168 Shares 284 Views

Xiaomi က ဇူလိုင္လ ၂၄ ရက္ေန႔မွာ Mi A2 Lite ကို မိတ္ဆက္မယ္လို႔ အတည္ျပဳ

Jul 18, 2018
168 284

ေရွာင္မီက တြစ္တာအေကာင့္ကေန Mi A2 ရဲ႕ သတင္းအခ်က္အလက္မ်ားကို အရိပ္အျမြက္ ျပသေနပါတယ္။ အခုေတာ့ Mi A2 နဲ႔အတူ Mi A2 Lite ကိုပါ မိတ္ဆက္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ပထမ Tweet မွာ “ 2 is better than 1” လို႔ ေရးသားထားပါတယ္။ ဒုတိယ Tweet မွာ Mi A2 Lite အမည္ကို ေဖာ္ျပထားပါတယ္။

Mi A2 နဲ႔ Lite ရဲ႕ သတင္းအခ်က္အလက္မ်ား အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚေနပါတယ္။ သူတို႔ ႏွစ္လံုးရဲ႕ ကြာျခားခ်က္မ်ားကေတာ့ Lite Version မွာ ၅.၈၄ လက္မ မ်က္ႏွာျပင္နဲ႔ Mi A2 မွာ ၅.၉၉ လက္မ မ်က္ႏွာျပင္မ်ား ပါတာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ အရည္အေသြးမ်ားကေတာ့ တူညီၾကပါတယ္။ အႀကီးမားဆံုး ကြာျခားခ်က္ကေတာ့ Snapdragon 660 Chipset ကို Mi A2 မွာ ထည့္သြင္းထားၿပီး Lite Version မွာေတာ့ Snapdragon 625 Chipset အေဟာင္းသာ ပါပါတယ္။

ကင္မရာ အပိုင္းမွာလည္း Lite Model ရဲ႕ Selfie Camera နဲ႔ Depth Sensing Camera မ်ားဟာ အနည္းငယ္ အားနည္းပါတယ္။ Lite Model ရဲ႕ ေကာင္းတဲ့ အခ်က္က အရြယ္ႀကီး ဘက္ထရီ ထည့္သြင္းထားတာ ျဖစ္ပါတယ္။ ဖုန္း ၂ လံုးစလံုးကို ဇူလိုင္လ ၂၄ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္ၿပီး အဲဒီေနာက္ မၾကာခင္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Ref : gsmarena

unicode

Xiaomi က ဇူလိုင်လ ၂၄ ရက်နေ့မှာ Mi A2 Lite ကို မိတ်ဆက်မယ်လို့ အတည်ပြု

ရှောင်မီက တွစ်တာအကောင့်ကနေ Mi A2 ရဲ့ သတင်းအချက်အလက်များကို အရိပ်အမြွက် ပြသနေပါတယ်။ အခုတော့ Mi A2 နဲ့အတူ Mi A2 Lite ကိုပါ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ပထမ Tweet မှာ “ 2 is better than 1” လို့ ရေးသားထားပါတယ်။ ဒုတိယ Tweet မှာ Mi A2 Lite အမည်ကို ဖော်ပြထားပါတယ်။

Mi A2 နဲ့ Lite ရဲ့ သတင်းအချက်အလက်များ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူတို့ နှစ်လုံးရဲ့ ကွာခြားချက်များကတော့ Lite Version မှာ ၅.၈၄ လက်မ မျက်နှာပြင်နဲ့ Mi A2 မှာ ၅.၉၉ လက်မ မျက်နှာပြင်များ ပါတာ ဖြစ်ပါတယ်။ မျက်နှာပြင် အရည်အသွေးများကတော့ တူညီကြပါတယ်။ အကြီးမားဆုံး ကွာခြားချက်ကတော့ Snapdragon 660 Chipset ကို Mi A2 မှာ ထည့်သွင်းထားပြီး Lite Version မှာတော့ Snapdragon 625 Chipset အဟောင်းသာ ပါပါတယ်။

ကင်မရာ အပိုင်းမှာလည်း Lite Model ရဲ့ Selfie Camera နဲ့ Depth Sensing Camera များဟာ အနည်းငယ် အားနည်းပါတယ်။ Lite Model ရဲ့ ကောင်းတဲ့ အချက်က အရွယ်ကြီး ဘက်ထရီ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဖုန်း ၂ လုံးစလုံးကို ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး အဲဒီနောက် မကြာခင်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

အိႏၵိယမွာ Xiaomi Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈ စတင္ ရရွိ
NEWS, Softwares & Application
0 shares0 views

အိႏၵိယမွာ Xiaomi Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈ စတင္ ရရွိ

Nigma - Mar 19, 2019

Xioami ဟာ Redmi Go အျပင္ Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈကိုလည္း အိႏၵိယမွာ ယေန႔ မိတ္ဆက္ခဲ့ပါတယ္။ Xiaomi ဟာ Mi Play ကို တ႐ုတ္ျပည္တြင္းမွာ ၂၀၁၆ ခုႏွစ္က စတင္ ထုတ္ေပးခဲ့တာ ျဖစ္ၿပီး၊ အိႏၵိယမွာ…

Infinity-V Display နဲ႔ ထြက္ရွိလာတဲ့ Samsung Galaxy A20
Mobiles & Tablets, NEWS, Samsung
102 shares103 views

Infinity-V Display နဲ႔ ထြက္ရွိလာတဲ့ Samsung Galaxy A20

Nigma - Mar 19, 2019

Samsung က လြန္ခဲ့တဲ့လမွာ Galaxy A10, A30 နဲ႔ A50 ဖုန္းေတြကို မိတ္ဆက္ခဲ့ပါတယ္။ ယေန႔မွာေတာ့ A စီးရီးအသစ္ျဖစ္တဲ့ Galaxy A20 ကို ထပ္မံ မိတ္ဆက္လိုက္ျပန္ပါတယ္။ Samsung Galaxy A20 မွာ Galaxy…

Honor 10 Lite ရဲ႕ 3GB/32GB Model ထြက္ရွိ
Android, Huawei, HUBS
105 shares15 views

Honor 10 Lite ရဲ႕ 3GB/32GB Model ထြက္ရွိ

Ko Thuya - Mar 19, 2019

Honor က အိႏၵိယမွာ Honor 10 Lite ရဲ႕ ေမာ္ဒယ္အသစ္ကို ေၾကညာလိုက္ပါတယ္။ သူဟာ 3GB RAM, 32GB Storage ပါတဲ့ တန္ဖိုးနည္း ေမာ္ဒယ္ ျဖစ္ပါတယ္။ မူလေမာ္ဒယ္မွာ 4GB RAM , 64GB…

Leave a Comment

Most from this category