0 Shares 2058 Views

iPhone X ရဲ႕ Animojis ကို Android Phone တိုင္းမွာ ဘယ္လို သံုးမလဲ ?

Jul 17, 2018
0 2058

Apple က iPhone X မွာ Augemted Reality နဲ႔ Truedepth Camera နည္းပညာကို အသံုးျပဳထားတဲ့ Animojis လုပ္ေဆာင္ခ်က္ကို မိတ္ဆက္ခဲ့ပါတယ္။ Animojis ဟာ လူ႔မ်က္ႏွာ အမူအရာနဲ႔ လႈပ္ရွားမႈအတိုင္း Emoji မ်ားက တုပ ျပဳမူေပးျခင္း ျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာ ထုတ္လုပ္တဲ့ စြမ္းရည္ျမင့္ အန္းဒရြိဳက္ဖုန္းမ်ားမွာလည္း ဒီလုပ္ေဆာင္ခ်က္မ်ိဳး ထည့္ေပးထားပါတယ္။ ဒါေပမယ့္ ဒီလုပ္ေဆာင္ခ်က္ကို အန္းဒရြိဳက္ ဖုန္းတိုင္းမွာ အသံုးျပဳႏုိင္မယ့္ App တစ္ခု ေပၚလာပါၿပီ။

Supermoji

Supermoji ဟာ Android မွာ iPhone X ရဲ႕ Animojies လုပ္ေဆာင္ခ်က္ကို ပံ့ပိုးေပးနုိင္ပါတယ္။ သူ႔မွာလည္း Filters နဲ႔ Masks မ်ား ပါပါတယ္။ ဒါေပမယ့္ Apple iPhone X မွာ 3D Recognition System ကို အသံုးျပဳ၍ Animojis ကို ဖန္တီးထားတဲ့အတြက္ Android မွာေတာ့ Supermoji ဟာ သူ႔ေလာက္ စြမ္းရည္ျမင့္မားျခင္း မရွိပါဘူး။ Supermoji မွာ Masks နဲ႔ Effects မ်ားပါတဲ့ Snapchat နဲ႔ အျခား Apps မ်ားမွာလို Augmented Reality System ကို အသံုးျပဳထားပါတယ္။ ရလဒ္က အလြန္ မေကာင္းေပမယ့္ ေပ်ာ္ရႊင္ေစမွာ ေသခ်ာပါတယ္။

Supermoji ကို ဖြင့္ရင္ Background, Supermoji နဲ႔ Effects စတဲ့ Tab ၃ ခု ေတြ႔ရပါတယ္။ ပထမဆံုး Background Tab မွာ အေရာင္နဲ႔ ေနာက္ခံ Pattern ကို ေရြးခ်ယ္ႏုိင္ပါတယ္။ ေနာက္ခံကို ဖ်က္ခ်င္ရင္ ဖ်က္ႏုိင္ၿပီး အျခား ႏွစ္သက္တဲ့ ဓါတ္ပံုတစ္ခုကို ထည့္သြင္းႏုိင္ပါတယ္။

ေနာက္ Tab ကေတာ့ Supermoji ျဖစ္ၿပီး သင္နွစ္သက္တဲ့ Emoji ကို ေရြးခ်ယ္ႏုိင္ပါတယ္။ လက္ရွိမွာ ပန္ဒါ၀က္၀ံ၊ အုန္းသီး၊ ေၾကာင္၊ ၿဂိဳလ္သား၊ ေခြးနဲ႔ ၾကက္မ်ားကို ေရြးခ်ယ္ႏိုင္ပါတယ္။

ေနာက္ဆံုး Tab မွာ မီးေတာက္မ်ား ပါးစပ္ကေန ထြက္လာျခင္း၊ ေအးျမတဲ့ ေဆာင္းရာသီ၊ မိုးရြာတဲ့ ရာသီတို႔လို Effects မ်ားကို ေရြးခ်ယ္ႏုိင္ပါတယ္။

Supermoji ကို သံုးေနစဥ္ အေရွ႕နဲ႔ အေနာက္ ကင္မရာမ်ားကေန ဓါတ္ပံုနဲ႔ ဗီဒီယိုမ်ား ရိုက္ကူးႏုိင္ပါတယ္။ အဲဒီေနာက္မွာ သင္ဖန္တီးထားတဲ့ လႈပ္ရွားသက္၀င္တဲ့ Emoji မ်ားကို သူငယ္ခ်င္းမ်ားထံ မွ်ေ၀ျခင္း၊ ဖုန္းတြင္ သိမ္းဆည္းျခင္းမ်ားကို ျပဳလုပ္ႏုိင္ပါတယ္။

Supermoji ဟာ Apple Animoji ေလာက္ေတာ့ စြမ္းေဆာင္ရည္ မျမင့္မားေပမယ့္ အသံုးျပဳရတာ လြယ္ကူၿပီး ေပ်ာ္စရာေကာင္းတဲ့ အခိုက္အတန္႔မ်ားကို ပိုင္ဆိုင္ရမွာပါ။ ေအာက္ပါ လင့္ကေန သူ႔ကို ရယူနိုင္ပါတယ္။

Download

Ref: techviral

unicode

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?

Apple က iPhone X မှာ Augemted Reality နဲ့ Truedepth Camera နည်းပညာကို အသုံးပြုထားတဲ့ Animojis လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါတယ်။ Animojis ဟာ လူ့မျက်နှာ အမူအရာနဲ့ လှုပ်ရှားမှုအတိုင်း Emoji များက တုပ ပြုမူပေးခြင်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ထုတ်လုပ်တဲ့ စွမ်းရည်မြင့် အန်းဒရွိုက်ဖုန်းများမှာလည်း ဒီလုပ်ဆောင်ချက်မျိုး ထည့်ပေးထားပါတယ်။ ဒါပေမယ့် ဒီလုပ်ဆောင်ချက်ကို အန်းဒရွိုက် ဖုန်းတိုင်းမှာ အသုံးပြုနိုင်မယ့် App တစ်ခု ပေါ်လာပါပြီ။

Supermoji

Supermoji ဟာ Android မှာ iPhone X ရဲ့ Animojies လုပ်ဆောင်ချက်ကို ပံ့ပိုးပေးနိုင်ပါတယ်။ သူ့မှာလည်း Filters နဲ့ Masks များ ပါပါတယ်။ ဒါပေမယ့် Apple iPhone X မှာ 3D Recognition System ကို အသုံးပြု၍ Animojis ကို ဖန်တီးထားတဲ့အတွက် Android မှာတော့ Supermoji ဟာ သူ့လောက် စွမ်းရည်မြင့်မားခြင်း မရှိပါဘူး။ Supermoji မှာ Masks နဲ့ Effects များပါတဲ့ Snapchat နဲ့ အခြား Apps များမှာလို Augmented Reality System ကို အသုံးပြုထားပါတယ်။ ရလဒ်က အလွန် မကောင်းပေမယ့် ပျော်ရွှင်စေမှာ သေချာပါတယ်။

Supermoji ကို ဖွင့်ရင် Background, Supermoji နဲ့ Effects စတဲ့ Tab ၃ ခု တွေ့ရပါတယ်။ ပထမဆုံး Background Tab မှာ အရောင်နဲ့ နောက်ခံ Pattern ကို ရွေးချယ်နိုင်ပါတယ်။ နောက်ခံကို ဖျက်ချင်ရင် ဖျက်နိုင်ပြီး အခြား နှစ်သက်တဲ့ ဓါတ်ပုံတစ်ခုကို ထည့်သွင်းနိုင်ပါတယ်။

နောက် Tab ကတော့ Supermoji ဖြစ်ပြီး သင်နှစ်သက်တဲ့ Emoji ကို ရွေးချယ်နိုင်ပါတယ်။ လက်ရှိမှာ ပန်ဒါဝက်ဝံ၊ အုန်းသီး၊ ကြောင်၊ ဂြိုလ်သား၊ ခွေးနဲ့ ကြက်များကို ရွေးချယ်နိုင်ပါတယ်။

နောက်ဆုံး Tab မှာ မီးတောက်များ ပါးစပ်ကနေ ထွက်လာခြင်း၊ အေးမြတဲ့ ဆောင်းရာသီ၊ မိုးရွာတဲ့ ရာသီတို့လို Effects များကို ရွေးချယ်နိုင်ပါတယ်။

Supermoji ကို သုံးနေစဉ် အရှေ့နဲ့ အနောက် ကင်မရာများကနေ ဓါတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူးနိုင်ပါတယ်။ အဲဒီနောက်မှာ သင်ဖန်တီးထားတဲ့ လှုပ်ရှားသက်ဝင်တဲ့ Emoji များကို သူငယ်ချင်းများထံ မျှဝေခြင်း၊ ဖုန်းတွင် သိမ်းဆည်းခြင်းများကို ပြုလုပ်နိုင်ပါတယ်။

Supermoji ဟာ Apple Animoji လောက်တော့ စွမ်းဆောင်ရည် မမြင့်မားပေမယ့် အသုံးပြုရတာ လွယ်ကူပြီး ပျော်စရာကောင်းတဲ့ အခိုက်အတန့်များကို ပိုင်ဆိုင်ရမှာပါ။ အောက်ပါ လင့်ကနေ သူ့ကို ရယူနိုင်ပါတယ်။

Download

Ref: techviral

You may be interested

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ
NEWS, Science, Tech Update
0 shares9 views

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ

Ko Thuya - Jun 26, 2019

အေမရိကန္ အစားအစာနဲ႔ ေဆး၀ါး ကြပ္ကဲမႈဌာနက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အမ်ိဳးသမီးမ်ားရဲ႕ လိင္စိတ္ဆႏၵကို ျမွင့္တင္ေပးတဲ့ ေဆး၀ါး အသစ္တစ္ခုကို ခြင့္ျပဳလိုက္ပါတယ္။ ေဆးရဲ႕ အမည္က Vyleesi ျဖစ္ၿပီး Bremelanotide လို႔လည္း သိၾကပါတယ္။ လိင္စိတ္ဆႏၵ နည္းပါးေနတဲ့ အမ်ိဳးသမီးမ်ားကို ကူညီေပးႏုိင္မွာ…

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာလိုက္ပါတယ္။ အရင္ကလည္း ဖုန္း ၄၉ လံုးကို ေၾကညာခဲ့ၿပီးပါၿပီ။ အဲဒီ ၄၉ လံုးဟာလည္း Incremental Update ကို ရရွိမွာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန္တီးေနတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန္တီးေနတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ္ေဆာင္းက Gaming Phone တစ္လံုးကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုလည္း အဲဒီ သတင္းဟာ မတူညီတဲ့ အျခား တစ္ေနရာက ထြက္ေပၚလာပါတယ္။ Ice Universe က ၀ီဘိုမွာ ဒီသတင္းကို ဖြလိုက္တာ ျဖစ္ပါတယ္။ ဆမ္ေဆာင္းက…

Leave a Comment

Most from this category