OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open Beta 14 နဲ့ OnePlus 5T ရဲ့ Open Beta 12 မှာ Camera App ကို အထူးပြု မွမ်းမံထားပါတယ်။ အဲဒီမှာ Google Lens ကို ထောက်ပံ့လာပါတယ်။ ဓါတ်ပုံ အရည်အသွေးဟာလည်း တိုးတက်လာပါတယ်။

Changelog မှာ Oil Painting Effect ကို လျှော့ချထားပါတယ်။ အဲဒီအတွက် ပိုမို ပြတ်သားတဲ့ ဓါတ်ပုံများကို ဖန်တီးပေးပါတယ်။ Open Beta ထည့်သွင်းထားတဲ့ ဖုန်း ပိုင်ရှင်များဟာ မကြာခင်မှာ 253MB OTA Update ကို ရရှိတော့မှာပါ။ Stable ROM ကနေ Beta OxygenOS ကိုလည်း ပြောင်းသုံးနိုင်ပါတယ်။

OnePlus 5 နဲ့ 5T တို့အတွက် ယခုလ ၃ ရက်နေ့မှာ OxygenOS Open Beta အသစ်ကို ဖြန့်ချီပေးခဲ့ပါတယ်။ အဲဒီမှာ UI ကို ပြောင်းလဲထားပါတယ်။ အကောင်းဆုံးကတော့ Project Treble ပါလာတာ ဖြစ်ပါတယ်။ Project Treble ဟာ Android OS အသစ်ထွက်တိုင်း လျှင်မြန်စွာ ရရှိအောင် Google က ဖန်တီးပေးထားတဲ့ နည်းပညာ ဖြစ်ပါတယ်။

Ref : gsmarena

unicode

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

%d bloggers like this: