်ိဳ႕ဟာ…

Leave a Comment

Most from this category