313 Shares 168 Views
Blue Light နဲ့ မျက်လုံးကျန်းမာရေး
Jul 22, 2018
313 168
[Zawgyi]
Smart phones
Fluorescent
[Unicode]
အလင်းရောင်ကို အလင်းလှိုင်းတွေထဲမှာရှိတဲ့ လျှပ်စစ်သံလိုက်အမှုန်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတယ်ဆိုတာ ငယ်ငယ်က သိကြမှာပါ။ ဒီအလင်းလှိုင်းတွေကနေမှ အလင်းစွမ်းအင်တွေကိုပေးပြီး လှိုင်းအလျားတိုလေ စွမ်းအင်ပိုများလေပါပဲ။ လှိုင်းအလျားတွေကိုလိုက်ပြီး အုပ်စုခွဲကြည့်ရင် Gamma rays, x-rays, ခရမ်းလွန်ရောင်ခြည် (UV rays), မျက်စိနဲ့မြင်နိုင်တဲ့အလင်း (Visible Light), အနီအောက်ရောင်ခြည် (Infrared Light) နဲ့ ရေဒီယိုလှိုင်း (radio wave) ဆိုပြီး (၆ မျိုး) တွေ့ရပါတယ်။ (ပုံမှာတစ်ချက်ကြည့်ပါ)
ဒီလိုခြောက်မျိုးရှိတဲ့ထဲကမှ လူတွေရဲ့မျက်စိနဲ့မြင်နိုင်တဲ့အလင်းတန်း တစ်မျိုးပဲရှိပါတယ်။ Visible Light ပါ။ သူ့မှာတော့ ခရမ်း၊ မဲနယ်၊ အပြာ၊ အစိမ်း၊ အဝါ၊ လိမ္မော်နဲ့ အနီဆိုပြီး ရောင်စဉ်၇မျိုးရှိပြီး အဲဒီထဲမှာမှ အပြာရောင် Blue Light က လှိုင်းအလျားအရမ်းတိုတဲ့အတွက် စွမ်းအင်လည်းအရမ်းများပါတယ်။ ဒါကြောင့် ရေရှည်မှာဆိုရင် မျက်လုံးကို အရမ်းထိခိုက်နိုင်ပါတယ်။
ဒါဆို Blue Light ရဲ့ ကောင်းခြင်းဆိုးခြင်းတွေက ဘာတွေလဲ?
Blue Light ဟာ နေရောင်ခြည်၊ Digital Screen (TV, ကွန်ပျူတာ၊ လပ်တော့ပ်၊ စမတ်ဖုန်း၊ တက်ဘလက်) လျှပ်စစ်ပစ္စည်းတွေ မီးသီးမီးချောင်းတွေနဲ့ LED အလင်းရောင်တွေ ဒါတွေအကုန်လုံးကနေ လာပါတယ်။
Smart phones
ဒီဂျစ်တယ် Screen တွေကနေ ရတဲ့ Blue Light ပမာဏက နေကရတဲ့ Blue Light ပမာဏနဲ့ယှဉ်ရင် တကယ်ကိုနည်းနည်းလေးပါပဲ။ ဒါပေမယ့် ဒီ ဒီဂျစ်တယ် Screen နဲ့ အရမ်းနီးနီးကပ်ကပ်မှာနေရတာတွေ အချိန်အကြာကြီးကြည့်ရတာတွေက ရေရှည်မှာပြဿနာရှိပါတယ်။
Fluorescent
Blue Light ရဲ့ကောင်းခြင်းတွေကိုပြောပါဆိုရင်တော့
– Blue Light က စိတ်ဓာတ်စွမ်းအင်ကိုတက်ကြွအောင် လှုံ့ဆော်ပေးနိုင်တယ်၊ မှတ်ဉာဏ်စွမ်းရည်ကိုအထောက်အကူပေးနိုင်တယ်။
– ခန္ဓာကိုယ်ရဲ့ နိုးထဖြစ်စဉ်ကို ပုံမှန်ဖြစ်စေတယ်။ ဒါပေမယ့် နေ့ခင်းပိုင်းမှာရတဲ့ Blue Light ကသာ ဒီ နိုးထဖြစ်စဉ်ကိုပုံမှန်ဖြစ်စေတာပါ။ ညမှာရတဲ့ (ဥပမာ စမတ်ဖုန်း ကွန်ပျူတာတွေရဲ့) Blue Light ကတော့ နိုးထဖြစ်စဉ်ကို  ဒုက္ခရောက်စေပြီး ညအိပ်မပျော်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
– ကလေးတွေမှာတော့ နေရောင်ခြည်အလင်းကိုကောင်းကောင်းမရရင် မျက်လုံးနဲ့အမြင်အာရုံဖွံ့ဖြိုးမှုကို အနှောင့်အယှက်ပေးပါလိ့မ်မယ်။ Blue Light ကိုလုံလုံလောက်လောက်မရရင် အဝေးမှုန်တာထိပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေရောင်ခြည်ရဲ့ Blue Light ကို လုံလုံလောက်လောက်ရဖို့ အရေးကြီးပါတယ်။
shutterstock_130231241.jpg
ဒါပေမယ့် Blue Light နဲ့ထိတွေ့မှုအရမ်းများနေပြီဆိုရင်တော့ ပြဿနာရှိပါပြီ။ ဥပမာ ကွန်ပျူတာ Screen တွေ Digital Device တွေက Blue Light ကတော့ မျက်လုံးကိုက်တာနာတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ Blue Light ကြောင့် မျက်လုံးခြောက်ပြီးစပ်တာတွေ၊ ဘာမှမလုပ်ရင်တောင် စိတ်ပင်ပန်းကိုယ်ပင်ပန်းဖြစ်နေတာတွေ၊ ညအိပ်မပျော်တာတွေ ၊ မျက်လုံးမှုန်ဝါးတာတွေဖြစ်စေနိုင်ပါတယ်။ Blue Light နဲ့ထိတွေ့မှုအချိန်ကြာလာတာနဲ့အမျှ မျက်ကြည်လွှာဆဲလ်တွေကိုပါ ထိခိုက်လာပြီး မျက်လုံးမှုန်တာကနေ အဆိုးဆုံးအခြေအနေထိပါ ဖြစ်လာနိုင်ပါတယ်။
Blue Light ကနေ မျက်လုံးကိုဘယ်လိုကာကွယ်မလဲ?
– မျက်လုံးကို Blue Light ကနေကာကွယ်ချင်ရင်တော့ ဖုန်းကွန်ပျူတာသုံးတဲ့အချိန်တွေကို လျှော့ချပစ်ပါ။ လျှော့လို့မရဘူးဆိုရင်တော့ သုံးနေတဲ့အချိန်မှာ မျက်လုံးကို ခဏခဏအနားပေးပါ။
– စမတ်ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာ Screen တွေအတွက် Screen Filter တွေရှိပါတယ်။ ဒါတွေကပ်လိုက်ရင်တော့ ဒီပစ္စည်းတွေကနေ မျက်လုံးဆီ Blue Light ရောက်တဲ့နှုန်းလျော့နည်းသွားပါလိမ့်မယ်။
– အဝါရောင် Lens လေးတွေပါတဲ့ ကွန်ပျူတာကြည့်မျက်မှန်တွေက ကွန်ပျူတာကထွက်လာတဲ့ Blue Light ကို ကာကွယ်ပေးနိုင်တဲ့အတွက် မျက်လုံးကိုက်တာမျိုးတွေတော့ သက်သာပါလိမ့်မယ်။
0 0 1 29 164 TOC TOC COMMUNICATIONS INC. 1 1 192 14.0 Normal 0 21 false false false EN-US JA X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:"Tableau Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:""; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin:0cm; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:12.0pt; font-family:Cambria; mso-ascii-font-family:Cambria; mso-ascii-theme-font:minor-latin; mso-hansi-font-family:Cambria; mso-hansi-theme-font:minor-latin;} Nearly 70% of adults who report regular usage of media devices experienced some symptoms of digital eyestrain, but many did nothing to lessen their discomfort mainly due to lack of knowledge.
အဓိကကတော့ ညဘက်မအိပ်ခင် ဖုန်းကွန်ပျူတာတွေ တတ်နိုင်သလောက်လျှော့သုံးဖို့ပါပဲ။ ဒါကစမတ်ဖုန်းတွေပေါများလာတဲ့ဒီနေ့ခေတ်မှာ သတိထားရမယ့်အချက်ပါပဲ။ ညဘက်မှာရတဲ့ Blue Light က ပုံမှန်အိပ်စက်ခြင်းကိုဖြစ်စေတဲ့ မယ်လတိုနင်ဟော်မုန်းတွေကို နည်းသွားစေတဲ့အတွက် ညဘက်အိပ်မပျော်တာတွေအပြင် ဟားဗတ်သုတေသီတွေရဲ့ တွေ့ရှိချက်အရဆိုရင် ပြင်းထန်တဲ့ (ရင်သား၊ဆီးကျိတ်)ကင်ဆာတွေ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါတွေနဲ့ စိတ်ဓာတ်ကျတာမျိုးတွေထိပါဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
ကျန်းမာရေးရှုထောင့်ကကြည့်ရင် ဒီဂျစ်တယ် Blue Light တွေက တော်တော်ဆိုးဝါးတဲ့အတွက် တတ်နိုင်သလောက်ရှောင်ကြဖို့နဲ့ ညညဆို အိပ်မပျော်ဘူးဆိုတဲ့သူတွေအတွက် ဖုန်းမသုံးဘဲစောစောအိပ်ကြဖို့တိုက်တွန်းလိုက်ရင်း ကျန်းမာရေးကို ကောင်းကောင်းဂရုစိုက်နိုင်တဲ့သူတွေဖြစ်နိုင်ကြပါစေ။
You may be interested
အိန္ဒိယမှာ Xiaomi Mi Pay ငွေပေးချေဝန်ဆောင်မှု စတင် ရရှိ
NEWS, Softwares & Application
0 shares0 views
အိန္ဒိယမှာ Xiaomi Mi Pay ငွေပေးချေဝန်ဆောင်မှု စတင် ရရှိ
Nigma - Mar 19, 2019
Xioami ဟာ Redmi Go အပြင် Mi Pay ငွေပေးချေဝန်ဆောင်မှုကိုလည်း အိန္ဒိယမှာ ယနေ့ မိတ်ဆက်ခဲ့ပါတယ်။ Xiaomi ဟာ Mi Play ကို တရုတ်ပြည်တွင်းမှာ ၂၀၁၆ ခုနှစ်က စတင် ထုတ်ပေးခဲ့တာ ဖြစ်ပြီး၊ အိန္ဒိယမှာ…
Infinity-V Display နဲ့ ထွက်ရှိလာတဲ့ Samsung Galaxy A20
Mobiles & Tablets, NEWS, Samsung
102 shares103 views
Infinity-V Display နဲ့ ထွက်ရှိလာတဲ့ Samsung Galaxy A20
Nigma - Mar 19, 2019
Samsung က လွန်ခဲ့တဲ့လမှာ Galaxy A10, A30 နဲ့ A50 ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ ယနေ့မှာတော့ A စီးရီးအသစ်ဖြစ်တဲ့ Galaxy A20 ကို ထပ်မံ မိတ်ဆက်လိုက်ပြန်ပါတယ်။ Samsung Galaxy A20 မှာ Galaxy…
Honor 10 Lite ရဲ့ 3GB/32GB Model ထွက်ရှိ
Android, Huawei, HUBS
105 shares15 views
Honor 10 Lite ရဲ့ 3GB/32GB Model ထွက်ရှိ
Ko Thuya - Mar 19, 2019
Honor က အိန္ဒိယမှာ Honor 10 Lite ရဲ့ မော်ဒယ်အသစ်ကို ကြေညာလိုက်ပါတယ်။ သူဟာ 3GB RAM, 32GB Storage ပါတဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပါတယ်။ မူလမော်ဒယ်မှာ 4GB RAM , 64GB…
Leave a Comment
Most from this category