136 Shares 62 Views

အျဖဴေရာင္ Oppo Find X လာမည္

Jul 18, 2018
136 62

ၿပီးခဲ့တဲ့လက Oppo Find X ကို မိတ္ဆက္ခဲ့တဲ့ အခါမွာ စမတ္ဖုန္း နယ္ပယ္မွာ လႈပ္ခတ္မႈႀကီး ျဖစ္ပြားခဲ့ပါတယ္။ သူ႔ရဲ႕ Pop-Up Camera Design က အလန္းစားပါ။ တကယ့္ကို မ်က္ႏွာျပင္ အျပည့္ စမတ္ဖုန္း ျဖစ္ပါတယ္။ သူ႔အတြက္ Bordeaux Red နဲ Glacier Blue အေရာင္မ်ားကို မိတ္ဆက္ခဲ့ပါတယ္။ အခုေတာ့အေရာင္အသစ္တစ္မ်ိဳးကို Oppo က မိတ္ဆက္ေတာ့မယ့္ပံုေပၚပါတယ္။

အျဖဴေရာင္ ေမာ္ဒယ္ရဲ႕ ဓါတ္ပံုမ်ား တရုတ္ မီဒီယာမ်ားကေန ေပါက္ၾကားထြက္ေပၚလာပါတယ္။ အတြင္းပိုင္း အစိတ္အပိုင္းမ်ားကေတာ့ တူညီၾကပါတယ္။ သူ႔ရဲ႕ Specs မ်ားကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။

သူ႔မွာ ကင္မရာမ်ား တပ္ဆင္ထားတဲ့ Notch လည္း မပါပါဘူး။ ကင္မရာမ်ားဟာ မ်က္နွာျပင္ရဲ႕ အထက္မွာ Pop Up အေနနဲ႔ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဒါဟာ စမတ္ဖုန္းမ်ားထဲမွာ ပထမဆံုး ပါ။အေရွ႕ကင္မရာမွာ 3D Facial Scanning နည္းပညာလည္း ပါပါတယ္။ ၆.၄ လက္မ OLED Ful HD+ Display တပ္ဆင္ထားၿပီး Screen to Body Ratio မွာ ၉၂.၂၅ ရာခုိင္ႏႈန္း ျဖစ္ပါတယ္။ လက္ေဗြရာ ကိရိယာေတာ့ မပါပါဘူး။ အေနာက္ဘက္မွာ 16+20MP Camera မ်ား ပါပါတယ္။ အေရွ႕ဘက္မွာ 25MP Camera ထည့္ထားၿပီး 3D AI Selfie မ်ား ရိုက္ကူးႏိုင္ပါတယ္။

Snapdragon 845 Chipset , 8GB RAM , 256GB Storage မ်ား ပါပါတယ္။ ဘက္ထရီက အရြယ္ႀကီးမားတဲ့ 3730mAh ျဖစ္ပါတယ္။ သူ႔မွာ လွ်င္ျမန္စြာ အားသြင္းေပးတဲ့ VOOC နည္းပညာလည္း ပါပါတယ္။ Android 8.1 Oreo အေျချပဳ Color OS 5.1 ထည့္သြင္းထားၿပီး ဥာဏ္ရည္တု နည္းပညာမ်ားစြာ ပါပါတယ္။

Ref : gsmarena

unicode

အဖြူရောင် Oppo Find X လာမည်

ပြီးခဲ့တဲ့လက Oppo Find X ကို မိတ်ဆက်ခဲ့တဲ့ အခါမှာ စမတ်ဖုန်း နယ်ပယ်မှာ လှုပ်ခတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ သူ့ရဲ့ Pop-Up Camera Design က အလန်းစားပါ။ တကယ့်ကို မျက်နှာပြင် အပြည့် စမတ်ဖုန်း ဖြစ်ပါတယ်။ သူ့အတွက် Bordeaux Red နဲ Glacier Blue အရောင်များကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့အရောင်အသစ်တစ်မျိုးကို Oppo က မိတ်ဆက်တော့မယ့်ပုံပေါ်ပါတယ်။

အဖြူရောင် မော်ဒယ်ရဲ့ ဓါတ်ပုံများ တရုတ် မီဒီယာများကနေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အတွင်းပိုင်း အစိတ်အပိုင်းများကတော့ တူညီကြပါတယ်။ သူ့ရဲ့ Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

သူ့မှာ ကင်မရာများ တပ်ဆင်ထားတဲ့ Notch လည်း မပါပါဘူး။ ကင်မရာများဟာ မျက်နှာပြင်ရဲ့ အထက်မှာ Pop Up အနေနဲ့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါဟာ စမတ်ဖုန်းများထဲမှာ ပထမဆုံး ပါ။အရှေ့ကင်မရာမှာ 3D Facial Scanning နည်းပညာလည်း ပါပါတယ်။ ၆.၄ လက်မ OLED Ful HD+ Display တပ်ဆင်ထားပြီး Screen to Body Ratio မှာ ၉၂.၂၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ လက်ဗွေရာ ကိရိယာတော့ မပါပါဘူး။ အနောက်ဘက်မှာ 16+20MP Camera များ ပါပါတယ်။ အရှေ့ဘက်မှာ 25MP Camera ထည့်ထားပြီး 3D AI Selfie များ ရိုက်ကူးနိုင်ပါတယ်။

Snapdragon 845 Chipset , 8GB RAM , 256GB Storage များ ပါပါတယ်။ ဘက်ထရီက အရွယ်ကြီးမားတဲ့ 3730mAh ဖြစ်ပါတယ်။ သူ့မှာ လျှင်မြန်စွာ အားသွင်းပေးတဲ့ VOOC နည်းပညာလည်း ပါပါတယ်။ Android 8.1 Oreo အခြေပြု Color OS 5.1 ထည့်သွင်းထားပြီး ဉာဏ်ရည်တု နည်းပညာများစွာ ပါပါတယ်။

Ref : gsmarena

You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Feb 17, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္

Ko Thuya - Feb 17, 2019

နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…

Leave a Comment

Most from this category